Saturday, January 5, 2013

ငါးမွေးမြူရေး ကန်အ တွင်း အမျိုး သမီး အလောင်း တွေ့ရှိ

၃-၁-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်  နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၃၇)၊ စက်မှုညွှန်ကြားမှုဦးစီးဌာနရုံး  ငါးမွေးမြူရေးကန်တွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းအရ ဘုရားကုန်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါရုံးမှ နေ့စားဝန်ထမ်းဖြစ်သူ ဇမ္ဗူသီရိမြို့နယ်၊ ၀ဏ္ဏသိဒ်္ဓိရပ်ကွက်နေ မနီလာမြင့်(၂၆)နှစ်၏ အလောင်းကို ရေကန်အ တွင်းတွေ့ရှိ ရပြီး ကန်ဘောင်ပေါ်တွင် ၎င်းဖိနပ်အား တွေ့ရှိခဲ့သည်။

အလောင်းမှာ ပြင်ပဒဏ်ရာမရှိဘဲ ရေကန်အတွင်း သေဆုံးနေခြင်းဖြစ်၍ နေပြည်တော် ကုတင်(၁၀၀၀)   ဆေး ရုံ သို့ တင်ပို့ခဲ့သည်။

မနီလာမြင့်မှာ ၂-၁-၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် အလုပ်လုပ်ကိုင်နေ ရာမှ ပျောက်ဆုံးနေခြင်း   ဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဘုရားကုန်းရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၃ ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

From : Myanmar Online News

No comments:

Post a Comment