ကျင်းပတော့မည့် လွှတ်တော်တွင် ဦးစားပေး လုပ်ရမည့် ဥပဒေ ၅ ခုခန့်ရှိနေ
လာမည့် လွှတ်တော် အစည်းအဝေးတွင် ဦးစားပေးအတည်ပြု လုပ်ဆောင်ရမည့် ဥပဒေ ၅ ခုခန့်ရှိနေကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီမှသိရသည်။
ယင်း ဥပဒေများမှာ အထူးစီးပွားရေးဇုံ ဥပဒေ၊အခွန်ဥပဒေ၊သန်းခေါင်စာရင်းဥပဒေ၊ဆက်သွယ်ရေးဥပဒေနှင့် ဗဟိုဘဏ် ဥပဒေ တို့ ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် နေ့စဉ်ထုတ်သတင်းစာများ ကို ဧပြီလ ၁ရက်နေ့တွင် ထုတ်ဝေခွင့်
စတင်ချပေးမည်ဖြစ်သော်လည်း ယင်းမီဒီယာ ဥပဒေမှာ လွှတ်တော်သို့
ပေးပို့ထားခြင်းမရှိသေးကြောင်း အထက်ပါကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
" ကျန်တဲ့ ဥပဒေရေးရာကိစ္စတွေ ထက် ဦးစားပေး ဆောင်ရွက်ဖို့ ကြိုတင်
အစည်းအဝေးတွေနဲ့ လုပ်ထားတာပါ၊ ဘဏ္ဍာရေး ဘတ်ဂျတ်ကိုလည်း တစ်ပါတည်းဆွေးနွေးပြီး
အပြီး ဖြတ်သွားရမှာပါ၊" ဟု ၄င်းက ဆိုသည်။
ပထမ အကြိမ်
လွှတ်တော် ဆဠမ ပုံမှန်အစည်းအဝေးကို ယခုလ ၉ ရက်နေ့တွင် စတင်ကျင်း ပမည်ဖြစ်ပြီး
နှစ်လခန့်ကြာမြင့်မည်ဟု ခန့်မှန်းကြကာ၊ ယင်းအစည်းအဝေးတွင်
ဆွေးနွေးအတည်ပြုရန် လွှတ်တော်သို့ ဥပဒေကြမ်း ၂၀
ကျော်ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
AH
Popular Myanmar News Journal
No comments:
Post a Comment