လက်ပန်းတောင်းတောင်ဒေသ က ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံရမှု ၂ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒေသခံအင်အား ၂ ထောင်ကျော်ဟာ တုံရွာသပိတ်စခန်း ကနေ ညောင်ပင်ကြီးဆိပ်ကမ်းအထိ ဒီကနေ့လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြပြီး၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးကို အဓိကထား တောင်းဆိုခဲ့တယ်လို့ အဲဒီဆန္ဒပြပွဲမှာပါဝင်တဲ့ တောကျောင်းကျေးရွာ မှ ဒေသခံ ဦးမြင့်ဌေးက RFA ကို ပြောပါတယ်။
"ဆန္ဒပြတဲ့နေရာမှာ လက်ပန်းတောင်းကြေးနီစီမံကိန်းရပ
ဆန္ဒပြတဲ့ ဒေသခံတွေဟာ နေ့လည် ၁၁ နာရီမှာ တုံရွာသပိတ်စခန်းက စတင်လမ်းလျှောက်ခဲ့ကြပြီး လက်ပန်းတောင်းတောင်ခြေက စီမံကိန်းဖော်ဆောင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှေ့မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး၊ သပိတ်စခန်းဖြိုခွဲခံရမှုမှာ တာဝန်ရှိသူတွေကို အမြန်ဖော်ထုတ်ပေးရေးစတဲ့ အချက်တွေကို ကြွေးကြော်ခဲ့ကြပြီး ညနေ ၄ နာရီမှာ ညောင်ပင်ကြီးဆိပ်ကမ်းအထိ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို ဒေသခံအာဏာပိုင်တွေဘက်က အနီးကပ်စောင့်ကြည့်တာမျိုးတွေနဲ
RFA
No comments:
Post a Comment