Tuesday, January 1, 2013

ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အဆုံးသတ်မည့် အစီအစဉ်သစ် ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ် ငြိမ်းချမ်းရေး သံတမန်က ယုံကြည်
 
ဆီးရီးယား နိုင်ငံအတွင်း ၂၁ လကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အား အဆုံးသတ်မည့် အစီအစဉ်သစ် တစ်ရပ်အား နိုင်ငံတကာ အသိုက်အဝန်းမှ လက်ခံ လိမ့်မည်ဟု မိမိ အနေဖြင့် ယုံကြည်ပါကြောင်း ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ် ငြိမ်းချမ်းရေး သံတမန် Lakhdar Brahimi က ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း အီဂျစ် သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။

မိမိ အနေဖြင့် အဆိုပါ အစီအ စဉ်သစ်နှင့် ပတ်သက်၍ ရုရှား၊ ဆီးရီးယား နိုင်ငံတို့နှင့် ဆွေးနွေး ခဲ့ကြောင်း၊ အစီအစဉ်ပါ အဆိုပြုချက်အား နိုင်ငံတကာ အသိုက် အဝန်းမှ ဆုံးဖြတ်ချက် ချလိမ့်မည်ဟု ယုံကြည်ထားကြောင်း ကိုင်ရိုမြို့တွင် ပြုလုပ်သော အာရပ်အဖွဲ့ချုပ် အကြီးအကဲ Nabil al- Arabi နှင့် တွေ့ဆုံပွဲ ပြီးနောက် Brahimi က ပြောကြားခဲ့ပါသည်။ 

၎င်း အစီအစဉ်သစ်သည် ပါလီမန်နှင့် သမ္မတ ရွေးကောက်ပွဲ အစီအစဉ်၊ ပြီးပြည့်စုံသော အစိုးရ တစ်ရပ် ဖွဲ့စည်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ပါဝင်သော ဂျီနီဗာ ကြေညာချက်အပေါ် အခြေခံသော နိုင်ငံရေး ဆုံးဖြတ်ချက် တစ်ရပ်အတွက် အဆိုပြုချက် ဖြစ်ကြောင်း Brahimi ကပြောကြား ခဲ့ပါသည်။

http://www.myawady.com.mm/allnews/global/item/3225-2012-12-31-16-13-33
ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အဆုံးသတ်မည့် အစီအစဉ်သစ် ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ် ငြိမ်းချမ်းရေး သံတမန်က ယုံကြည်

ဆီးရီးယား နိုင်ငံအတွင်း ၂၁ လကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အား အဆုံးသတ်မည့် အစီအစဉ်သစ် တစ်ရပ် အား နိုင်ငံတကာအသိုက်အဝန်းမှ လက်ခံလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ဆီးရီး ယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ် ငြိမ်းချမ်းရေး သံတမန် Lakhdar Brahimi က ဒီဇင် ဘာလ ၃ဝ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း အီဂျစ် သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။

မိမိ အနေဖြင့် အဆိုပါ အစီအ စဉ်သစ်နှင့် ပတ်သက်၍ ရုရှား၊ ဆီးရီးယား နိုင်ငံတို့နှင့် ဆွေးနွေး ခဲ့ကြောင်း၊ အစီအစဉ်ပါ အဆိုပြုချက်အား နိုင်ငံတကာ အသိုက် အဝန်းမှ ဆုံးဖြတ်ချက် ချလိမ့်မည်ဟု ယုံကြည် ထားကြောင်း ကိုင်ရိုမြို့တွင် ပြုလုပ်သော အာရပ်အဖွဲ့ချုပ် အကြီးအကဲ Nabil al- Arabi နှင့် တွေ့ဆုံပွဲ ပြီးနောက် Brahimi က ပြောကြားခဲ့ပါသည်။

၎င်း အစီအစဉ်သစ်သည် ပါလီမန်နှင့် သမ္မတ ရွေးကောက်ပွဲ အစီအစဉ်၊ ပြီးပြည့်စုံသော အစိုးရ တစ်ရပ် ဖွဲ့စည်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ပါဝင်သော ဂျီနီဗာ ကြေညာချက်အပေါ် အခြေခံသော နိုင်ငံရေး ဆုံးဖြတ်ချက် တစ်ရပ်အတွက် အဆိုပြုချက် ဖြစ်ကြောင်း Brahimi ကပြောကြား ခဲ့ပါသည်။

No comments:

Post a Comment