Friday, January 11, 2013

ကချင်အရေးမှာ ရှုပ်ထွေးသော်လည်း ခြေရာခံမရအောင် ဖြစ်နေသော ပဋိပက္ခမဟုတ်ဟု ICG အဖွဲ့ သုံးသပ်

ကချင်အရေးမှာ ရှုပ်ထွေးသော်လည်း ခြေရာခံမရအောင် ဖြစ်နေသော ပဋိပက္ခမဟုတ်ဟု ICG အဖွဲ့ သုံးသပ်
Friday, 11 January 2013

ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများနှင့် ပတ်သက်၍
နိုင်ငံတကာ ပဋိပက္ခများ လေ့လာသုံးသပ်ရေးအဖွဲ့ (ICG)က ဇန်န၀ါရီ 
၁၀ ရက်တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ရာ၌ ယင်းအရေးကိစ္စမှာ ရှုပ်ထွေးသော်လည်း ခြေရာခံမရအောင်ဖြစ်နေသော ပဋိပက္ခမဟုတ်ကြောင်း အကဲဖြတ်ထားသည်။

အကြောင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် မြန်မာ့စစ်ဘက်
အကြားတွင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တရားဝင်ဆွေးနွေးပွဲများ
သာမက ယင်းကို မည်သို့အကောင်အထည်ဖော်မည်ဆိုခြင်းနှင့် စပ်လျဉ်း၍လည်း အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသောကြောင့်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် အစီရင်ခံစာတွင် မြန်မာစစ်ဘက်နှင့် KIO အဖွဲ့တို့၏ ရပ်တည်ချက်များကို အတတ်နိုင်ဆုံး လေ့လာသုံးသပ် ဝေဖန်ပြောကြား
ထားပြီး နောက်ဆုံးဖြစ်ပေါ်ခဲ့သော KIO လိုင်ဇာဌာနချုပ်အနီး စခန်းတစ်ခုအား မြန်မာစစ်ဘက်မှ လေကြောင်းအထောက်အကူဖြင့် တိုက်ခိုက်ခဲ့ခြင်းမှာ ထိုးစစ်များ မဆင်နွှဲရန် သမ္မတ၏အမိန့်နှင့် ကိုက်ညီပုံမရဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် တစ်ဆက်တည်းမှာပင် စစ်ဘက်တပ်စခန်းများသို့ စားနပ်ရိက္ခာ
ထောက်ပံ့ရေးအတွက် ယာဉ်တန်းများ ဖြတ်သန်းမည်ကို ကြိုတင်အသိပေး အကြောင်းကြားထားခဲ့သော်လည်း KIO အဖွဲ့က သုံးကြိမ်၊ သုံးခါစလုံး ချုံခိုတိုက်ခိုက်ခဲ့သည်ဟု New Light of Myanmar မှ သတင်းကိုလည်း အစီရင်ခံစာတွင် ကိုးကားဖော်ပြထားသည်။

ထို့အပြင် တိုက်ခိုက်မှုများ မြင့်တက်လာခြင်းအတွက် KIO တွင်လည်း အပြစ်မကင်းကြောင်း အစီရင်ခံစာက ဆိုထားပြီး တပ်မတော်ကို ထိုးစစ်များမပြုရန် သမ္မတ၏ကြေညာချက်ကို KIO အဖွဲ့က တူညီစွာ တုံ့ပြန်ခြင်းမရှိဘဲ စစ်ဘက်နှင့် မဟာဗျူဟာကျသော ပစ်မှတ်များအား ဆက်လက်တိုက်ခိုက်နေသည်ဟု ယင်းအစီရင်ခံစာကဆိုသည်။
အောက်တိုဘာ ၃၀ ရက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်လည်း စစ်ဘက်က အရာရှိကြီးတစ်ဦးဖြင့် ကိုယ်စားပြုခဲ့သော်လည်း KIO ဘက်က အဆင့်နိမ့်ကိုယ်စားလှယ်အဖွဲ့သာ တက်ရောက်ခဲ့ခြင်းအတွက်လည်း အရေးမစိုက်ခြင်းဟု အဓိပ္ပာယ်ကောက်ခံရပြီး ယင်းသို့ဖြစ်လာရန် တပင်တပန်း ကြိုးစားခဲ့သော ၀န်ကြီးဦးအောင်မင်းအတွက်လည်း မျက်နှာပျက်စရာဖြစ်ခဲ့သည်။

ယင်းအစီရင်ခံစာမှာပင် ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ မြင့်တက်
လာပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သမ္မတဦးသိန်းစိန်၏ပုံရိပ်ကိုလည်း ထိခိုက်နိုင်ကြောင်း သတိပေးထားသော်လည်း ပွင့်လင်းလာသော
နိုင်ငံရေးအခြေအနေမှနေ၍ ယခုပဋိပက္ခအား လူတိုင်းလူတိုင်းက ဆန်းစစ်လေ့လာ ခွဲခြားသုံးသပ်လာနိုင်သည်ဟု သုံးသပ်ထားသည်။

-Ref: A Serious threat to peace in Myanmar By; ICG)

7Day News Journal 
ဓာတ်ပုံ - ဧရာဝတီ
ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများနှင့် ပတ်သက်၍
နိုင်ငံတကာ ပဋိပက္ခများ လေ့လာသုံးသပ်ရေးအဖွဲ့ (ICG)က ဇန်န၀ါရီ
၁၀ ရက်တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ရာ၌ ယင်းအရေးကိစ္စမှာ ရှုပ်ထွေးသော်လည်း ခြေရာခံမရအောင်ဖြစ်နေသော ပဋိပက္ခမ ဟုတ်ကြောင်း အကဲဖြတ်ထားသည်။

အကြောင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် မြန်မာ့စစ်ဘက်အကြားတွင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တရားဝင်ဆွေးနွေးပွဲများသာမက ယင်းကို မည်သို့အကောင်အထည်ဖော်မည်ဆိုခြင်းနှင့် စပ်လျဉ်း၍လည်း အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသောကြောင့်ဟု ယင်းအစီရင် ခံစာ တွင် ဖော်ပြထားသည်။

သို့သော် အစီရင်ခံစာတွင် မြန်မာစစ်ဘက်နှင့် KIO အဖွဲ့တို့၏ ရပ်တည်ချက်များကို အတတ်နိုင် ဆုံး လေ့လာသုံးသပ် ဝေဖန်ပြောကြားထားပြီး နောက်ဆုံးဖြစ်ပေါ်ခဲ့သော KIO လိုင်ဇာဌာနချုပ်အနီး စခန်း တစ်ခုအား မြန်မာစစ်ဘက်မှ လေကြောင်းအထောက်အကူဖြင့် တိုက်ခိုက်ခဲ့ခြင်းမှာ ထိုးစစ်များ မဆင်နွှဲရန် သမ္မတ၏အမိန့်နှင့် ကိုက်ညီပုံမရဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် တစ်ဆက်တည်းမှာပင် စစ်ဘက်တပ်စခန်းများသို့ စားနပ်ရိက္ခာထောက်ပံ့ရေးအတွက် ယာဉ်တန်းများ ဖြတ်သန်းမည်ကို ကြိုတင် အသိပေး အကြောင်းကြားထားခဲ့သော်လည်း KIO အဖွဲ့က သုံးကြိမ်၊ သုံးခါစလုံး ချုံခိုတိုက်ခိုက်ခဲ့သည်ဟု New Light of Myanmar မှ သတင်းကိုလည်း အစီရင်ခံစာတွင် ကိုးကားဖော်ပြ ထားသည်။

ထို့အပြင် တိုက်ခိုက်မှုများ မြင့်တက်လာခြင်းအတွက် KIO တွင်လည်း အပြစ်မကင်းကြောင်း အစီရင်ခံစာက ဆိုထားပြီး တပ်မတော်ကို ထိုးစစ်များမပြုရန် သမ္မတ၏ကြေညာချက်ကို KIO အဖွဲ့က တူညီစွာ တုံ့ပြန်ခြင်းမရှိဘဲ စစ်ဘက်နှင့် မဟာဗျူဟာကျသော ပစ်မှတ်များအား ဆက်လက်တိုက်ခိုက်နေသည်ဟု ယင်းအစီရင်ခံစာကဆိုသည်။
အောက်တိုဘာ ၃၀ ရက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်လည်း စစ်ဘက်က အရာရှိကြီးတစ်ဦးဖြင့် ကိုယ်စားပြုခဲ့သော်လည်း KIO ဘက်က အဆင့်နိမ့်ကိုယ်စားလှယ်အဖွဲ့သာ တက်ရောက် ခဲ့ခြင်း အတွက် လည်း အရေးမစိုက်ခြင်းဟု အဓိပ္ပာယ်ကောက်ခံရပြီး ယင်းသို့ဖြစ်လာရန် တပင်တပန်း ကြိုးစားခဲ့သော ၀န်ကြီးဦးအောင်မင်းအတွက်လည်း မျက်နှာပျက်စရာဖြစ်ခဲ့သည်။

ယင်းအစီရင်ခံစာမှာပင် ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ မြင့်တက်လာပါက ငြိမ်းချမ်းရေး လုပ် ငန်းစဉ်နှင့် သမ္မတဦးသိန်းစိန်၏ပုံရိပ်ကိုလည်း ထိခိုက်နိုင်ကြောင်း သတိပေးထားသော်လည်း ပွင့်လင်း လာသောနိုင်ငံရေး အခြေအနေမှနေ၍ ယခုပဋိပက္ခအား လူတိုင်းလူတိုင်းက ဆန်းစစ်လေ့လာ ခွဲခြားသုံး သပ်လာနိုင်သည်ဟု သုံးသပ်ထားသည်။


7Day News Journal
ဓာတ်ပုံ - ဧရာဝတီ

No comments:

Post a Comment