Tuesday, January 1, 2013

အမှောင်လမ်းကိုစွန့်ခွာခဲ့သူများ



KIAအဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ၊ ဥပဒေမဲ့လုပ်ရပ်များ၊ လူ့အခွင့် အရေး ချိုးဖောက်မှုများအား ပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့သည်။ ဒေသအတွင်းရှိပြည်သူများအား ကျီးလန့်  စာစား ဘ၀ကို ရာက်ရှိစေရန်တမင်ဖန်တီးယူခဲ့သည်။လူသတ်၊ မိုင်းထောင်၊တံတားချိုးစသော အဖျက် လုပ်ငန်းများအားလည်း အကြိမ်ပေါင်းရာနှင့်ချီပြီးပြုလုပ်ခဲ့သည်။ စစ်ပွဲကြောင့် KIA အဖွဲ့အတွင်း တွင် လည်း ခေါင်းဆောင်ပိုင်းများမှာ ချမ်းသာကြွယ်ဝလာသော်လည်း လက်အောက်ငယ်သားများမှာ ထမင်း နပ်မှန်အောင် စားရန်ပင်ခက်ခဲလာကြပါ သည်။
KIA ခေါင်းဆောင်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအစား အကြမ်းဖက်လုပ်ရပ်များကိုသာ အဓမ္မ ခိုင်း စေခြင်းခံရသည့်အတွက် KIA အဖွဲ့ဝင်များမှာ ဘ၀တူကချင်လူမျိုးများ ဒုက္ခပင် လယ်ဝေနေခြင်း အား  မြင်တွေ့ နေရသဖြင့် ငြိမ်းချမ်းရေးရရှိရန် မျှော့်လင်နေကြပါသည်။ သို့သော် စည်းစိမ် အာဏာ မက်မောသော KIA ခေါင်း ဆောင်များကြောင့် လူအများစုလိုလားတောင့်တနေသော ငြိမ်းချမ်းရေး မှာ ရွှေပြည်တော်မျှော်တိုင်းဝေဖြစ်နေပါသည်။ ထိုကဲ့သို့ ငြိမ်းချမ်းရေးအားလိုလားကြသော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ ထုတ်ဖော်ပြောဆိုရဲ ခြင်းမရှိခဲ့ပါ။ ပြောဆိုသူသည် KIA ၏ သစ္စာဖောက် ဟု စွပ်စွဲချက်နှင့် အတူ သေဒဏ်အပေးခံရပါသည်။

KIA အဖွဲ့သည် စစ်ပွဲကာလအတွင်း ဒေသခံတိုင်းရင်းသားများ ရွှေမှော်လုပ်သားများအား အတင်းအဓမ္မဖမ်းဆီး ပြီး တပ်သားသစ်များအဖြစ်ဖန်တီးခဲ့ကြပါသည်။ အဆိုပါ တပ်သားသစ်များမှာ KIA မှ မတရားဖမ်းဆီးခြင်းခံရသူ များဖြစ်သဖြင့် စစ်အခြေခံသင်တန်းများ ကျွမ်းကျင်စွာ တတ်မြောက်ခြင်းမရှိသည့် အပြင် ခံယူချက်လည်းမရှိသည့် သူများလည်းဖြစ်ပါသည်။ KIA များ၏ရက်စက်ယုတ်မာမှုများ၊ လူမျိုးရေး ခွဲခြားမှုများခေါင်းဆောင်များ၏ ဖောက်ပြန်သောအတွေးအခေါ်များကြောင့် KIA အဖွဲ့အပေါ် မုန်းတီး နာကြည်း နေခဲ့ကြပါသည်။
၎င်းအချက်များအပြင် KIA အဖွဲ့မှ  တပ်သားသစ်များအား ရှေ့တန်းစခန်းများသို့ အဓမ္မစေလွှတ်ပြီး အစိုးရတပ် များနှင့် ရင်ဆိုင်စေခြင်းမှာ သေတွင်းသို့တွန်းချနေခြင်းပင်ဖြစ်သည်။ စစ်ပညာ အခြေခံ မပြောနှင့် သေနတ်ပင် ကျည်ကောင်းစွာမထိုးတတ်သေးသော ရဲဘော်သစ်များနှင့် စနစ်တကျလေ့ကျင့် ထားသော အစိုးရတပ်များ ရင်ဆိုင်တွေ့ ချိန်တွင် KIA အလောင်း များတောင်လိုပုံနေခဲ့ပါသည်။ ဆုတ်ခွာရာလမ်းတစ်လျှောက်တွင်လည်း အမြောက်တပ် ၏ပစ်ခတ်မှုများကြောင့် အလောင်းများပြန့် ကျဲနေပါသည်။ ထိခိုက်ဒဏ်ရာရသူအများစုအား လည်းခေါ်ဆောင် ခြင်းမရှိပဲ၊ ကချင် လူမျိုး သာရွေး ချယ်ခေါ်ဆောင်သွားပြီး ကျန်ရှိသူများအား ခွေးသေ၀က် သေပစ်ထားခဲ့ကြ ပါသည်။ တပ်သား သစ်များအနေဖြင့် KIA ၏လူမဆန်သောလုပ်ရပ်များကို မြင်တွေ့နေရခြင်း၊ စစ်ပွဲအတွင်းကြုံ တွေ့ခဲ့ရသော အနိဌာရုံများကြောင့် သွေးပျက်ထိတ်လန့်ပြီး အစိုးရထံလက်နက်နှင့်ငြိမ်းချမ်း ရေးလဲလှယ်နိုင်ရေး ကြိုးပမ်းအားထုတ်လာခဲ့ကြပါသည်။
ပြီးခဲ့သော ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် KIA အဖွဲ့မှ ၆ ဦးအလင်းဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် လည်း အဓမ္မလူသစ်စုဆောင်းခံရသူ တပ်သားသစ် ၄ ဦး ထပ်မံအလင်း ၀င်ရောက် လာခဲ့ ပါ သည်။ အလင်းဝင် ရောက်လာသူ ဒိလိနွေ၊ အမိဆာ၊ အောင်တင်နှင့် နေမျိုးထွန်း တို့မှာ ဒေသခံ စစ်ကြောင်း များနှင့် တွေ့ဆုံပြီး လက်နက်ငယ်ကိုယ်စီဖြင့် အလင်းဝင်ရောက် ခဲ့ခြင်း ဖြစ်ပါသည်။ အလင်းဝင်ရောက် လာသူ ၄ ဦးတွင် ဘီအေ-၆၃ (၂)လက်၊ အမ်-၂၂ (၂)လက်တို့ပါရှိပြီး မြန်မာ့တပ်မတော်မှ အလင်း ၀င်ရောက်လာသူများအား နွေးထွေး လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး၊ ၎င်းတို့ နေရပ်ဒေသပြန်နိုင်ရေး အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရပါသည်။ အမှောင်လမ်းထဲတွင် စမ်းတ၀ါးဝါး မလျှောက်လှမ်းပဲ အလင်းရောင်ရှိရာ လျှောက်လှမ်းလာနိုင်ခဲ့ သူများအား တပ်မတော်မှ ထာဝရကြိုဆိုနေ မည်သာဖြစ်ပါသည်။

No comments:

Post a Comment