Friday, January 18, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeli Bin Mohd Zin မှ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆို

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeli Bin Mohd Zin မှ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆို
Friday, January 18, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeli Bin Mohd Zinမှ ဂုဏ်ပြု ကြိုဆိုခြင်း အခမ်း အနားကို ဇန်နဝါရီ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် မလေးရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဌာန၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြု ကြိုဆိုပွဲ အခမ်း အနားသို့ တက်ရောက်ရန် ကာကွယ်ရေး ဝန်ကြီး ဌာနသို့ ရောက်ရှိရာ မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (လေ)တို့ နှင့်အတူ ခင်မင် ရင်းနှီးစွာ ခရီးဦး ကြိုဆို နှုတ်ဆက်ပြီး အလေးပြုခံ စင်မြင့်သို့ သွားရောက် နေရာယူကာ ဂုဏ်ပြု တပ်ဖွဲ့၏ အလေး ပြုခြင်းကို ခံယူကြသည်။

ထိုအချိန်တွင် မလေးရှား တပ်မတော် စစ်တီးဝိုင်းမှ ဂုဏ်ပြု တီးမှုတ်သည်။ ယင်းနောက် တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေးကြပြီး ဂုဏ်ပြု ကြိုဆိုပွဲ တက်ရောက်ကြ သူများနှင့် အပြန်အလှန် မိတ်ဆက် ကြသည်။

အဆိုပါ ဂုဏ်ပြု ကြိုဆိုပွဲ အခမ်း အနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ အဖွဲ့ဝင် တပ်မတော် အရာရှိ ကြီးများနှင့် မလေးရှား နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သံအမတ်ကြီး ဦးတင်လတ်တို့ တက်ရောက် ကြပြီး မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ မလေးရှား တပ်မတော်မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဧည့်ခန်းဆောင်၌ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် အဆင့်မြှင့် ပူးပေါင်း ဆက်ဆံရေး၊ လေ့ကျင့်ရေး ကိစ္စရပ်များ လန်ကာဝီ ကျွန်းတွင် ကျင်းပ သော အပြည်ပြည် ဆိုင်ရာ ရေတပ်၊ လေတပ် ဆိုင်ရာ သရုပ်ပြပွဲသို့ တပ်မတော် (ရေ/လေ)မှ ကိုယ်စားလှယ်များ စေလွှတ်ရေး ကိစ္စရပ် များအား ဆွေးနွေးပြီး ဧည့်သည်တော် မှတ်တမ်း စာအုပ် တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးကာ အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မလေးရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးအား ဝန်ကြီးရုံး ဧည့်ခန်း ဆောင်၌ တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဆေးပညာနှင့် သက်ဆိုင်သည့် လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ လန်ကာဝီ ကျွန်းတွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ ရေတပ်၊ လေ တပ် ပြပွဲသို့ မြန်မာ့ တပ်မတော်မှ တက်ရောက်ရေး ကိစ္စရပ် များအား ဆွေးနွေး ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧည့် သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးပြီး အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ကာကွယ်ရေး ဝန်ကြီးအား လက်ဆောင် ပေးအပ်ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိ ကြီးများနှင့် မလေးရှား နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သံအမတ်ကြီး ဦးတင်လတ်တို့ တက်ရောက် ခဲ့ပြီး မလေးရှား နိုင်ငံမှ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အရာရှိ ကြီးများ တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှား နိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeli Bin Mohd Zinမှ ဂုဏ်ပြု ကြိုဆိုခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်၊ နေ့လယ် ပိုင်းတွင် မလေးရှား နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်ရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ ရောက်ရှိရာမလေးရှား နိုင်ငံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ဒုတိယကာကွယ်ရေး ဦးစီးချုပ်(လေ)တို့ နှင့်အတူ ခင်မင်ရင်းနှီးစွာခရီးဦးကြိုဆို နှုတ်ဆက်ပြီးအလေးပြုခံစင်မြင့်သို့ သွားရောက်နေရာယူကာဂုဏ်ပြုတပ်ဖွဲ့၏ အလေး ပြုခြင်းကိုခံယူကြသည်။

ထိုအချိန်တွင်မလေးရှား တပ်မတော်စစ်တီးဝိုင်းမှ ဂုဏ်ပြုတီးမှုတ်သည်။ ယင်းနောက်တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မလေးရှား နိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြပြီးဂုဏ်ပြုကြိုဆိုပွဲတက်ရောက်ကြသူများနှင့် အပြန်အလှန် မိတ်ဆက် ကြသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူအဖွဲ့ဝင်တပ်မတော် အရာရှိကြီးများနှင့် မလေးရှား နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သံအမတ်ကြီး ဦးတင်လတ်တို့တက်ရောက်ကြပြီး မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မလေးရှား တပ်မတော်မှ တပ်မတော်အရာရှိကြီးများ တက်ရောက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် မလေးရှား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဧည့်ခန်းဆောင်၌ မလေးရှာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အဆင့်မြှင့် ပူးပေါင်းဆက်ဆံရေး၊ လေ့ကျင့်ရေး ကိစ္စရပ်များ လန်ကာဝီကျွန်းတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ရေတပ်၊ လေတပ်ဆိုင်ရာသရုပ်ပြပွဲသို့ တပ်မတော် (ရေ/လေ)မှ ကိုယ်စားလှယ်များ စေလွှတ်ရေးကိစ္စရပ်များအား ဆွေးနွေးပြီးဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးကာ အထိမ်းအမှတ်တံဆိပ်များအပြန်အလှန် လဲလှယ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မလေး ရှားနိုင်ငံကာကွယ်ရေးဝန်ကြီးအားဝန်ကြီးရုံး ဧည့်ခန်း ဆောင်၌ တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဆေးပညာနှင့်သက်ဆိုင်သည့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ လန်ကာဝီကျွန်းတွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ရေတပ်၊ လေတပ် ပြပွဲသို့ မြန်မာ့တပ်မတော်မှ တက်ရောက်ရေးကိစ္စရပ်များအား ဆွေးနွေးကြသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးပြီး အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ်ကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ကာကွယ်ရေးဝန်ကြီးအား လက်ဆောင်ပေးအပ်ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိ ကြီးများနှင့် မလေးရှား နိုင်ငံ ဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးတင်လတ်တို့တက်ရောက်ခဲ့ပြီး မလေးရှား နိုင်ငံမှ မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အရာရှိကြီးများ တက်ရောက် ခဲ့ကြကြောင်းသတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment