Friday, January 18, 2013

ဂျကာတာ ရေဘေး ၄ ဦးသေဆုံး

ဂျကာတာ ရေဘေး ၄ ဦးသေဆုံး
Friday, January 18, 2013 

အင်ဒိုနီးရှားနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ မုတ်သုံမိုး ရက်ပေါင်းအတန်ကြာ
ဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် မြို့တော် ဂျကာတာရဲ့ နေရာအတော်
များများ ခါးလည်လောက် ရေဖုံးလွှမ်းမှုဖြစ်ပွားနေပြီး၊ အနည်းဆုံး လူ ၄ ဦး သေဆုံး သွားခဲ့ပြီး ဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ မြို့ခံ ပြည်သူတွေမှာလည်း နေရေးထိုင်ရေး အခက်ခဲတွေ ကြုံတွေ့နေကြရပါတယ်။ အခုလိုရေတွေ ကြီးနေတဲ့အတွက် အစိုးရရုံး
အများအပြားနဲ့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများ
ကြာသာပတေးနေ့မှာပိတ်ထားကြရပါတယ်။

လူဦးရေ ၁၄ သန်းနေထိုင်တဲ့ မြိ့တော်ရဲ့ လမ်းတွေ အများအပြားမှာလည်း
ရေတွေလျှံနေပြီး သွားလို့လာလို့ မရဖြစ်နေ ပါတယ်။

မိုးရွာသွန်းမှုဟာ လာမယ့်ရက်တွေအတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ မိုးလေ၀သ ခန့်မှန်းချက်တွေမှာ ဖေါ်ပြနေပါတယ်။ 

ဒါဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး မိုးရွာသွန်းမှုလည်းဖြစ်ပါတယ်။
ရေတံခါးတွေနားမှာ မြင့်တက်လာနေတဲ့ ရေပမာဏဟာ အန္တရယ်ဖြစ်စေတဲ့ အနေအထားကို ရောက်နေပြီး ရေကြီးမှုဟာ မြို့ရဲ့တခြားနေရာ
တွေကို ပြန့်နှံ့သွားနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

အခုချိန်အထိ လူပေါင်း ၂ သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း
ပေးထားရပါတယ်။

ဗွီအိုအေ

အင်ဒိုနီးရှားနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ မုတ်သုံမိုးရက်ပေါင်းအတန်ကြာ ဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် မြို့တော် ဂျကာတာရဲ့ နေရာအတော် များများ ခါးလည်လောက် ရေဖုံးလွှမ်းမှုဖြစ်ပွားနေပြီး၊ အနည်းဆုံး လူ ၄ ဦး သေဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။


ထောင်နဲ့ချီတဲ့မြို့ခံ ပြည်သူတွေမှာလည်း နေရေးထိုင်ရေး အခက်ခဲတွေကြုံတွေ့နေကြရပါတယ်။ အခု လိုရေတွေ ကြီးနေတဲ့အတွက် အစိုးရရုံးအများအပြားနဲ့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများ ကြာသာပတေးနေ့မှာပိတ်ထားကြရပါတယ်

လူဦးရေ ၁၄ သန်းနေထိုင်တဲ့ မြိ့တော်ရဲ့လမ်းတွေအများအပြားမှာလည်းရေတွေလျှံနေပြီးသွားလို့လာလို့ မရဖြစ်နေပါတယ်။

မိုးရွာသွန်းမှုဟာ လာမယ့်ရက်တွေအတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ မိုးလေ၀သ ခန့်မှန်းချက်တွေ မှာ ဖေါ်ပြနေပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး မိုးရွာသွန်းမှုလည်းဖြစ်ပါတယ်။ ရေတံခါးတွေနားမှာ မြင့် တက် လာနေတဲ့ ရေပမာဏဟာအန္တရယ်ဖြစ်စေတဲ့ အနေအထားကို ရောက်နေပြီး ရေကြီးမှုဟာ မြို့ရဲ့တခြားနေ ရာတွေကို ပြန့်နှံ့သွားနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုချိန်အထိ လူပေါင်း ၂ သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။


ဗွီအိုအေ

No comments:

Post a Comment