Saturday, January 5, 2013

ကလေးတွင် လူသတ် တရားခံပြေး အသတ်ခံရ


စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် လူသတ်မှု ကျူးလွန်ထားပြီး ကလေး ရဲစခန်းက (ပ) ၄၄၄ / ၂၀၁၂ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် ထွက်ပြေးနေသည့် လူသတ် တရားခံပြေး ဦးကြွက်သိုး (ခ) ငြိမ်းချမ်း အောင် သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကလေးမြို့နယ် ထန်ဘုရား ရေနံမှော်တွင် အသတ်ခံခဲ့ရ ကြောင်း အဆိုပါ ကလေး ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ယင်းနေ့ ညနေ ၆ နာရီခွဲ အချိန်တွင် ထန်ဘုရား ရေနံမှော်နေ ဦးအဲဘွာ အိမ်မှ သေနတ်သံ တစ် ချက်ကြားရပြီး ခဏအကြာတွင် အိမ်နီးချင်း ဦးသန်းတင် အိမ်သို့ ဦးရိုးဆိုသူ ရောက်ရှိလာပြီး ကြွက် သိုးကို ပစ်သတ် ခဲ့ကြောင်း ပြောဆို ထွက်သွားသည့် အတွက် အိမ်နီးချင်း ဖြစ်သူ ဦးသန်းတင် သည် ရေနံမှော်ရှိ လူငယ်များ နှင့် အခင်းဖြစ် နေရာသို့ သွားရောက် ကြည့်ရှုရာ ကြွက်သိုး(ခ) ငြိမ်းချမ်းအောင် သည် ယင်း နေ အိမ် အောက် ထပ်ဆင့် ပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ကြောင့် ဥပဒေ အရ အရေးယူ ပေးပါရန် ဦးသန်းတင် က ကလေး ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံ မှ စုံစမ်း သိရှိရသည်။

လူသတ်မှု ကျူးလွန် ထားသူဟု ယူဆ ခံထားရသည့် ဦးရိုးသည် ရွှေ့ပြောင်း လုပ်သား တစ်ဦးဖြစ်ပြီး လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်း ဦးသန်းတင် က ပြောကြားသည်။

အဆိုပါ အမှုကို ကလေးရဲစခန်း ၌ (ပ) ၅၁၅/၂၀၁၂ ၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ထားပြီး လူသတ်မှု ကျူးလွန်ထားသူကို ဖမ်းဆီး ရမိရေးအတွက် ကလေး ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက စုံစမ်း လျက်ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

From: The Voice

No comments:

Post a Comment