Tuesday, January 8, 2013

ထိုင်းနိုင်ငံသည် ၂ဝ၁၃ ခုနှစ် မေလတွင် ယူကရိန်း နိုင်ငံမှ T-84 OPLOT တိုက်ပွဲဝင် တင့်ကားများကို လက်ခံရ ရှိမည်ဟုဆို

ထိုင်းနိုင်ငံသည် ၂ဝ၁၃ ခုနှစ် မေလတွင် ယူကရိန်း နိုင်ငံမှ T-84 OPLOT တိုက်ပွဲဝင် တင့်ကားများကို လက်ခံရ ရှိမည်ဟုဆို

ထိုင်းကြည်းတပ်သည် ယူကရိန်း နိုင်ငံမှ T-84 Oplot ပင်မ တိုက်ပွဲဝင် တင့်ကားများ မှာယူထားရာ ၎င်းတို့အနက် ပထမ အသုတ်ကို ၂ဝ၁၃ ခုနှစ် မေလတွင် လက်ခံ ရရှိမည် ဖြစ်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ဇန်နဝါရီလ ၄ ရက် နေ့တွင် ပြောကြား ခဲ့သည်ဟု Bangkokpost သတင်း တစ်ရပ်အရ သိရှိရ ပါသည်။

ထိုင်းကြည်းတပ် အနေဖြင့် ယူကရိန်း နိုင်ငံမှ စုစုပေါင်း တင့်ကား ၂ဝဝ စီး မှာယူထားရာ ၎င်းတို့ အနက် ၂ဝ၁၃ ခုနှစ် မေလတွင် ၅ စီးနှင့် ၂ဝ၁၅ ခုနှစ် အကုန်တွင် ၅ဝ စီး လက်ခံ ရရှိမည် ဖြစ်ကြောင်း သိရှိရ ပါသည်။ ပထမ အသုတ်အဖြစ် လက်ခံ ရရှိမည့် တင့်ကား ၅ စီးအား လေ့ကျင့်ရေး အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ပြောကြားခဲ့ ပါသည်။  

ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာသည် မကြာသေးမီက ယူကရိန်း နိုင်ငံသို့ သွားရောက်ခဲ့သော အလည်အပတ် ခရီးစဉ်အတွင်း ယူကရိန်း အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့စဉ် အဆိုပါ T-84 Oplot ပင်မ တိုက်ပွဲဝင် တင့်ကား များကို အမြန်ဆုံး လွှဲပြောင်းပေးရန် တောင်းဆို ခဲ့ကြောင်းနှင့်  ကြည်းတပ် အနေဖြင့် ပစ်စွမ်းအားနှင့် တိုက်စွမ်းအား ကောင်းမွန်ပြီး တန်ဖိုး သင့်လျော်သော တင့်ကားများကို လက်ခံ ရရှိခဲ့ခြင်း သာ ဖြစ်သည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ပြောကြားခဲ့ ပါသည်။ 

ကြည်းတပ်တွင် လက်ရှိ အသုံးပြု နေသော သံချပ်ကာယာဉ် အများစုကို ဈေးနှုန်း များစွာ မြင့်မားသော အနောက်အုပ်စု နိုင်ငံများမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/3873-2013-01-08-15-00-57 ထိုင်းကြည်းတပ်သည် ယူကရိန်း နိုင်ငံမှ T-84 Oplot ပင်မ တိုက်ပွဲဝင် တင့်ကားများမှာယူထားရာ ၎င်းတို့အနက် ပထမအသုတ်ကို ၂ဝ၁၃ ခုနှစ် မေလတွင် လက်ခံရရှိမည် ဖြစ်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ချန်အိုချာက ဇန်နဝါရီလ ၄ ရက် နေ့တွင် ပြော ကြားခဲ့သည်ဟု Bangkokpost သတင်း တစ်ရပ်အရ သိရှိရ ပါသည်။
ထိုင်းကြည်းတပ်အနေဖြင့် ယူကရိန်းနိုင်ငံမှ စုစုပေါင်းတင့်ကား ၂ဝဝ စီး မှာယူထားရာ ၎င်းတို့အနက် ၂ဝ၁၃ ခုနှစ် မေလတွင် ၅ စီးနှင့် ၂ဝ၁၅ ခုနှစ်အကုန်တွင် ၅ဝ စီး လက်ခံ ရရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။ ပထမ အသုတ်အဖြစ် လက်ခံရရှိမည့် တင့်ကား ၅ စီးအား လေ့ကျင့်ရေး အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ပြောကြားခဲ့ ပါသည်။

ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာသည် မကြာသေးမီက ယူကရိန်း နိုင်ငံသို့သွားရောက်ခဲ့သော အလည် အပတ်ခရီးစဉ်အတွင်း ယူကရိန်းအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့စဉ် အဆိုပါ T-84 Oplot ပင်မ တိုက်ပွဲဝင် တင့်ကားများကို အမြန်ဆုံးလွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်းနှင့် ကြည်းတပ်အနေဖြင့် ပစ်စွမ်းအားနှင့် တိုက်စွမ်းအား ကောင်းမွန်ပြီး တန်ဖိုးသင့်လျော်သော တင့်ကားများကို လက်ခံရရှိခဲ့ခြင်း သာ ဖြစ်သည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ပြောကြားခဲ့ ပါသည်။

ကြည်းတပ်တွင် လက်ရှိ အသုံးပြု နေသော သံချပ်ကာယာဉ် အများစုကို ဈေးနှုန်း များစွာ မြင့်မားသော အနောက်အုပ်စု နိုင်ငံများမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ က ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
မြ၀တီ


No comments:

Post a Comment