မူလပထမလယ်တီဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူခဲ့သော
ဒီပနီကျမ်းပေါင်း(၁၀၆) ကျမ်းရှိသည့် အနက် ကျောက်ထက် အက္ခရာတင်ရန်
ကျန်ရှိနေသော(၂၆)ကျမ်းအား စစ်ကိုင်းတိုင်းဒေ သကြီး ရွှေဘို ခရိုင်
ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးရွာရှိ (ဖျောက်ဆိပ် ပင်)ကျောင်းမတိုက် တွင်
ကျောက်ထက်အက္ခရာတင်ပြီး မဟာ လယ်တီမော်ကွန်းကျောက်စာတိုက် ကြီးတစ်ခု တည်ဆောက် သွား မည် ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ စိုင်ပြင်ကြီးရွာမှာ မဟာလယ်တီမော်ကွန်းကျောက်စာတိုက် ကြီး တစ်ခု တည်ဆောက် သွားမှာပါ။လယ်တီဆရာတော်ဘုရားကြီးက ဒီပနီကျမ်းပေါင်း(၁၀၆)ကျမ်းကြို ပုစုရေး သားတော်မူခဲ့ ပါတယ်။ကျမ်းပေါင်း(၁၀၆)ကျမ်းထဲက
ကျမ်ပေါင်း(၈၀) ကိုသာ ကျောက်ထက် အက္ခရာတင် ထားပါတယ်။အခုလက်ရှိ မုံရွာမြို့
လယ်တီရပ်ကွက်မှာရှိတဲ့ လယ်တီကျောက်စာ တိုက်ကြီး ထဲမှာ ရှိတဲ့
ကျောက်စာချပ်ရေ(၈၀၈)ချပ်ဟာ ကျမ်းပေါင်း (၈၀)ကို ကျောက်ထက် အက္ခရာ တင်ထား တာပါ။
ကျောက်ထက် အက္ခရာမတင်ရသေးတဲ့ ဒီပနီကျမ်း(၂၆)ကျမ်းကျန်ရှိနေသေး ပါတယ်။ အဲဒီကျန် ရှိနေ
တဲ့(၂၆)ကျမ်းကိုသာ ကျောက်ထက်အက္ခရာတင်ပြီး စိုင်ပြင်ကြီးရွာ မှာ
ကျောက်စာ တိုက်ကြီးတစ်ခု တည်ဆောက်သွားမှာပါ။မုံရွာမြို့
မဟာလယ်တီကျောင်း တိုက်မှာရှိ တဲ့ ကျောက်စာ တိုက်ကြီးထဲမှာ
ပါရှိပြီးသောကျမ်းများကို မထည့်ထားပါဘူး။ကုန်ကျငွေကျပ်သိန်းပေါင် (၁၅၈၀)ခန့် ကုန်ကျမယ်လို့ မှန် ထားပါတယ်။လောေ လာဆယ်မှာ မေတ္တာရှင် ရွှေပြည်သာဖောင်ဒေးရှင်က တာဝန်ယူ မယ်လို့ပြော ထားတယ်။ အလှူေ ငွကျပ်သိန်(၃၀)ကိုတော့ ချပေးထားပါပြီ။ကျောက်စာတိုက်ကြီးအ၀င် မှာ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ ရုပ်တုနဲ့ ထေရုပတ္တိကို အင်္ဂလိပ်-မြန်မာ (၂) ဘာသာနှင့် ကျောက်စာရေး ထိုးပြီး စိုက်ထူထားမှာပါ”ဟု အဆိုပါကျောက်စာတိုက် ဖြစ်မြောက်ရေးကော် မတီ မှတာဝန်ရှိ သူတစ်ဦးက ဆိုပါ တယ်။အဆိုပါကျောက်စာများ၏ ကုန်ကျငွေများမှာ ခန့်မှန်းတန်ဘိုးဖြစ်ပါတယ်။ကျော က်စာများ သယ်ယူရာ တွင် လမ်းကြေး တံတားကြေး နှင့် တန်ပို ကတ္တားကြေးများအပေါ်တွင်မူတည်ပြီး ကုန်ကျငွေကို အတိ အကျပြောနိုင်မှာဖြစ်ကြောင်း ကျောက်စာတိုက်ကြီးဖြစ်မြောက်ရေး ကော်မတီမှ နာယကကြီး တစ်ဦး က ဆိုပါတယ်။
( The Hot News )

No comments:
Post a Comment