Tuesday, January 8, 2013

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်း တိုးမြှင့်လာ မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွား

Photo: ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်း တိုးမြှင့်လာ မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွား
Tuesday, January 08, 2013

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်း တိုးမြှင့်လာ မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ၎င်း ဆန္ဒပြသူ များအား ဖြိုခွင်းရန် အတွက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့မှ ရော်ဘာ ကျည်များနှင့် မျက်ရည်ယို ဗုံးများအား အသုံး ပြုခဲ့ကြောင်း သိရှိ ရပါသည်။

ယခင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ ဦးဆောင်သည့် အတိုက်အခံ ပါတီ ၁၈ ခု ပါဝင်သော မဟာမိတ် အဖွဲ့ကြီးသည် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဆန္ဒပြမှု ပြုလုပ် ခဲ့ပါသည်။ ဘင်္ဂလား ဒေ့ရှ် အစိုးရမှ လောင်စာဆီ ဈေးနှုန်း ၉ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ဇန်နဝါရီလ ၆ ရက်နေ့တွင် ကြေညာခဲ့ပြီး ၎င်းဈေးနှုန်း မြင့်တက်မှုမှာ ၂ဝဝ၉ ခုနှစ်မှ စ၍ လောင်စာဆီ ဈေးနှုန်း တိုးမြှင့်မှု၏ ၅ ကြိမ်မြောက် ဖြစ်ကြောင်း သိရှိ ရပါသည်။ 

အဆိုပါ ဆန္ဒပြသူ များသည် လက်လုပ်ဗုံး ဒါဇင်ကျော်ဖြင့် ဒါကာ မြို့လယ်တွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး ယာဉ် ၆ စီး မီးလောင် ကျွမ်းခဲ့ကြောင်း သိရှိ ရပါသည်။ အဆိုပါ တိုက်ခိုက်မှုအား နှိမ်နင်းရန် အတွက် ဆန္ဒပြသူ များအား ရော်ဘာကျည်နှင့် မျက်ရည်ယို ဗုံးများ အသုံးပြုခဲ့ ရကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြား ခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှု များတွင် အနည်းဆုံး လူ ၂၅ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရ ပါသည်။

မြ၀တီ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်း တိုးမြှင့်လာ မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ၎င်း ဆန္ဒပြသူ များအား ဖြိုခွင်းရန် အတွက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့မှ ရော်ဘာကျည်များနှင့် မျက်ရည်ယို ဗုံးများ အားအသုံး ပြုခဲ့ကြောင်း သိရှိ ရပါသည်။
ယခင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ ဦးဆောင်သည့် အတိုက်အခံ ပါတီ ၁၈ ခု ပါဝင်သော မဟာမိတ် အဖွဲ့ကြီးသည် ဇန်နဝါရီလ ၆ ရက်နေ့ တွင် ဆန္ဒပြမှု ပြုလုပ် ခဲ့ပါသည်။ ဘင်္ဂလား ဒေ့ရှ် အစိုးရ မှ လောင်စာဆီ ဈေးနှုန်း ၉ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ဇန်နဝါရီလ ၆ ရက်နေ့တွင် ကြေညာခဲ့ပြီး ၎င်းဈေးနှုန်း မြင့်တက်မှုမှာ ၂ဝဝ၉ ခုနှစ်မှ စ၍ လောင်စာဆီ ဈေးနှုန်း တိုးမြှင့်မှု၏ ၅ ကြိမ်မြောက် ဖြစ်ကြောင်း သိရှိ ရပါသည်။

အဆိုပါ ဆန္ဒပြသူများသည် လက်လုပ်ဗုံး ဒါဇင်ကျော်ဖြင့် ဒါကာ မြို့လယ်တွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံးယာဉ် ၆ စီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ တိုက်ခိုက်မှုအား နှိမ်နင်းရန် အတွက်ဆန္ဒပြသူများအား ရော်ဘာကျည်နှင့် မျက်ရည်ယိုဗုံးများအသုံးပြုခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြားခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှု များတွင် အနည်းဆုံး လူ ၂၅ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရ ပါသည်။

မြ၀တီ

No comments:

Post a Comment