ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ထဲမှာရှိတဲ့ ကာလာအိုကေ ဆိုင် တခုမှာရောင်းစားခံထားရတဲ့ မြန်မာ မိန်းကလေးတွေကို ထိုင်း အာဏာ ပိုင်တွေနဲ့
လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ယမန်နေ့ ဇန်န၀ါရီလ ၇
ရက်နေ့က ကယ်တင်လိုက်တယ်လို့ ထိုင်း ရုပ်သံ က ကြေငြာပါတယ်။ လတ်တလောမှာတော့ ကယ်တင်ထားတဲ့ မိန်းကလေးတွေကို ထိန်းသိမ်းထားပြီး ဆိုင်ပိုင်ရှင်ကို အရေးယူဖို့ ထိုင်း အာဏာပိုင်တွေကဆောင်ရွက်နေပါတယ်။
ထိုင်းအာဏာပိုင်တွေ ကယ်တင်လိုက်တဲ့ မိန်းကလေးတွေ ထဲမှာအသက် ၁၈ နှစ် မပြည့်တဲ့ သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီ

No comments:
Post a Comment