Friday, January 11, 2013

လူမဆန်သော လိုင်ဇာကာကွယ်ရေး မဟာဗျူဟာများ


         
 KIA အဖွဲ့သည် ကချင်ပြည်နယ်အတွင်း နှစ်ပေါင်းမျာစွာကတည်းက တည်ရှိနေသောအဖွဲ့ဖြစ်သည်။ ကချင်ပြည်ထောင်စု သို့မဟုတ် ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်နိုင်ရေးအတွက် ၁၉၆၀ ခုတည်းက ပြင်ဆင်ခဲ့ သည်။ ၁၉၆၀ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့တွင် လားရှိုးငွေတိုက်အား ဓားပြတိုက်ခဲ့ပြီး ကချင်နိုင်ငံတော် ထူထောင်ရေး အတွက် စတင်အခြေတည်ခဲ့ပါသည်။ စတင်တည်းဖွဲ့စည်းကတည်းက အကြမ်းဖက်လုပ် ရပ်ဖြင့် စတင်ခဲ့သော KIA အဖွဲ့သည် ယခုအချိန်ထိ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အကြမ်းဖက် လုပ်ရပ်များဖြင့်သာ ပျော်မွေ့ခဲ့သည်။

          အစိုးရနှင့် ငြိမ်းချမ်းရေးစတင်ရယူနိုင်ခဲ့သည့် ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်တိုက်ပွဲများ စတင်ဖြစ်ပွားချိန် မတိုင်မီ ၁၇ နှစ်တာ ကာလအတွင်း ကချင်ပြည်နယ်အတွင်းမှ သဘာဝသယံဇာတ များအား နည်းမျိုးစုံဖြင့် ထုတ်ယူသုံးစွဲခဲ့ကြသော်လည်း ကချင်ပြည်နယ်အတွင်း တံတားတစ်စင်း၊ စာ သင်ကျောင်း တစ်ဆောင်မျှ တည်ဆောက်ပေးခဲ့ခြင်းမရှိပါ။ ကချင်ပြည်နယ်အတွင်း လက်နက်အားကိုးဖြင့် အကြမ်းဖက်လုပ်ရပ်များကိုသာ ဆောင်ရွက်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လဆန်းပိုင်းတွင် အစိုးရနှင့် KIA တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွား ခဲ့သည်။ တိုက်ပွဲများတွင် KIA ဘက်မှ အကျအဆုံးများခဲ့သဖြင့် KIA တပ်များ အင်အားနည်းပါးလာခဲ့သည်။
          ထိုကဲ့သို့ အင်အားနည်းပါးလာခြင်းအား ပြန်လည်ဖြည့်တင်းရန်အတွက် KIA အဖွဲ့သည် ကချင်ပြည်နယ် အတွင်းရှိ အရွယ်ကောင်း ယောင်္ကျား၊ မိန်းမမရွေး ဖမ်းဆီးပြီး လူသစ်စုဆောင်းခဲ့သည်။ လူသစ်များ ရရှိခဲ့သော်လည်း လက်နက်နှင့် ရိက္ခာများ ထောက်ပံ့ပေးရန် မတတ်နိုင်သဖြင့် လူသစ်များ အား ရှေ့တန်း စခန်းများတွင် ချို့တဲ့စွာထားရှိခဲ့သည်။ လူသစ်များမှာ စစ်ပညာလည်း တတ်ကျွမ်းခြင်းမရှိ၊ ခံယူချက်နှင့် စိတ်ဓာတ်လည်းမရှိ၊ ရိက္ခာလည်း လုံလောက်မှုမရှိစသော အကြောင်းများကြောင့် အစိုးရမှ တိုက်စစ် ဆင်ချိန်တွင် အကျအဆုံးများစွာဖြင့် စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြသည်။ အချို့မှာလည်း အစိုးရထံ အလင်းဝင်ရောက်ခဲ့သည်။
          KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ထွက်ပြေးလာသူများအား ထိရောက်စွာအရေးယူရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း လိုင်ဇာဌာနချုပ်အား အစိုးရတပ်များ တိုက်ခိုက်လာပါက KIA ခေါင်းဆောင် များ တဖက်တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နိုင်ရန် မြေကွက်များ၊ အဆောက်အဦများ ကြိုတင်ပြင်ဆင် ထားရှိကြောင်းလည်း သိရပါသည်။
          KIA အဖွဲ့သည် လိုင်ဇာမြို့အား အစိုးရတပ်များ တိုက်ခိုက်လာပါက ကာကွယ်နိုင်ရေး စီမံချက်များ ကြိုတင်ရေးဆွဲထားကြောင်း KIAမှ အရာရှိကြီး တစ်ဦးမှ ပြောကြားခဲ့သည်။ ယခင်က လဂျား ယန်တောင်ကြောပေါ်ရှိKIA စခန်းများမှ တပ်သားသစ်များအား လိုင်ဇာပတ်ဝန်းကျင်ရှိ ကာကင်းများ သို့ ပြောင်းရွေ့တာဝန် ထမ်းဆောင်စေပြီး ကချင်လူမျိုး KIA စစ်သားများအား လိုင်ဇာမြို့အတွင်း ပြောင်းရွေ့ စေသည်။ စစ်ဘေး ဒုက္ခသည်များအားလည်း  လိုင်ဇာသို့ ပြောင်းရွေ့စေပြီး လိုင်ဇာမြို့ ပတ်ဝန်းကျင် တွင် နေရာချပေးထားပေးသည်။ အစိုးရတပ်များ လိုင်ဇာအား တိုက်ခိုက်မယ်ဆိုပါက KIA လူသား တံတိုင်းအဖြစ် ဆောင်ရွက်ထားသော ၄င်းဒုက္ခသည် စခန်းများကို ထိခိုက်မည်ဖြစ်သည်။ ၄င်းကြောင့်ပြည် တွင်း/ပြည်ပမှ မီဒီယာများအား ဖိတ်ခေါ်ပြီး ဒုက္ခသည် စခန်းများအား အစိုးရတပ်များမှ မတရား တိုက်ခိုက်နေသည်ဟု နိုင်ငံတကာအား သတင်းလွှင့်ရန် ကြံစည်ထားသည်။
KIA အဖွဲ့သည် လက်ရှိအချိန်တွင် စစ်ရုံးချုပ်ရှိရာ လိုင်ဇာမြို့တွင်သာ စုစည်းနေကြရသည်။ အစိုးရအား နိုင်ငံရေး သိက္ခာချနိုင်ရေး အတွက် ကချင်ပြည်သူအများအပြား၏ အသက်များကို စတေးပစ်ရန် ကြံစည်ထားသည်။ နောက်ဆုံးတွင် လိုင်ဇာမြို့ကျဆုံးသွားသော်လည်း KIA ခေါင်းဆောင်များ တရုတ်ပြည် တွင် ခိုလှုံရန် ကြံစည်ထားသည်။ KIA ခေါင်းဆောင်များ၏ စီးပွားရေးလုပ်ငန်းအများစုမှာ တရုတ်နိုင်ငံတွင် ရှိသည်။ ထို့ကြောင့် လိုင်ဇာမြို့ကျဆုံးခြင်း/မကျဆုံးခြင်းသည် KIA ခေါင်းဆောင်များအတွက် ရေးမကြီး သလို ကချင်လူမျိုးများ သေဆုံးခြင်းကိုလည်း ဂရုစိုက်စရာမလိုပေ။ အထက်ပါအချက်များသည် KIA လိုင်ဇာကာကွယ်ရေး မဟာဗျူဟာများပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment