Tuesday, January 8, 2013

ချယ်လ်ဆီးသို့ ရောက်ရှိလာခြင်း အတွက် ပျော်ရွှင်မိဟု ဒမ်ဘာဘာ ပြောကြား

ချယ်လ်ဆီး အသင်းက အသစ်ထပ်မံ ခေါ်ယူလိုက်သော ဆီနီဂေါ လက်ရွေးစင် ကစားသမားသည် စတန်းဖို့ဒ် ဘရစ်အား ပြောင်းရွှေ့ရေးကို အလွယ်တကူပင် ဆုံးဖြတ် ချက်ချခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ထား သည်။ ၎င်း ကစားသမားသည် ချယ်လ်ဆီးက ၎င်းအား ကမ်းလှမ်းမှု ပြုခဲ့သောအချိန်တွင် နယူး ကာဆယ်၏ အဲဗာတန်နှင့် ကစားမည့် ပွဲစဉ်အတွက် ပြင်ဆင် မှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ချယ်လ်ဆီး
သည် အသင်းကြီးတစ် သင်း ဖြစ်ပြီး အသင်းရှိ ကစားသမားများ မှာလည်း ကမ္ဘာ့အဆင့်မီ ကစားသမားများ ဖြစ်ခြင်း ကြောင့် ၎င်းအသင်း သို့ ပြောင်းရွှေ့ ရေးကို စိတ်အားထက်သန်ခဲ့ကြောင်း ဒမ်ဘာဘာက ဝန်ခံ ပြောကြားထားသည်။
ဒမ်ဘာဘာသည် ဇန်နဝါရီ ၅ ရက်က ဆောက်သမ်တန်အား ၅ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ၎င်း၏ ပွဲဦးထွက် ပွဲစဉ်မှာပင် အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပြီး မိမိသည် ချယ်လ်ဆီးရှိ ကစားသမားများနှင့် ကစားရမည့်အတွက်များစွာကျေနပ် ပျော်ရွှင်မိကြောင်း ၎င်းကပြောကြားထားသည်။ ဒမ်ဘာဘာသည် ၂ဝ၁၁ ခုနှစ်တွင် ဝက်စ်ဟမ်းမှ နယူးကာဆယ်သို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်း ပထမ ဦးစားပေးပွဲထွက် ကစားသမားအဖြစ် ပွဲ ပေါင်း ၅၄ ပွဲ ကစားထားခဲ့ပြီး ဂိုးပေါင်း ၂၉ဂိုး သွင်းယူ ပေးခဲ့ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment