Wednesday, January 30, 2013

"တပ်မတော်သိမ်းထားသောမြေ အမှန်နစ်နာသူများအတွက် ဖြေရှင်းပေးရန် ကာ/ချုပ် ညွှန်ကြားထား"



တပ်မတော်မှ သိမ်းဆည်းထားသောမြေများကို အမှန်တကယ်နစ်နာသူများ အတွက် ဖြေရှင်းပေးရန် ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားသည်ဟု တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က ပြောသည်။



ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မ ရှင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးတို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ လ ၂၈ ရက်တွင် လွှတ်တော် အဆောက်အအုံ I-6 ၌ ပြုလုပ်စဉ် ဗိုလ်ချုပ်မင်းနိုင်က အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

''မြေကိစ္စနဲ့ ပတ်သက်လို့ ပထမအဆင့် အနေနဲ့တော့ တပ် တည်ဆောက်ရေးကို ရည်ရွယ်ပြီးတော့ သိမ်းဆည်းခဲ့မှု ဖြစ်ပါတယ်။ ဒါကြောင့် တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အမှန်တကယ် လိုအပ်တဲ့မြေ မှန်ကန်မှု ရှိ မရှိ ပြန်လည် စိစစ်ဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လမ်း“ညွှန်ထားပါတယ်။ တပ်ရင်းတစ်ရင်း ဖွင့်ဖို့သိမ်းတယ် ဆိုရင် မြေဧက ဘယ်လောက်လို သလဲဆိုတာ စိစစ်ဖို့ လမ်းညွှန်ထားပါတယ်'' ဟု ၄င်းက ပြောသည်။

တပ်တည်ဆောက်ရေးနှင့် မသက်ဆိုင်ဘဲ ယခင်က စိုက်ပျိုးမွေးမြူရေး အတွက် တပ်ရင်းများ ၏ အစီအစဉ်ဖြင့် သိမ်းဆည်းခဲ့သော မြေများတွင် ပုဂ္ဂလိကပိုင်ဆိုင်မှု ပါရှိပါက ဖြေရှင်းဆောင် ရွက်ပေးရန် ညွှန်ကြားမှု ရရှိထား ကြောင်း ၄င်းက ပြောသည်။

''အဓိကအားဖြင့် တပ်တည် ဆောက်ရေး လုပ်ငန်းမှာ အမှန်တကယ် လိုတာ ဟုတ်မဟုတ်ကို တပ်ရင်းရဲ့ အကွက်ချ ပုံစံကို Master Plan တွေနဲ့ ပြန် လည် စိစစ်မှာ ဖြစ်ပါတယ်။ တကယ်လို့ လုံခြုံရေးအရ တချို့တပ်တွေရဲ့ အမျိုးအစားအရ တပ်ဆောက်တဲ့ အဆောက်အအုံ အကွက်လေးတင် မဟုတ်ဘဲနဲ့ တပ်ရဲ့ သဘော သဘာဝအရ လုံခြုံရေးအတွက် ထပ်လိုတယ် ဆိုရင် သင့်တော်တဲ့ အနည်းဆုံးမြေကို စိစစ်ပြီးတော့ သိမ်းမှာဖြစ်ပါတယ်။ အနာဂတ် စီ မံချက်အတွက် သိမ်းခဲ့တာ ရှိပါတယ်။ ဒါတွေကိုလည်း လက်ရှိ မှာ ဘာတွေ ဆောင်ရွက်နေသလဲဆိုတာ စိစစ်ပြီး ပြန်လည်စဉ်းစားပေး မှာပါ'' ဟု ၄င်းကပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ၂ဝ၁၂ ခုနှစ်အတွင်း တပ်မြေသိမ်း ဆည်းမှု ၄၂ မှုကို စိစစ်ပြီး သီးနှံ ပင်နှင့် မြေ ၁၉၅၁ ဒသမ ၉ ဧက အတွက် လျော်ကြေးငွေ ကျပ် ၉၉၉ ဒသမ ၂၅၈ သန်းပေးခဲ့ကြောင်း ၄င်းက ပြောသည်။
''သီးစားခမချဖို့ ကာကွယ်ရေး ဦးစီးချုပ်က ညွှန်ကြားထားပြီး ဖြစ် ပါတယ်။ သီးစားချလို့ တပ်မှူးတချို့ ကို စစ်စည်းကမ်းနဲ့ အရေးယူခဲ့ တာလည်း ရှိပါတယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေက မလုပ်နိုင်ဘူးဆိုရင် တပ်က သိမ်းထား တယ်လို့ ရှင်းပြ ပြီးတော့ လယ်သမားတွေကို အခ ကြေးငွေမယူဘဲ လုပ်ကိုင်ခွင့်ပေးဖို့ ညွှန်ကြားထားပါတယ်'' ဟု ၄င်းက ဆက်ပြောသည်။

ရေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိမြင့်သန်းက မွန်ပြည်နယ် တွင် တပ်ပိုင်မြေများရှိ စိုက်ပျိုးထားသော ရော်ဘာခင်းများ အတွက် သီးစားခကို တစ်နှစ်လျှင် သုံးခါပေးနေရကြောင်း၊ ပေးဆောင် ရမည် ဆိုပါက တောင်သူများ အကြွေးမပိစေရန် ရော်ဘာထွက် ရှိပြီးမှ သာ ပေးဆောင်လိုကြောင်း၊ လက်အောက်ငယ်သားများ၏ အချို့ လုပ်ရပ်ကို အထက်လူကြီးများ က မသိရှိကြောင်း ပြောသည်။

တွဲဖက် စစ်ထောက်ချုပ် ဗိုလ် ချုပ်မင်းနိုင်က ''ကော်မရှင်က တင် ပြထားတဲ့ တပ်မတော်အရာရှိ ဟောင်း ၁၄ ဦးနဲ့ ပတ်သက်ပြီး တိုင်ကြားမှုကိုလည်း ကျွန်တော် ပြန်ပြီး တင်ပြပါ့မယ်။ တပ်မတော်က လိုအပ်လို့ မြေသိမ်း တဲ့အခါမှာ လယ်၊ ယာ၊ ဥယျာဉ်ခြံမြေတွေ မပါဝင်ဖို့၊ ပါခဲ့မယ်ဆိုရင်လည်း အနည်းဆုံးဖြစ်ဖို့ မူဝါဒ ချမှတ်ထား ပါတယ်။ လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေနဲ့အညီ လုပ်တာပါ'' ဟု ပြောသည်။

မြေပုံပေါ်ရှိ အချက်အလက် များနှင့် မြေပြင်ရှိ လက်တွေ့ အခြေအနေ ကွဲလွဲမှုကြောင့် မြေ သိမ်းဆည်းပြီးမှ တိုင်ကြားစာများ ရရှိကြောင်း၊ နစ်နာသူများကိုလည်း စိစစ်ဖြေရှင်းပေးကြောင်း ၄င်းက ပြောသည်။
''တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြေသိမ်းတဲ့ကိစ္စ ဆောင် ရွက် ပေးနေတာ သိတော့ မဟုတ်မမှန် တိုင်ကြားမှုတွေလည်း ရှိလာပါတယ်။ အမှန်တကယ် နစ်နာတဲ့သူတွေကို စိစစ်ပြီး ဖြေရှင်းပေးမှာပါ'' ဟု ၄င်းက ဆက်ပြော သည်။

လယ်ယာမြေ စုံစမ်းရေး ကော် မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်က မြေယာအမှုများ ကို အားလုံးပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ် ကြောင်း၊ မမှန်မကန် တိုင်ကြားမှုများ နှင့် နိုင်ငံရေးအရ အမြတ်ထုတ်မှုများလည်း ရှိလာကြောင်း ပြောသည်။

စိုင်းနောင်
ပေါ်ပြူလာ ဂျာနယ်

No comments:

Post a Comment