Tuesday, January 22, 2013

“အာဖဂန်တွင် တာလီဘန်တို့ကို ပစ်ခတ်ခဲ့ကြောင်း မင်းသားဟယ်ရီ ပြောကြား”

“အာဖဂန်တွင် တာလီဘန်တို့ကို ပစ်ခတ်ခဲ့ကြောင်း မင်းသားဟယ်ရီ ပြောကြား”

အာဖဂန် နစ္စတန်တွင် စစ်မှုထမ်းခဲ့သည့် မင်းသား ဟယ်ရီက ၎င်းသည် တိုက်ခိုက်ရေး ကဏ္ဍတွင် ပါဝင်ပြီး အကြမ်းဖက် သမားများကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ ဗြိတိသျှ အိမ်ရှေ့မင်းသား ဟယ်ရီသည် ယခုအခါ အသက်(၂၈)နှစ် ရှိနေပြီး ၎င်းကို ကပ္ပတိန် ဝေလဟု စစ်တပ်ထဲတွင် ချစ်စနိုး အမည်ပေးထားသည်။ 

ဟယ်ရီသည် အမေရိကန်လုပ် Apache အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို မောင်းနှင်ကာ သီတင်းပတ် (၂၀)ကျော်မျှ အာဖဂန်တွင် သွားရောက် စစ်မှုထမ်းခဲ့သည်။ 

၎င်းက ကမ့်ဘက်စတီယန် စစ်စခန်းတွင် ရှိနေစဉ် အတောအတွင်း တွေ့ကြုံခဲ့သည်များကို မီဒီယာများနှင့် အင်တာဗျူး ဖြေဆိုခဲ့ရာ တာလီဘန်များကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/20782
အာဖဂန်နစ္စတန်တွင် စစ်မှုထမ်းခဲ့သည့် မင်းသားဟယ်ရီက ၎င်းသည် တိုက်ခိုက်ရေး ကဏ္ဍတွင်ပါဝင်ပြီး အကြမ်းဖက်သမားများကို သုတ် သင် ရှင်းလင်းခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ ဗြိတိသျှအိမ်ရှေ့ မင်းသားဟယ်ရီသည် ယခုအခါ အသက်(၂၈)နှစ်ရှိနေပြီး ၎င်းကို ကပ္ပတိန် ဝေလဟု စစ်တပ်ထဲတွင် ချစ်စနိုးအမည်ပေးထားသည်။

ဟယ်ရီသည် အမေရိကန်လုပ် Apache အမျိုးအစားတိုက်ခိုက်ရေး ရဟတ်ယာဉ်ကို မောင်းနှင်ကာ သီတင်းပတ် (၂၀)ကျော်မျှ အာဖဂန်တွင် သွားရောက် စစ်မှုထမ်းခဲ့သည်။

၎င်းက ကမ့်ဘက်စတီယန် စစ်စခန်းတွင်ရှိနေစဉ် အတောအတွင်း တွေ့ကြုံခဲ့သည်များကို မီဒီယာများနှင့် အင်တာဗျူး ဖြေဆိုခဲ့ရာ တာလီဘန်များကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ ခဲ့ခြင်း ဖြစ်သည်။
မြ၀တီ


No comments:

Post a Comment