Saturday, January 19, 2013

ကားနှင့်ပတ်သတ်သော ဝန်ဆောင်မှုအားလုံး ရရှိမည့် အကြီးဆုံးကားဈေးကွက် ဖြစ်လာမည့် သီရိမင်္ဂလာဈေးဟောင်း

Photo: ကားနှင့်ပတ်သတ်သော ဝန်ဆောင်မှုအားလုံး ရရှိမည့် အကြီးဆုံးကားဈေးကွက် ဖြစ်လာမည့် သီရိမင်္ဂလာဈေးဟောင်း
Saturday, January 19, 2013 

ကားအရောင်းပြခန်းများ၊ ကားအလှဆင်နှင့် ကားအပိုပစ္စည်းများ၊
ကားဝပ်ရှော့များ စသော ပတ်သတ်သော ၀န်ဆောင်မှုများ အား
လုံးကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် အကြီးဆုံးကားဈေးကွက်
အဖြစ် သီရိမင်္ဂလာဈေးဟောင်းကို ပြုလုပ်တော့မည်ဖြစ်ကြောင်း
သိရသည်။

“ကျွန်တော်တို့ Farmer Auto ကနေပြီးတော့ သီရိမင်္ဂလာ
ဈေးဟာင်း မြေညီထပ်တစ်ခုလုံးကို နှစ်ရှည် ဌားရမ်းထားပါ
တယ်။ ကျွန်တော်တို့ အခု ကား၁၀၀ကျော်လောက်ကို ပြသ
ထားပါတယ်။ ကျွန်တော်တို့ Show room တွေမှာ နေရာ
အခက်အခဲရှိတယ် ဟိုမှာက ကျယ်တော့ ကားတော် တော် များများပြသဖို့ဆန်.တယ်။ နောက်ပိုင်း ကားအစီးရေ ၅၀၀၊ ၁၀၀၀လောက်ထိထားဖို့တော့ရည်ရွယ်ထားတယ်။ တကယ်လို့
ကျွန်တော်တို့ Show room ဆီမှာ လာပြပြီးရောင်းချင်တဲ့သူတွေ ရှိရင်လည်း ကားပြဖို့ ဝန်ဆောင်ခကိုယူပြီး ရောင်းပေးဖို့တော့
ရှိပါတယ်” ဟု Farmer Auto ကားအရောင်းပြခန်းမှ မန်နေဂျာ ကိုအောင်စည်သူက ပြောကြားသည်။

“ဒီသီရိမင်္ဂလာဈေးဟောင်းမြေနေရာမှာ ကားနဲ့ပတ်သတ်တဲ့
ရောင်းတာ ၊ ၀ယ်တာ ၊ ကားအလှဆင်တာ၊ ကားရေဆေးဆီ
ထိုး၊ ကားဝပ်ရှော့ တွေ အကုန်ဖွင့်လို့ရအောင်စီစဉ်နေပါတယ်။ အခုမြေညီထပ်မှာတော့ Farmer က ကားပြခန်းဖွင့်ထားတယ်။
ကျန်တဲ့ ကားနဲ့ ပတ်သတ်တဲ့ ဆိုင်ခန်းတွေလည်း ဖွင့်ဖို့ပြင်ဆင်
နေကြပြီ။ ဒီဈေးကွက်ကြီးတစ်ခုလုံး စပြီးလှုပ်ရှားနိုင်ရင်တော့
မြန်မာနိုင်ငံမှာ ကားနဲ့ပတ်သတ်ရင် တစ်နေရာတည်းမှာ ရရှိနိုင် တဲ့ ဈေးကွက်ကြီးဖြစ်လာမှာပါ” ဟု သီရိမင်္ဂလာဈေးဟောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ သီရိမင်္ဂလာဈေးဟောင်းတွင် ဖြစ်ပေါ်လာမည့် ကား
ဈေး ကွက်နှင့်ပတ်သတ်ပြီး “ ဒီဈေးကွက်ကို အများကြီး မျှော်လင့် ထားပါတယ်။ ကားနဲ့ပတ်သတ်ရင်တစ်နေရာတည်းမှာ အကုန်
လုပ်နိုင်မယ့် Automobile Shopping Centreကြီး တစ်ခု
ဖြစ်လာဖို့မျှော်လင့်ပါတယ်” ဟု Farmer Auto မှ မနနေဂျာ ကိုစည်သူအောင်က ပြောကြားသည်။

အဆိုပါ ကားဈေးကွက်တွင် ကားအရောင်းပြခန်းများ၊ ကား အလှဆင်ပစ္စည်းဆိုင်ခန်းမျယား၊ ကားဝပ်ရှော့များ အပါအ၀င် စားသောက်ဆိုင် ခန်းများ၊ ကျန်းမာရေးစင်တာနှင့် အလှပြင်
ဆိုင်များကို ဖွင့်လှစ်ရန်လည်းရှိကြောင်း သိရသည်။

ဆုဝေ
The Myanma Ageကားအရောင်းပြခန်းများ၊ ကားအလှဆင်နှင့် ကားအပိုပစ္စည်းများ၊ ကားဝပ်ရှော့များ စသဖြင့် ပတ်သတ်သော ၀န်ဆောင်မှုများ အား လုံးကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် အကြီးဆုံးကားဈေးကွက် အဖြစ် သီရိမင်္ဂလာဈေးဟောင်းကို ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ Farmer Auto ကနေပြီးတော့ သီရိမင်္ဂလာဈေး ဟောင်း မြေညီထပ်တစ်ခုလုံးကို နှစ်ရှည် ဌားရမ်းထားပါတယ်။ ကျွန်တော်တို့ အခု ကား၁၀၀ကျော်လောက်ကို ပြသထားပါတယ်။ ကျွန်တော်တို့ Show room တွေမှာ နေရာအခက်အခဲရှိတယ် ဟိုမှာက ကျယ်တော့ ကားတော် တော် များများပြသဖို့ဆန်.တယ်။ နောက်ပိုင်း ကားအစီးရေ ၅၀၀၊ ၁၀၀၀လောက်ထိထားဖို့တော့ ရည်ရွယ်ထားတယ်။ တကယ်လို့ ကျွန်တော်တို့ Show room ဆီမှာ လာပြပြီးရောင်းချင်တဲ့သူတွေ ရှိရင်လည်း ကားပြဖို့ ဝန်ဆောင်ခကိုယူပြီး ရောင်းပေးဖို့တော့ ရှိပါတယ်” ဟု Farmer Auto ကားအရောင်းပြခန်းမှ မန်နေဂျာ ကိုအောင်စည်သူက ပြောကြားသည်။

“ဒီသီရိမင်္ဂလာဈေးဟောင်းမြေနေရာမှာ ကားနဲ့ပတ်သတ်တဲ့ ရောင်းတာ ၊ ၀ယ်တာ ၊ ကားအလှဆင်တာ၊ ကားရေဆေးဆီ ထိုး၊ ကားဝပ်ရှော့ တွေ အကုန်ဖွင့်လို့ရအောင်စီစဉ်နေပါတယ်။ အခုမြေညီထပ်မှာတော့ Farmer က ကားပြခန်းဖွင့်ထားတယ်။ ကျန်တဲ့ ကားနဲ့ ပတ်သတ်တဲ့ ဆိုင်ခန်းတွေလည်း ဖွင့်ဖို့ပြင်ဆင် နေကြပြီ။ ဒီဈေးကွက်ကြီးတစ်ခုလုံး စပြီးလှုပ်ရှားနိုင်ရင်တော့ မြန်မာနိုင်ငံမှာ ကားနဲ့ပတ်သတ်ရင် တစ်နေရာတည်းမှာ ရရှိနိုင်တဲ့ ဈေးကွက်ကြီးဖြစ်လာမှာပါ” ဟု သီရိမင်္ဂလာဈေးဟောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ သီရိမင်္ဂလာဈေးဟောင်းတွင် ဖြစ်ပေါ်လာမည့် ကားဈေး ကွက်နှင့်ပတ်သတ်ပြီး “ ဒီဈေးကွက်ကို အများကြီး မျှော်လင့် ထားပါတယ်။ ကားနဲ့ပတ်သတ်ရင်တစ်နေရာတည်းမှာ အကုန်လုပ်နိုင်မယ့် Automobile Shopping Centreကြီး တစ်ခုဖြစ်လာဖို့မျှော်လင့်ပါတယ်” ဟု Farmer Auto မှ မနနေဂျာ ကိုစည်သူအောင်က ပြောကြားသည်။

အဆိုပါ ကားဈေးကွက်တွင် ကားအရောင်းပြခန်းများ၊ ကားအလှဆင်ပစ္စည်းဆိုင်ခန်းမျယား၊ ကားဝပ်ရှော့ များ အပါအ၀င် စားသောက်ဆိုင် ခန်းများ၊ ကျန်းမာရေးစင်တာနှင့် အလှပြင်ဆိုင်များကို ဖွင့်လှစ်ရန် လည်းရှိကြောင်း သိရသည်။

ဆုဝေ
The Myanma Age


No comments:

Post a Comment