Monday, January 21, 2013

ကျွန်းသစ်လုံး (၁၀၀၀)ခန့် ဖမ်းဆီးရမိ

၁၈-၁-၂၀၁၃ ရက်နေ့ ၁၂၃၅ အချိန် မင်းတပ်ခရိုင်၊ သစ်တောဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန်ပက်လက်မြို့၊ လဲဘောအုပ်စု၊ ကျင်းဒွေးရဲစခန်း၏ တောင်ဘက်မိုင် ၃၀ ခန့်အကွာ
တွင် ကြက်မောက်တောင် သစ်တောကြိုးဝိုင်းအကွက် ၂၉ အတွင်းဝင်ရောက်ရှာဖွေရာ ကျွန်းသစ်အလုံး ၁၀၀၀ ခန့်အား သစ်လေလံထုတ်လုပ်ခွင့်ရရှိသော ဂန့်ဂေါမြို့၊ xxxx ကုမ္ပဏီမှ ဦးဝင်းမောင်က ငှားရမ်းသဖြင့် ဆင်ဦးစီး မင်းရဲကျော်(၃၀)နှစ်နှင့် အစ်ကိုဖြစ်သူ ဆင်နောက်လိုက် ၀င်းသန်းဦး(၃၆)နှစ်တို့မှ သစ်ဆွဲခ ၁ တန် လျင် ၁၇၀၀၀ ကျပ်နှုန်းဖြင့် ဆွဲယူစုပုံနေသည်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

၁၉-၁-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ကန်ပက်လက်မြို့နယ်သစ်တောဦးစီးဌာနမှ တိုင်တန်း၍ ဆင်ဦးစီး ဦးရဲမင်းကျော်၊ ဆင်နောက်လိုက် ၀င်းသန်းဦးတို့ ၂ ဦးအား ကျင်ဒွေးရဲစခန်း(ပ)၂/၂၀၁၃၊ သစ်တောအက် ၄၃(က)အရ အမှုဖွင့်အရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။

From : ရဲဇာနည်

No comments:

Post a Comment