Tuesday, January 1, 2013

ကွတ်ခိုင်မြို့ပေါ်သို့ စစ်ဘေး တိမ်းရှောင် ရောက်ရှိလာသည့် မိသားစုဝင် များအား တပ်မတော်နှင့်အတူ တာဝန်ရှိသူများမှ ထောက်ပံ့မှုများ ဆောင်ရွက်


ကွတ်ခိုင်မြို့ပေါ်သို့ စစ်ဘေး တိမ်းရှောင် ရောက်ရှိလာသည့် မိသားစုဝင် များအား တပ်မတော်နှင့်အတူ တာဝန်ရှိသူများမှ ထောက်ပံ့မှုများ ဆောင်ရွက်
Tuesday, 01 January 2013

ကွတ်ခိုင်မြို့နယ်၊ မန်နားကျေးရွာ၊ နမ့်ပါမုံးကျေးရွာ၊ တုံခမ်းကျေးရွာ၊
နောင်ဖာ ကျေးရွာ၊ နမ့်ဟူးကျေးရွာနှင့် နမ့်ဂလောင်း ကျေးရွာများမှ ကချင်လူမျိုး အိမ်ထောင်စု ၆၉ စုမှ လူဦးရေ ကျား ၁၀၆ ဦး၊ မ ၉၆ ဦး၊ စုစုပေါင်း ၂၀၂ ဦးတို့သည် ကွတ်ခိုင်မြို့၊ အမှတ် (၂)ရက်ကွက်ရှိ
နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း၌ လည်းကောင်း၊ အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ကျား ၇၉ ဦး၊ မ ၉၅ ဦး၊ စုစုပေါင်း ၁၇၄ ဦးတို့သည် ကွတ်ခိုင်မြို့၊ ရပ်ကွက် (၃)ရှိ ကတ်သလစ် ဘုရားကျောင်းဝင်း အတွင်း၌ လည်းကောင်း စစ်ဘေးတိမ်းရှောင်ရန် ရောက်ရှိ နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ကျေးရွာများမှ ကချင်လူမျိုးများအား ကွတ်ခိုင်မြို့ အတွင်း
ပြောင်းရွှေ့ လာခြင်းနှင့် ပတ်သက်၍ မြေပြင်သတင်း ရရှိချက်များအရ
ကေအိုင်အေ သောင်းကျန်းသူများသည် ၎င်းကျေးရွာများမှ ကချင်လူမျိုး များအား ကွတ်ခိုင် မြို့ပေါ်သို့ အတင်းအဓမ္မ ပြောင်းရွှေ့ရန် စေလွှတ်ခဲ့ခြင်း
ဖြစ်ကြောင်း သတင်း ရရှိပါသည်။ အဆိုပါ ကျေးရွာများတွင် ကချင်လူမျိုးများ အပြင် အခြားသော လူမျိုးများဖြစ်သည့် ပလောင်၊ ရှမ်း၊ ဗမာများလည်း
နေထိုင်ကြောင်း သိရှိရ ပါသည်။

ကွတ်ခိုင်မြို့ပေါ်သို့ တိမ်းရှောင်ရောက်ရှိ လာသည့် မိသားစုဝင်များအား နယ်မြေခံ တပ်မတော်မှ တာဝန်ရှိသူများနှင့် အတူ ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တို့မှ အလှူခံအဖွဲ့ ဖွဲ့စည်းကာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ အလှူခံလျက် ရှိပါသည်။

တိမ်းရှောင်လာသူ မိသားစုဝင်များအတွက် နယ်မြေခံတပ်မတော်ရှိ တပ်ရင်း များမှ ငွေ ၇ သိန်းနှင့် ဆန် ၂၉ အိတ်၊ ကောင်းခါး ပြည်သူ့စစ်(ဌာနေ) အဖွဲ့မှ ဆန် ၂၀ အိတ်၊ ကွတ်ခိုင် ပြည်သူ့စစ် (ဌာနေ) မှ ဆန် ၁၀ အိတ် လှူဒါန်းခဲ့ပြီး တိမ်းရှောင် မိသားစုများအား နယ်မြေခံ တပ်မတော်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မြ၀တီ

ကွတ်ခိုင်မြို့နယ်၊ မန်နားကျေးရွာ၊ နမ့်ပါမုံးကျေးရွာ၊ တုံခမ်းကျေးရွာ၊နောင်ဖာ ကျေးရွာ၊ နမ့်ဟူးကျေးရွာနှင့် နမ့်ဂလောင်း ကျေးရွာများမှ ကချင်လူမျိုး အိမ်ထောင်စု ၆၉ စုမှ လူဦးရေ ကျား ၁၀၆ ဦး၊ မ ၉၆ ဦး၊ စုစုပေါင်း ၂၀၂ ဦးတို့သည် ကွတ်ခိုင်မြို့၊ အမှတ် (၂)ရက်ကွက်ရှိနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း၌ လည်းကောင်း၊ အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ကျား ၇၉ ဦး၊ မ ၉၅ ဦး၊ စုစုပေါင်း ၁၇၄ ဦးတို့သည် ကွတ်ခိုင် မြို့၊ ရပ်ကွက် (၃)ရှိ ကတ်သလစ် ဘုရားကျောင်းဝင်း အတွင်း၌လည်းကောင်း စစ်ဘေး တိမ်းရှောင် ရန် ရောက်ရှိ နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ကျေးရွာများမှ ကချင်လူမျိုးများအား ကွတ်ခိုင်မြို့ အတွင်းပြောင်းရွှေ့ လာခြင်းနှင့် ပတ်သက်၍ မြေပြင်သတင်း ရရှိချက်များအရကေအိုင်အေ သောင်းကျန်းသူများသည် ၎င်းကျေးရွာများမှ ကချင်လူမျိုး များအား ကွတ်ခိုင် မြို့ပေါ်သို့ အတင်းအဓမ္မ ပြောင်းရွှေ့ရန် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိပါသည်။ အဆိုပါ ကျေးရွာများတွင် ကချင်လူမျိုးများ အပြင် အခြားသော လူမျိုးများဖြစ်သည့် ပလောင်၊ ရှမ်း၊ ဗမာများလည်းနေထိုင်ကြောင်း သိရှိရ ပါသည်။

ကွတ်ခိုင်မြို့ပေါ်သို့ တိမ်းရှောင်ရောက်ရှိ လာသည့် မိသားစုဝင်များအား နယ်မြေခံ တပ်မတော်မှ တာဝန်ရှိ သူများနှင့် အတူ ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တို့မှ အလှူခံအဖွဲ့ ဖွဲ့စည်းကာ ဒီဇင်ဘာလ ၂၇ ရက်နေ့ မှ စတင်၍ အလှူခံလျက်ရှိပါသည်။

တိမ်းရှောင်လာသူ မိသားစုဝင်များအတွက် နယ်မြေခံတပ်မတော်ရှိ တပ်ရင်း များမှ ငွေ ၇ သိန်းနှင့် ဆန် ၂၉ အိတ်၊ ကောင်းခါး ပြည်သူ့စစ်(ဌာနေ) အဖွဲ့မှ ဆန် ၂၀ အိတ်၊ ကွတ်ခိုင် ပြည်သူ့စစ် (ဌာနေ) မှ ဆန် ၁၀ အိတ် လှူဒါန်းခဲ့ပြီး တိမ်းရှောင် မိသားစုများအား နယ်မြေခံ တပ်မတော်မှ တာဝန်ရှိသူများ သွားရောက်တွေ့ ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မြ၀တီ

No comments:

Post a Comment