Tuesday, January 22, 2013

ပေါ်တူဂီ၌ ရာသီဥတုဆိုးရွားမှုကြောင့် တစ်ဦးသေ ၂၁ ဦး ဒဏ်ရာရရှိ

ပေါ်တူဂီ၌ ရာသီဥတုဆိုးရွားမှုကြောင့် တစ်ဦးသေ ၂၁ ဦး ဒဏ်ရာရရှိ

ပေါ်တူဂီ နိုင်ငံ၌ ဇန်နဝါရီ ၂ဝ ရက်က မိုး သည်းထန်စွာ ရွာသွန်း၍ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သော ကြောင့် အသက် ၈၅ နှစ် အရွယ်ရှိ အမျိုးသားကြီး တစ်ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာ ရရှိ၍ ၄၆ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သတင်း ရရှိသည်။

ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းနှင့် ၁၉ ရက်ညပိုင်းက ပေါ်တူဂီ၏ ရာသီဥတုသည် အဆိုးရွားဆုံး အဆင့် ဖြစ်သည့် အနီရောင် သတိပေးချက် အဆင့် ထုတ်ပြန် ခဲ့ရပြီး တစ်နာရီလျှင် ၁၂ဝ ကီလိုမီတာ နှုန်းဖြင့်  လေပြင်း တိုက်ခတ် ခဲ့ကြောင်း သိရသည်။ ရာသီဥတု ဆိုးရွားမှုကြောင့် ဒေသငါးခု၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက် ရှိပြီး လယ်မြေ ဧကများ ပျက်စီး ခဲ့သဖြင့် ယူရို ၆ သန်းကျော် (အမေရိကန် ဒေါ်လာ ၈ သန်းခန့်) တန်ဖိုးခန့် ဆုံးရှုံး ခဲ့ရကြောင်း သတင်း ဌာနများ၏ ပြောကြားချက် အရ သိရသည်။

http://www.myawady.net.mm/allnews/global/item/4974-2013-01-22-09-08-09#.UP49Qp28B8E
ပေါ်တူဂီ နိုင်ငံ၌ ဇန်နဝါရီ ၂ဝ ရက်က မိုးသည်းထန်စွာ ရွာသွန်း ၍ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သော ကြောင့် အသက် ၈၅ နှစ် အရွယ်ရှိအမျိုးသားကြီး တစ်ဦး သေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရရှိ၍ ၄၆ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သတင်း ရရှိသည်။

ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းနှင့် ၁၉ ရက်ညပိုင်းက ပေါ်တူဂီ၏ ရာသီဥတုသည် အဆိုးရွားဆုံး အဆင့်ဖြစ် သည့်အနီရောင်သတိပေးချက်အဆင့်ထုတ်ပြန်ခဲ့ရပြီး တစ်နာရီလျှင် ၁၂ဝ ကီလိုမီတာ နှုန်းဖြင့်လေပြင်း တိုက်ခတ်ခဲ့ကြောင်းသိရသည်။ ရာသီဥတုဆိုးရွားမှုကြောင့် ဒေသငါးခု၌လျှပ်စစ်ဓာတ်အား ပြတ်တောက် လျက်ရှိပြီး လယ်မြေဧကများပျက်စီးခဲ့သဖြင့် ယူရို ၆ သန်းကျော် (အမေရိ ကန် ဒေါ်လာ ၈ သန်းခန့်) တန်ဖိုး ခန့်ဆုံးရှုံးခဲ့ရကြောင်း သတင်းဌာနများ၏ ပြောကြားချက်အရသိရသည်။
မြ၀တီ

No comments:

Post a Comment