Tuesday, January 8, 2013

တဖြည်းဖြည်း ရေပန်းစားလာသော အွန်လိုင်း ဆက်သွယ်ရေး ဝက်ဘ်ဆိုက်များ သတိထား အသုံးပြုရန်လို

Photo: တဖြည်းဖြည်း ရေပန်းစားလာသော အွန်လိုင်း ဆက်သွယ်ရေး ဝက်ဘ်ဆိုက်များ သတိထား အသုံးပြုရန်လို
Tuesday, January 08, 2013

တရုတ် နိုင်ငံတွင် ရှေးယခင်က အရွယ်ရောက်သူ အမျိုးသား၊ အမျိုးသမီး များသည် ၎င်းတို့၏ ကြင်ဖော်ကြင် ဖက်များကို ရှာဖွေ ကြရာတွင် ကိုယ်စွမ်း ကိုယ်စနှင့် သာမက အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသည်ကို စာဖတ် ပရိသတ်များ သိရှိကြပြီး ဖြစ်ပေလိမ့်မည်။ 

ယခုခေတ် ကာလ များတွင် ခေတ်နှင့် အညီ နည်းပညာများ ဖွံ့ဖြိုးတိုးတက် လာပြီ ဖြစ်သောကြောင့် လူအောင်သွယ်တော်များ မလိုအပ်တော့ဘဲ အင်တာနက်မှ တစ်ဆင့် ကြင်ဖက်များ ရှာဖွေ လာကြသည်ကို
လေ့လာတွေ့ရှိ ရသည်။ 

ထိုကဲ့သို့ အင်တာနက်မှ တစ်ဆင့် အိမ်ထောင်ဖက် ရှာဖွေခြင်းသည်
ကောင်းကျိုးခံစား ရမည့် အိမ်ထောင်ဖက် အစစ်အမှန်ကို တွေ့ရှိနိုင်သလို ဆိုးကျိုးကို ဖြစ်ပေါ် စေမည့် အတုအယောင် အိမ်ထောင်ဖက် များကိုလည်း
တွေ့ရှိနိုင်ပါသည်။

ထိုနည်းလမ်းဖြင့် အိမ်ထောင်ဖက် ရှာဖွေခြင်းကို ကမ္ဘာပေါ်ရှိ နိုင်ငံများ အနက် တရုတ်နိုင်ငံ၌ ပို၍ အသုံးပြုလာ ကြသည်ကို လေ့လာချက်များ အရ တွေ့ရှိရ သည်။ တရုတ်နိုင်ငံမှ Jiayuan.com Ltd သည် Net Ease Huatian ဟု အမည် ပေးထားသော အောင်သွယ်ရေး ဝက်ဘ်ဆိုက်ကို 
၂ဝ၁၂ ခုနှစ် နိုဝင်ဘာမှ စတင်၍ အင်တာနက်ပေါ် တင်ခဲ့ရာ ယခု အချိန်တွင် တရုတ်နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများဖြစ်သော ပေကျင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုး၊ ကွမ် ကျိုးနှင့် ရှန်ကျန်းမြို့ များ ထိပါ တဖြည်းဖြည်း စမ်းသပ်အသုံးပြု လာကြပြီဖြစ်သည်။ ၎င်း ဝက်ဘ်ဆိုက်ကိုအ သက် ၂ဝ မှ ၃၅ နှစ်အရွယ်ရှိ အမျိုးသား၊ အမျိုး သမီးများ အတွက် ရည်ရွယ်၍ တင်ထားခြင်းဖြစ်ပြီး ဝက်ဘ်ဆိုက် အသုံးပြု ကြသည့် user များ အနေဖြင့် မိမိတို့၏ မှတ်ပုံတင်နံပါတ် သို့မဟုတ် ဖုန်းနံ ပါတ်များကို ၎င်း ဝက်ဘ်ဆိုက်၌ အမည်စာရင်း ပေးသွင်းရသည်။

တရုတ်နိုင်ငံတွင် အောင်သွယ်ရေး ဝက်ဘ်ဆိုက် အသုံးပြုသူ ပို၍များလာပြီး စံထား ရလောက်သည့် အိမ်ထောင် ဖက်ကို စိတ်ကြိုက်ရွေးချယ်ခွင့် ရနေကြ သည်။ တရုတ်နိုင်ငံတွင် အသက် ၁၈ နှစ်နှင့် အထက် လက်မထပ်ရ သေး သည့် လူဦးရေ ၂၄၉ သန်းရှိပြီး အမျိုးသားများသည် အမျိုးသမီးများထက် အိမ်ထောင်ဖက်ကို ပို၍ လိုလား တောင့်တကြကြောင်း အမျိုးသား လူဦးရေ နှင့် မိသားစုရေးရာ စီမံကိန်း ကော်မရှင်က တရုတ်လူမျိုးများ အကြား Marriage Valu es နှင့် ပတ်သက်၍ ထုတ်ဝေသော ၂ဝ၁၂-၂ဝ၁၃ ခုနှစ် အစီရင်ခံ စာတွင် ဖော်ပြထားသည်။

Jiayuan.Com Ltd မှ တည်ထောင်ထားသော Net Ease Huatian အောင် သွယ်ရေး ဝက်ဘ်ဆိုက်သည် ၎င်း ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင် တင်သွင်း ကြသည့် အမျိုးသား၊ အမျိုးသမီးများသည် အိမ်ထောင်ဖက် ကောင်းများ ရရှိ စေရန်အတွက် ကောင်းမွန်သော အလုပ်အကိုင် ကောင်းနှင့် ပစ္စည်းဥစ္စာ ရှိရုံ သာမက လိုက် ဖက်သော လူနေ မှုပုံစံနှင့် ပြီးပြည့်စုံ၍ အဆင့်အတန်း ရှိသော လူမျိုးများကိုသာ ခွင့်ပြုခဲ့သည်။ ထို့ကြောင့် အမျိုးသား၊ အမျိုးသမီး အချို့ သည် အိမ်ထောင် ဖက်ကောင်းများကို တွေ့ရှိခဲ့ကြပြီး
ကောင်းကျိုးများကို ခံစား ခဲ့ကြသလို ဆိုးကျိုး အနေ ဖြင့် အမျိုးသမီး များဘက်မှ အလိုမတူဘဲ ကာမလိမ်လည် ယူသူများနှင့် တွေ့ဆုံနိုင်သည့် အပြင် ငွေကြေး လိမ်လည်မှု များနှင့် အဓမ္မ ပြုကျင့်မှုများသည် နိုင်ငံအနှံ့ တွင် ဖြစ်ပေါ်နေသည်ကို လေ့ လာတွေ့ရှိ ရသည်။

ထို့ကြောင့် အင်တာနက် အသုံးပြုသည့် လူငယ်များ အနေဖြင့် အကောင်း အဆိုးကို ချင့်ချိန် စဉ်းစား၍ မိမိဘဝ အတွက် အကျိုးရှိမည့် အရာများကိုသာ
ရွေးချယ်လုပ်ဆောင် သင့်ကြောင်း သတိပေးလိုက် ရပါသည်။

တီအက်စ်လှိုင်
မြဝတီနေ့စဉ် - သိပ္ပံနှင့်လူမှုရေးကဏ္ဍ
Royal Hero Media တရုတ် နိုင်ငံတွင် ရှေးယခင်က အရွယ်ရောက်သူ အမျိုးသား၊ အမျိုး သမီးများသည် ၎င်းတို့၏ ကြင်ဖော်ကြင်ဖက်များကို ရှာဖွေကြရာတွင် ကိုယ်စွမ်း ကိုယ်စနှင့် သာမက အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသည်ကို စာဖတ် ပရိသတ်များ သိရှိကြပြီး ဖြစ်ပေလိမ့်မည်။
ယခုခေတ် ကာလများတွင် ခေတ်နှင့် အညီ နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာပြီ ဖြစ်သောကြောင့် လူအောင်သွယ်တော်များ မလို အပ်တော့ဘဲ အင်တာနက်မှ တစ်ဆင့် ကြင်ဖက်များ ရှာဖွေလာကြ သည်ကိုလေ့လာတွေ့ရှိ ရသည်။

ထိုကဲ့သို့ အင်တာနက်မှ တစ်ဆင့် အိမ်ထောင်ဖက် ရှာဖွေခြင်းသည်ကောင်းကျိုးခံစား ရမည့် အိမ်ထောင် ဖက် အစစ်အမှန်ကို တွေ့ရှိနိုင်သလို ဆိုးကျိုးကို ဖြစ်ပေါ် စေမည့် အတုအယောင် အိမ်ထောင်ဖက် များကို လည်းတွေ့ရှိနိုင်ပါသည်။

ထိုနည်းလမ်းဖြင့် အိမ်ထောင်ဖက် ရှာဖွေခြင်းကို ကမ္ဘာပေါ်ရှိ နိုင်ငံများ အနက် တရုတ်နိုင်ငံ၌ ပို၍ အသုံးပြုလာ ကြသည်ကို လေ့လာချက်များ အရ တွေ့ရှိရ သည်။ တရုတ်နိုင်ငံမှ Jiayuan.com Ltd သည် Net Ease Huatian ဟု အမည် ပေးထားသော အောင်သွယ်ရေး ဝက်ဘ်ဆိုက်ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာမှ စတင်၍ အင်တာနက်ပေါ် တင်ခဲ့ရာ ယခု အချိန်တွင် တရုတ်နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများဖြစ်သော ပေကျင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုး၊ ကွမ်ကျိုးနှင့် ရှန်ကျန်းမြို့ များထိပါ တဖြည်းဖြည်း စမ်းသပ်အသုံးပြုလာကြပြီဖြစ်သည်။ ၎င်း ဝက်ဘ်ဆိုက်ကိုအသက် ၂ဝ မှ ၃၅ နှစ်အရွယ်ရှိ အမျိုးသား၊ အမျိုးသမီးများအတွက် ရည်ရွယ်၍ တင်ထားခြင်းဖြစ်ပြီး ဝက်ဘ်ဆိုက် အသုံးပြုကြသည့် user များအနေဖြင့် မိမိတို့၏မှတ်ပုံတင်နံပါတ် သို့မဟုတ် ဖုန်းနံပါတ်များကို ၎င်းဝက်ဘ်ဆိုက်၌ အမည်စာရင်း ပေးသွင်းရသည်။

တရုတ်နိုင်ငံတွင် အောင်သွယ်ရေးဝက်ဘ်ဆိုက် အသုံးပြုသူပို၍များလာပြီး စံထားရလောက်သည့် အိမ်ထောင်ဖက်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ရနေကြသည်။ တရုတ်နိုင်ငံတွင် အသက် ၁၈ နှစ်နှင့် အထက် လက်မထပ်ရ သေးသည့် လူဦးရေ ၂၄၉ သန်းရှိပြီး အမျိုးသားများသည် အမျိုးသမီးများထက် အိမ်ထောင်ဖက်ကို ပို၍ လိုလားတောင့်တကြကြောင်း အမျိုးသားလူဦးရေ နှင့် မိသားစုရေးရာ စီမံကိန်း ကော်မရှင်က တရုတ်လူမျိုးများ အကြား Marriage Valu es နှင့် ပတ်သက်၍ ထုတ်ဝေသော ၂ဝ၁၂-၂ဝ၁၃ ခုနှစ် အစီရင်ခံ စာတွင် ဖော်ပြထားသည်။

Jiayuan.Com Ltd မှ တည်ထောင်ထားသော Net Ease Huatian အောင် သွယ်ရေး ဝက်ဘ်ဆိုက်သည် ၎င်း ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်တင်သွင်း ကြသည့် အမျိုးသား၊ အမျိုးသမီးများသည် အိမ်ထောင် ဖက် ကောင်းများရရှိ စေရန်အတွက် ကောင်းမွန်သောအလုပ်အကိုင် ကောင်းနှင့် ပစ္စည်းဥစ္စာရှိရုံသာမက လိုက်ဖက်သော လူနေမှုပုံစံနှင့် ပြီးပြည့်စုံ၍ အဆင့်အတန်းရှိသော လူမျိုးများကိုသာခွင့်ပြုခဲ့သည်။ ထို့ကြောင့် အမျိုးသား၊ အမျိုးသမီး အချို့ သည် အိမ်ထောင် ဖက်ကောင်းများ ကို တွေ့ရှိ ခဲ့ကြပြီး ကောင်းကျိုးများကို ခံစား ခဲ့ကြသလို ဆိုးကျိုးအနေ ဖြင့် အမျိုးသမီးများဘက်မှ အလိုမတူဘဲ ကာမလိမ်လည်ယူသူများနှင့် တွေ့ဆုံနိုင်သည့်အပြင် ငွေကြေးလိမ်လည်မှုများနှင့် အဓမ္မပြုကျင့်မှု များသည် နိုင်ငံအနှံ့ တွင် ဖြစ်ပေါ်နေသည်ကို လေ့ လာတွေ့ရှိ ရသည်။

ထို့ကြောင့် အင်တာနက် အသုံးပြုသည့် လူငယ်များ အနေဖြင့် အကောင်း အဆိုးကို ချင့်ချိန် စဉ်းစား၍ မိမိဘဝ အတွက် အကျိုးရှိမည့် အရာများကိုသာရွေးချယ်လုပ်ဆောင် သင့်ကြောင်း သတိပေးလိုက် ရပါသည်။

တီအက်စ်လှိုင်
မြဝတီနေ့စဉ် - သိပ္ပံနှင့်လူမှုရေးကဏ္ဍ
Royal Hero Media

No comments:

Post a Comment