Tuesday, January 8, 2013

လေးကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာ တိုက်စစ်မှုး ရရှိ

Photo

လေးကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Lionel Messi (လိုင်ယွန်နယ် မက်ဆီ) ရရှိ ဇန်န၀ါရီလ ၇ ရက်နေ့မှာ ဘာစီလိုနာ တိုက်စစ်မှုး အာဂျင်တီးနားသား လိုင်ယွန်နယ် မက်ဆီ ( Lionel Messi ) က ၂၀၁၂ နှစ် ဖီဖာဘောလုံးအဖွဲ့ချုပ်ရဲ့ စတုတ္ထအကြိမ်မြောက် အကောင်းဆုံး ဘောလုံးသမားဆု (FIFA Ballon d’Or) ကို ရရှိသွားပြီး ဆွီဇာလန်မှာ ဆုကို လက်ခံရယူခဲ့ပါ
တယ်။ ပေါ်တူဂီ တိုက်စစ်မှုး ခရစ်စတီယာနို ရိုနယ်ဒို (Cristiano Ronaldo )က
ဒုတိယ နဲ့ စပိန်အလယ်တန်းလူ အင်နီယေစတာ (Iniesta) က တတိယနေရာမှာ လိုက်ခဲ့ပါတယ်။ မက်ဆီ က ၂၀၁၂ နှစ် ဘောလုံးရာသီမှာ စုစုပေါင်း ၉၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဖီဖာအကောင်းဆုံးဆုကို ပြင်သစ်မှ ဇီဒန်း (Zinedine Zidane) နဲ့ ဘရာဇီးမှ Ronaldo တို့က ၃ ကြိမ်စီ ရဖူးပေမဲ့ မက်ဆီက ယခုအခါ ပြိုင်ဖက်မရှိ လေးကြိမ်မြောက် ရရှိသွားပါတယ်။ ဒီတကြိမ် FIFA Ballon d’Or ဆုအတွက် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မက်ဆီက ၄၁.၆၀% ၊ ရိုနယ်ဒို က ၂၃.၆၈% နဲ့ အင်နီယေစတာက ၁၀.၉၁ % အသီးသီးရကြတယ်လို့ သိရပါတယ်။ 

Ref : Bloomberg News

No comments:

Post a Comment