Tuesday, January 1, 2013

အီရန်နိုင်ငံမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တူရကီ၊ အာမေးနီးယားနှင့် အီရတ်နိုင်ငံ များသို့ တင်ပို့ ရောင်းချလျက် ရှိ

အီရန် နိုင်ငံ၏  သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု ပမာဏသည် ၂ဝ၁၅ ခုနှစ်တွင် ၂ ဆခန့် တိုးတက်လာမည် ဟု အီရန်နိုင်ငံ ရေနံဝန်ကြီး Rostam Qasemi က ဒီဇင်ဘာလ ၂၉ ရက် နေ့တွင် ပြောကြားခဲ့သည်ဟု PressTV သတင်းဌာနက ဖော်ပြခဲ့ပါသည်။

အီရန်နိုင်ငံသည် လာမည့် ၃ နှစ်တာကာလ အတွင်းတွင် တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁.၄ ဘီလီယံ အထိ ထုတ်လုပ် သွားနိုင်မည်ဟု Qasemi က ပြောကြား ခဲ့ပါသည်။ အီရန်နိုင်ငံမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တူရကီ၊ အာမေးနီးယားနှင့် အီရတ်နိုင်ငံ များသို့ တင်ပို့ ရောင်းချလျက် ရှိပါသည်။ 

အီရန်၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တင်ပို့ ရောင်းချမှုများ အပေါ်တွင် အမေရိကန် နိုင်ငံနှင့် ဥရောပ သမဂ္ဂတို့က တစ်ဖက်သတ် ပိတ်ပင်တားဆီး မှုများကို လွန်ခဲ့သော နှစ်များ အတွင်းကပင် ပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။ အီရန်နိုင်ငံ၏ နျူကလီးယား လက်နက် စက်ရုံများသည် အရပ်ဘက်သုံး နျူကလီးယား စက်ရုံများ ပုံစံ ပြုလုပ်ထားကြောင်း အနောက် နိုင်ငံများမှ စွပ်စွဲပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

http://www.myawady.com.mm/allnews/global/item/3224-2012-12-31-16-11-48

No comments:

Post a Comment