Friday, January 18, 2013

အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဇန်န၀ါရီလ ၂၇ ရက်တွင် ကျင်းပမည်


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကောမတီနှင့် (FMI) တို့ပူးပေါင်းကျင်းပပြုလုပ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဇန်န၀ါရီလ ၂၇ ရက်တွင် ပြည်သူ့ရင်ပြင်ရှေ့ မှ စတင်တာလွှတ် ကျင်း ပမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာမှ မာရသွန်အားကစားသမား ၅၂၀ နှင့် မြန်မာနိုင်ငံမှ မာရသွန် အပြေးအားကစားသမား ၅၃၀ စုစုပေါင်း ၁၀၅၀ တို့ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်း မာရသွန်ပြိုင်ပွဲအား ၂၀၁၃ ခုနှစ် အရှေ့တော်အာရှ အားကစားပွဲတော်အကြို လှုံ့ဆော်လှုပ်ရှားမှု အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး မြန်မာ ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ဗီယက်နမ်၊ ထိုင်း၊လာအို၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အရှေ့တီမော၊ကမ္ဘောဒီယား၊ တရုတ်၊အိန္ဒိယ၊ဂျပန်၊အင်္ဂလန်၊အမေရိကန်၊ သြစတေးလျ၊ အီသီယိုး ပီးယား၊ကင်ညာ အစရှိသော နိုင်ငံများမှ မာရသွန်အပြေးသမားများပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင် သိ ရသည်။
ပြိုင်ပွဲအား ၄၂ ကီလိုမီတာ၊ ၁၀ ကီလိုမီတာနှင့် ၃ ကီလိုမီတာ ဟူ၍ အမျိုးအစား သုံးမျိုးသတ်မှတ်ထားပြီး ဆုကြေးအဖြစ် အတန်းလိုက်ဆု ၅ ဆုထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။


Popular Myanmar News Journal

No comments:

Post a Comment