Tuesday, January 8, 2013

လက်ထိဘောကြောင့် ဝေဖန်ခံခဲ့ရသော လူးဝစ်ဆွာရက်ဇ်

လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်သည် အပျော်တမ်း ကလပ် မန်စ်ဖီးလ်တောင်းအသင်းနှင့် ကစားခဲ့ရသည့် အဝေးကွင်း FA ဖလား တတိယအဆင့် ပွဲစဉ်တွင် အငြင်း ပွားဖွယ် လက်ထိဘော ဖြစ်ခဲ့၍ ဝေဖန်ခံခဲ့ရသည်။ အဆိုပါပွဲစဉ်တွင် လီဗာပူး အသင်းသည် ၂း၁ ဖြင့် အနိုင် ရခဲ့ပြီး ဆွာရက်ဇ်မှာအသင်း အတွက် အနိုင်ဂိုးကို သွင်း ယူခဲ့သော်လည်း ဂိုးမသွင်းခင် ကတည်းက လက်
ထိဘော ဖြစ် ခဲ့သည်။ ထို့နောက် ဆွာရက်ဇ်မှာ အသင်း အတွက် အောင်ပွဲ ခံရာတွင် သူ၏ လက်ကို နမ်းရှုံ့ခဲ့သည်။ ယင်းကြောင့် အိမ်ရှင် မန်စ်ဖီးလ်တောင်း အသင်း ပရိသတ်များနှင့် အသင်းမှ အဖွဲ့ဝင်များ အကြား ဆွာရက်ဇ်မှာ ဝေ ဖန်စရာ ဖြစ်သွားခဲ့သည်။ ဆွာရက်ဇ်၏ လက်ထိဘောကို ကွင်းလယ်ဒိုင် မာရီနာနှင့် ဒိုင်အဖွဲ့ဝင် များက မမြင်တွေ့ခဲ့ပေ။
မြ၀တီ 

No comments:

Post a Comment