Thursday, January 17, 2013

ကမ္ဘာ့ ဆန်ပြပွဲတွင် မြန်မာ နိုင်ငံမှ ပေါ်ဆန်းမွှေးသည် အရည်အသွေး အကောင်းဆုံး ရွေးချယ်ခံရ




ယမန်နေ့က ဆွေးနွေးခဲ့ ကြသော ပဉ္စမ ကာလကို ငါးနှစ် အမျိုးသား စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍ နှစ်ထိ) (မူကြမ်း) နှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် စတုတ္ထနေ့ အစည်း အဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦးက ဆက်လက် ဆွေးနွေးကြသည်။

ဖြူးမဲ ဆန္ဒနယ်မှ ဦးညွန့်လှိုင်က ဆွေးနွေးရာတွင် ၂၀၁၁ ခုနှစ် ဗီယက်နမ် နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဆန် ပြပွဲတွင် မြန်မာ နို်င်ငံမှ ထွက်ရှိသော ပေါ်ဆန်းမွှေးသည် စားသုံးရန် အတွက် အရည်အသွေး အကောင်းဆုံး ဆန်အဖြစ် ရွေးချယ် ခံရပါကြောင်း၊ ပေါ်ဆန်းမွှေး ဆန်သည် မြန်မာ မျိုးရင်း ဆန်ဖြစ်ပြီး ပုသိမ် ဥတို ဒေသ မူရင်း ဆန်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံအနှံ့ အပြားတွင် အောင်မြင်စွာ စိုက်ပျိုးလျက် ရှိပါကြောင်း၊ ထို့အပြင် အရည်အသွေး ကောင်းမွန်သော ဧည့်မထ အုပ်စုဝင် ဆန်များသည်လည်း ကမ္ဘာ့ ဈေးကွက်တွင် ၀ယ်လို အားရှိသောဆန် အမျိုးစား ဖြစ်ပါကြောင်း ၊ ထိုကဲ့သို့ မျိုးကောင်းမျိုးသန့် စပါးများကို မျိုးစေ့များ စနစ်တကျ ထုတ်လုပ်ပြီး စနစ်တကျ စိုက်ပျိုးခြင်း၊ ရိတ်သိမ်း ခြွေလှေ့ခြင်း၊ သတ်မှတ်သည့် အစိုဓာတ် ကုန်အောင် အခြောက်ခံခြင်း၊ ခေတ်မီ ဆန်စက်များဖြင့် ကြိတ်ခွဲ ထုတ်လုပ်ခြင်းဖြင့် ၁၀၀ ရာခိုင်နှုန်း ဆန်သား အရောင်တင်ပြီး ဆန် ရရှိပါကာ အခြားဆန် တင်ပို့သည့် နိုင်ငံများနှင့် ဈေးကွက်တွင် ယှဉ်ပြိုင် ရောင်းချ နိုင်မည် ဖြစ်ကြောင်း၊
တစ်နိုင်ငံ လုံးရှိ လယ်သမားများ ကမ္ဘာ့ဈေးကွက် အဆင့်မီ ဆန်စပါး စိုက်ပျိုးရေးကို စိတ်ပါဝင်စား လာအောင် နိုင်ငံတော် အပိုင်းက ပစ္စည်းအား၊ ငွေအား၊ နည်းပညာ အားများ အားပေး ကူညီ ထောက်ပံ့ရန် အထူး လိုအပ်ပါကြောင်း၊ ကြိတ်ခွဲ ရေးအပိုင်း တာဝန်ရှိသော ဆန်စက် လုပ်ငန်းရှင် များအား ခေတ်မီ ဆန်စက်များ ၀ယ်ယူနိုင်ရန် ချေးငွေနှင့် နည်းပညာများ ပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ ဆန်စပါး ရောင်းဝယ်ရေး လုပ်ကိုင်သည့် ကုမ္မဏီများ အပိုင်းကလည်း အစိုဓာတ်၊ အပူချိန်၊ ပိုးမွှား အန္တရယ် ကာကွယ် ထိန်းသိမ်းနိုင်သော ခေတ်မီ သိုလှောင်ရုံများ တည်ဆောက်ပြီး ဆန်အရည် အသွေး မကျအောင် စနစ်တကျ သိမ်းဆည်း ရမည် ဖြစ်ပါကြောင်း၊
ယခုကဲ့သို့ နိုင်ငံတော်မှ ဦးဆောင်၍ စပါး စိုက်ပျိုးသော လယ်သမားများ၊ ဆန်စက် ပိုင်ရှင်များ ၊ ဆန်စပါး ရောင်းဝယ်ရေး ကုမ္မဏီများ၊ ဆန်စပါး လုပ်ငန်း အသင်းများ စသော သက်ဆိုင်သူများ အားလုံးက တာဝန် ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ကမ္ဘာ့ဆန် ဈေးကွက်တွင် မြန်မာ့ ဆန်ပုံရိပ် တင့်တယ်စွာ ပြန်လည် ရရှိမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးခဲ့သည်။
ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၉)မှ ဒေါက်တာ မြဦးက ဆွေးနွေးရာတွင် ထောင်စုနှစ် ပန်းတိုင်(၁) ဆင်းရဲ နွမ်းပါးမှု အောက်တွင် အညွှန်းကိန်း တစ်ခုမှာ ငါးနှစ်အောက် ကလေးများ၏ ကိုယ်အလေးချိန် ဖြစ်ပါကြောင်း ၊ ဤသည်မှာ အာဟာရနှင့် သက်ဆိုင်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် အသက်ငါးနှစ် အောက်ကလေး များ၌ ပုံမှန် ကိုယ်အလေး ချိန်အောက် ပျမ်းမျှ ၃၂ ရာခိုင်နှုန်း ဖြစ်ပြီး မြို့ပြတွင် ၂၅ ရာခိုင်နှုန်း နှင့်ကျေးလက်တွင် ၃၃ဒသမ ၇ ရာခိုင်နှုန်း ရှိပါကြောင်း၊ ချင်း၊ ရခိုင် ပြည်နယ်နှင့် မကွေး၊ ဧရာဝတီ တိုင်းဒေသ ကြီးတွင် ပျမ်းမျှ ရာခိုင်နှုန်း အထက်ရှိ ပါကြောင်း၊ အာဟာရနှင့် ပက်သက်၍ ကျန်းမာရေး ၀န်ကြီး ဌာနက ဆောင်ရွက် ပေးနေမှုသည် ကိုယ်ဝန်ဆောင် မိခင်များ အတွက် သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် ဘီဝမ်းနှင့် အိုင်အိုဒင်းဓာတ် ဆားတို့သာ ဖြစ်ပါကြောင်း၊
မြန်မာ ကလေးများ၊ မြန်မာ လူမျိုးများ ထွားကျိုင်းရန်နှင့် ဥာဏ်ရည် ဥာဏ်သွေး ပိုမိုတိုးတက် ရန်အတွက် ဆင်းရဲ တိုက်ဖျက်ရေးတွင် ဆင်းရဲသော အိမ်ထောင်စုများ အတွက် အစား အစာပံ့ပိုးမှု အစီ အစဉ်ကို ကျေးရွာ၌ အစာဘဏ်များ ပီပီပြင်ပြင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ၊ ယင်းသို့ အစားအစာ ထောက်ပံ့မှု အစီအစဉ် များရရှိ ပါက ဆင်းရဲသော အိမ်ထောင်စု များ၏ ကလေး များ ကျောင်းမနေဘဲ ပြင်ပတွင် အလုပ်လုပ် နေရမှုများ လျော့နည်း လာပြီး အခြေခံ ပညာရေးကို အဆက်မပြတ် ဆက်လက် သင်ကြား နိုင်မည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးအုန်းတင်က ဆွေးနွေးရာတွင် နိုင်ငံ တစ်နိုင်ငံတိုး တက်ရေးတွင် နိုင်ငံသား များ၏ ပညာရည် မြင့်မား တိုးတက်မှုသည် အရေးကြီးဆုံး ဖြစ်ပါကြောင်း ၊နိုင်ငံသားတိုင်း ပညာရည် မြင့်မား တိုးတက်မှ သာလျှင် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံ့ဂုဏ် မြင့်မားကာ လူမှု စီးပွားရေး ကဏ္ဍလည်း ဖွံ့ဖြိုး တိုးတက်မည် ဖြစ် ပါကြောင်း၊ နိုင်ငံ သားတိုင်း ပညာရည် မြင့်မားလာနိုင် ရန်အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် အဓိကထား ရင်းနှီး မြှုပ်နှံပြီး ထိထိ ရောက်ရောက် အကောင်ထည် ဖော်ဆောင်ရွက် နိုင်ရန် လိုအပ် ပါကြောင်း၊ ကျေးလက် ဒေသနေ ပြည်သူများ ပညာရည် မြင့်မားလာရေး အတွက် အခြေခံ ပညာ မူလတန်း အဆင့်အထိ လူတိုင်းမ သင်မနေရ ပညာရေး စနစ်မျိုး သတ်မှတ် ပြဌာန်းပေးမည့် ပညာရေး စီမံကိန်းမျိုး ရေးဆွဲ ပြဌာန်းပေးရန် လိုအပ်ပါကြောင်း၊ ကျေးရွာ၊ ကျေးရွာအုပ်စု နှင့်တိုက်နယ် တိုင်းတွင် လူဦးရေ အချိုး အစားလိုက် အခြေခံ မူလတန်း၊ အလယ်တန်း နှင့် အထက် တန်း ကျောင်းများကို ဖွင့်လှစ်သင် ကြားပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ဦးရေနှင့် ဆရာဦးရေ မျှတမှု ရှိအောင် ခန့်ထားပေးရန် လိုအပ်ပါကြောင်း၊ ယခု တင်ပြထားသော ပဉ္စမ ကာလာတို ငါးနှစ် စီမံကိန်း ထဲတွင် မူလတန်း ကျောင်းတစ်ကျောင်း၌ ဆရာငါးဦး၊ ဆရာ တစ်ဦးလျှင် ကျောင်းသား(၁၉/၃၀) ဦးဖြင့် ရေးဆွဲ ထားသည်ကို တွေ့ရှိ ရပါကြောင်း၊
ယခု ကာလတို ငါးနှစ် အမျိုးသား စီမံကိန်း အရ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍနှစ်တွင် ကျေးလက် ကျန်းမာရေး ဌာနပေါင်း ၁၆၂၄ ခုရှိပြီး ၂၀၀၅-၂၀၀၆ ဘဏ္ဍနှစ်တွင် ၁၈၀၅ ခုရှိလာမည် ဖြစ်သည် ဟု ဖော်ပြထား ပါကြောင်း၊ အမှန်တကယ် အားဖြင့် တိုက်နယ်အုပ် စုတစ်ခုတွင် တိုက်နယ် ဆေးရုံတစ်ရုံ၊ ကျေးရွာ အုပ်စု တစ်စုတွင် ကျေးလက် ကျန်းမာရေး တစ်ခုနှင့် ကျေးရွာ တစ်ရွာတွင် သားဖွား ဆရာမ တစ်ဦးကျစီ အနည်းဆုံး ရှိသင့်ပြီး ကျေးလက်နေပြည် သူများအတွက် အခမဲ့ ဆေးဝါး ကုသ၍ အခမဲ့ ဆေးဝါးများ ပေးသင့်သည်ဟု အကြံပြု တင်ပြအပ် ပါကြောင်းဖြင့် ဆွေနွေးခဲ့သည်။
မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာ ဗညား အောင်မိုးက ဆွေးနွေး တင်ပြရာတွင် ပဉ္စ မကာလတို ငါးနှစ် အမျိုးသား စီမံကိန်း ဆောက်ရွက်မည့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ၏ လုပ်ငန်း အခြေ အနေမှာ တိုင်းဒေသကြီး နှင့်ပြည်နယ်ကို ဆက်သွယ် ပေးသည့် ပြည်ထောင်စု လမ်းမကြီးကို အကျယ် ၁၂ ပေ ကတ္တရာ လမ်းနှင့် နှစ်လမ်းသွား အမြဲတမ်း တံတားအဖြစ် တည်ဆောက်ရန် ပါရှိသည်ကို တွေ့ရပါကြောင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေ သကြီးတွင် ပြည်ထောင်စု လမ်းမကြီး တစ်ကြောင်းသာ ရှိပါကြောင်း၊ မွန်ပြည်နယ် အပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး မှ ကားကြီး ကားငယ်များလည်း ဖြတ်သန်း သွားလာသည့် အတွက် လမ်းပေါ်တွင် ကားဖြတ်သန်း သွားလာမှုများ ပါကြောင်း၊ ၁၂ ပေ အကျယ် လမ်းသည် ကားနှစ်စီး ရှောင်ရှားလျှင် မလွတ်သဖြင့် ကားကြီးဆိုလျှင် နှစ်စီးလုံး လမ်းဘေးသို့ တစ်ဝက်ဆင်း ရပါကြောင်း၊ မြိတ်မြို့မှ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီး နယ်နိ မိတ်မလွှဲ တောင်ထိပ်လမ်း ချဲ့ထွင် ပြင်ဆင်နေ သည်ကို တွေ့ခဲ့ ရပါကြောင်း၊ မွန်ပြည်နယ် အတွင်း ပြည်ထောင်စု လမ်းမကြီး အတွက် ၁၈ ပေနှင့် အထက်ကျယ်သော ကတ္တရာခင်း လမ်းရှိရန် လိုအပ်ပါကြောင်း၊ ထားဝယ် ရေနက် ဆိပ်ကမ်းပြီးလျှင် မွန်ပြည်နယ် တနင်္သာရီ တိုင်းဒေ သကြီးကို ဖြတ်သန်းသည့် တစ်ခုတည်းသော ပြည်ထောင်စု လမ်းမကြီး၏ အကျယ်သည် အထူးအရေး ကြီးပါကြောင်း ဆွေးနွေးပြီး အခမ်းအနား ကိုရုတ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။
ယနေ့ အစည်းအဝေးကို ညနေ ၄နာရီ တွင်ရပ်နား ခဲ့ပြီး ပဉ္စမနေ့ အစည်းအဝေးကို ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ဆက်လက်ကျင်းပ  မည်ဖြစ်ပါသည်။

No comments:

Post a Comment