လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျ စရိတ် က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက်ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့်ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်ကစတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင် ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိ သဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း ပြုလုပ်တာ ဖြစ်ပါတယ်။
စင်ပေါ်မှာ စက်ရုပ်ကသီချင်းဆိုပြ၊ ကပြပါတယ်။ ဆိုင်ထဲမှာ စက်ရုပ်တွေ သွားလာဖို့အတွက် လမ်းလုပ်ပေး ထားပြီး သူ့လည်ပတ်မှု ပုံစံအတိုင်း သွားလာ နေပါတယ်။ အစားအသောက် ချက်ခန်းမှာလည်း စက်ရုပ် စားဖိုမှူးများ ကိုယ်တိုင်ချက်ပြုတ်နိုင်အောင် ပရိုဂရမ်သွင်းထားပြီး သူ့ပုံစံအတိုင်း လည်ပတ်နေပါတယ်။ ယင်း စက်ရုပ်အားလုံးကို အရေးအကြောင်း ဆိုရင်သိအောင် Control Room ကနေလည်း ထိန်း ချုပ် ပေးနိုင်ပါတယ်။
သူတို့အတွက် ထမင်းစားချိန်လည်းပေးပါတယ်။ စက်ရုပ်ဆိုတော့ ထမင်းမစားပါဘူး။ လျှပ်စစ်ဓာတ်အား သွင်းတဲ့အချိန်က ထမင်းစားချိန်ပါပဲ။ ၂ နာရီအားဖြည့်ပြီးရင် ၅ နာရီမနားတမ်း အလုပ်လုပ်မှာ ဖြစ် ပါ တယ်။ ယင်းကဲ့သို့ စက်ရုပ်တွေချည်း လုပ်ကိုင်သော စက်ရုပ်စားသောက်ဆိုင်ကို တရုတ်နိုင်ငံတစ်ဝန်းတွင် ဖွင့် လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
TechSpace Journal
No comments:
Post a Comment