Tuesday, January 29, 2013

ခွေးကိုသေအောင်ရိုက်မှုဖြင့် အသက် ၁၁ နှစ်သမီး အဖမ်းခံရ

ကလေးအချို့သည် ရိုင်းစိုင်းရက်စက်သည့် စိတ်ရှိကြသဖြင့် မိမိခွေးကို သေအောင်ရိုက်သတ်သည့် အမှုတစ်ခု နယူးယော့ခ် တောပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တိရစ္ဆာန် ရိုက်နှက်ညှင်းဆဲ သတ်ဖြတ်မှုဖြင့် အရေးယူခံရဖွယ်ရှိကြောင်း သိရသည်။

မိန်းကလေးက ရဲကို ပြောကြားရာတွင် သူ့ခွေးသည် အမိန့်ကို မနာခံသဖြင့် လက်ဖြင့်သေအောင် ရိုက်သတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ မိထွေးဖြစ်သူက ရဲကိုပြောကြားရာ၌ ထိုညက သူမသည် အပြင်သို့ထွက်လည်ရန် တောင်းဆိုကြောင်း၊ သူမက ခွင့်မပြုခဲ့ကြောင်း၊ ထိုကိစ္စကို မကျေနပ်သဖြင့် ခွေးကို အသေရိုက်သတ်ကာ အိမ်ပြန်ခေါ်လာကြောင်း၊ ခွေးလေးကို အိမ်တွင်း ကြမ်းပြင်ပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။
ရဲက မိန်းကလေးကို တိရစ္ဆာန်များ ညှင်းဆဲမှုဖြင့် အရေးယူမည်ဖြစ်ရာ ဒဏ်ငွေအဖြစ် ဒေါ်လာ ၁၅၀၀ ခန့်ပေး ဆောင်ရဖွယ်ရှိသည်ဟုဆိုသည်။ မိန်းကလေးသည် ငယ်ရွယ်သူဖြစ်သဖြင့် ကလေးသူငယ် အထူးတရားစီရင်မှု ဖြင့် အထူးခုံရုံးဖွဲ့ကာ စစ်ဆေးသွားမည်ဖြစ်သည်။ အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှုများဖြင့် စစ်ဆေးသွားမည် ဖြစ်သဖြင့် ကလေးငယ်အတွက်လည်း အကူအညီများပေးနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ နောက်ထပ် ဤသို့ သောအမှုများ မကျူးလွန်မိစေရန်ရည်ရွယ်ကြောင်း၊ ယခုပြစ်မှုနှင့်ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း ခရိုင်ရှေ့နေကပြောကြားခဲ့သည်။
မောက္ခမဂ္ဂဇင်း

No comments:

Post a Comment