၁၉-၁-၂၀၁၃ ရက်နေ့ ၂၃၅၅ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊
စက်သစ်ရပ်ကွက်၊ မြို့မဈေးရှိ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်နေ
ဦးအခုံး၏ ဆိုင်ခန်းအမှတ်(ဆ/၂၄) ပလပ်စတစ်ပစ္စည်းအရောင်းဆိုင်မှ
ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဈေးအတွင်းရှိ စုစုပေါင်း ဆိုင်ခန်း (၅၉၇)ဆိုင် မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ
ဦးအခုံးအား သံဖြူဇရပ်ရဲစခန်း(ပ)၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်
အမှုဖွင့်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မီးလောင်ဆုံးရှုံးခဲ့သည့် ဆိုင်ခန်းအရေအတွက်မှာ
လျှပ်စစ် ပစ္စည်းဆိုင် (၂၇) ဆိုင်၊ ရွှေဆိုင်(၉၅)ဆိုင်၊
ကုန်ခြောက်ဆိုင်(၄၁)ဆိုင်၊ အထည်ဆိုင်(၂၁၅)ဆိုင်၊
အခြားပစ္စည်း ဆိုင်(၇၆) ဆိုင်၊ ဆိုင်ခန်းအလွတ်(၁၃၈)ဆိုင်၊ ထီးဆိုင်(၂၁)ဆိုင်၊
စားသောက်ဆိုင်(၁၂)ဆိုင်၊ သက်သာဆိုင်(၂)ဆိုင်၊ စုစုပေါင်း(၆၂၇)ဆိုင်
ဖြစ်ပြီး စုစုပေါင်းတန်ဘိုးငွေကျပ်(၂၇၄၄.၅၄)သိန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် 
ဦးအခုံး၏ လျှပ်စစ်ပစ္စည်းဆိုင်မှ စတင်လောင်ကျွမ်းခြင်းမဟုတ်ဘဲ
ဈေးပတ်လည်လုံခြုံရေးမီးလိုင်းမှ ၀ါယာရှော့ဖြစ်၍
မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် ဦးအခုံးအား
ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၁၆၉ အရ ပြန်လွှတ်ပေးခဲ့ပြီး တာဝန်ရှိသူ
သံဖြူဇရပ်မြို့၊ မြို့မဈေးအိမ်ယာ ၀င်းနေ ဈေးခေါင်း(၄)ဦးထွန်းကြည်(၅၇)နှစ်အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
Eleven Media Group

No comments:
Post a Comment