Tuesday, January 29, 2013

နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာများအား ပြည်သူများထံသို့ ပို့ဆောင်သူများမှ နေ့စဉ်ဖြန့်ဝေလျက်ရှိရာတွင် ဌာနမှခွင့်ပြုချက်မရှိ၊ အသိအမှတ်မပြုထားသည့် အခြေားကြော်ငြာစာရွက် အမျိုးမျိုး ထည့်သွင်းခြင်း မပြုရန် သတိပေး


နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာများအား ပြည်သူများထံသို့ ပို့ဆောင်သူများမှ နေ့စဉ်ဖြန့်ဝေလျက်ရှိရာတွင် ဌာနမှခွင့်ပြုချက်မရှိ၊ အသိအမှတ်မပြုထားသည့် အခြေားကြော်ငြာစာရွက် အမျိုးမျိုးအား အခကြေးငွေယူကာ သတင်းစာများအတွင်း ကြားညှပ်ဖြန့်ချီလျက်ရှိသည့်အတွက် နိုင်ငံပိုင်သတင်းစာများ

ဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများအတွင်း ကြားညှပ်ကြောငြာ ထည့်သွင်းခြင်းများမပြုလုပ်ရန် အသိပေးကြောငြာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင်
ပြင်ပပုဂ္ဂလိကကြော်ငြာ ကုမ္ပဏီများ အဆင်ပြေနိုင်စေရန် သတ်မှတ်ချက်နှင့်အညီ တရားဝင်ကြားညှပ်ကြော်ငြာများ တိုးမြှင့်ထည့်သွင်းပေးလျက်ရှိနေပြီဖြစ်သည့်အတွက် တရားမဝင်
ကြော်ငြာ ထည့်သွင်းလျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာသတင်းစာတိုက်များနှင့်ဆက်သွယ်၍ ကြော်ငြာ
စာရွက်များ ထည့်သွင်းရန်လိုအပ်ကြောင်း ကြေငြာချက်တွင်
ဖ်ာပြပါရှိသည်။
YC

No comments:

Post a Comment