Friday, January 18, 2013

နေပြည်တော် ဇန်န၀ါရီ ၁၈ ရက်ကချင်စစ်အရေး လွှတ်တော်တွင် အရေးကြီးအဆိုတင်


ကချင်ပြည်နယ်တွင်းဖြစ်ပွားလက်ရှိသောကေအိုင်အို၊ကေအိုင်အေနှင့်အစိုးရတပ်များအကြား အပစ်အခတ် ချက်ချင်းရပ်စဲရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု အမြန်ဆုံးရရှိဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်တွင်အရေး ကြီးအဆိုအဖြစ် ကချင်ပြည်နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဒွဲဘူက တင်သွင်း လိုက်သည်။

ယင်းအဆိုကို ပြည်သူ့လွှတ်ဥက္ကဌ သူရဦးရွှေမန်း က ' ဒီတင်ပြချက် အဆိုဟာ အင်မတန်မှန်တဲ့ အဆိုဖြစ်ဖြစ်တယ်၊ဒါကြောင့် ဒီအဆိုကို ကျနော်အနေနဲ့ လက်ခံဖို့လွှတ်တော်ကိုတင်ပြဖို့ လက်ခံလိုက် တာ ဖြစ်ပါတယ်၊အင်မတန်ကောင်းမွန်တဲ့ အဆို ဖြစ်တဲ့အတွက် သီးခြားဆွေးနွေးရန်ဖိတ်ခေါ်ခြင်း မလုပ်တော့ပါဘူး၊တခါတည်းဆုံးဖြတ်ဖို့ လွှတ်တော်ကိုတင်ပြပါတယ်" ဟု ပြောကြားပြီး အဆုံးအဖြတ်ယူ ကာလွှတ်တော်ကထောက်ခံသဖြင့် အတည်ပြုလိုက်ကြောင်းသိရသည်။

ကချင် စစ်အရေးနှင့် ပတ်သတ်၍ ယခုကျင်းပသောလွှတ်တော်အစည်းအဝေးတွင် နှစ်ကြိမ်မြောက်တင် သွင်းခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒုတိယနေ့အစီစဉ်တွင် ဦးသိန်းဇော်မှ ပထမတကြိမ်တင်သွင်း ခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment