Tuesday, January 8, 2013

ရုရှား နိုင်ငံသည် စတုတ္ထမြောက် ရေဒါမျိုးဆက် VORONEZH ရေဒါ များအားဒေသ ၃ ခုတွင် စတင် တည်ဆောက် သွားမည်

ရုရှား နိုင်ငံသည် စတုတ္ထမြောက် ရေဒါမျိုးဆက် VORONEZH ရေဒါ များအားဒေသ ၃ ခုတွင် စတင် တည်ဆောက် သွားမည်

ရုရှား နိုင်ငံသည် ယခုနှစ် အတွင်းတွင် စတုတ္ထမြောက် ရေဒါမျိုးဆက် Voronezh ရေဒါ များအား နိုင်ငံ၏ ဒေသ ၃ ခုတွင် စတင် တည်ဆောက် သွားမည်ဟု ရုရှား အာကာသ တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Alexei Zolotukhin မှ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

ဆိုက်ဘေးရီးယား အရှေ့ပိုင်း Krasnoyarsk ဒေသ၊ ဆိုက်ဘေးရီးယား တောင်ပိုင်း Altai Republic ဒေသနှင့် ရုရှားနိုင်ငံ အလယ်ပိုင်း Orenburg ဒေသတို့တွင် တည်ဆောက် သွားမည်ဟု သိရှိရ ပါသည်။ စတုတ္ထမြောက် ရေဒါမျိုးဆက် Voronezh ရေဒါများအား တည်ဆောက်ရာတွင် အဆင်မြင့် နည်းပညာများ အသုံးပြု သွားမည် ဖြစ်ကြောင်း Zolotukhin မှ ပြောကြားခဲ့ ပါသည်။ အဇာဘိုင်ဂျန် နိုင်ငံသို့ ငှားရမ်းထားသော Gabala  ရေဒါ များအား သတ်မှတ်ကာလ ပြီးဆုံးပါက ထပ်မံ ငှားရမ်းတော့မည် ဟုတ်ကြောင်းကို ရုရှား နိုင်ငံခြားရေး ဝန်ကြီး မှ အတည်ပြုခဲ့ ပါသည်။ ရုရှား နိုင်ငံသည် Gabala ရေဒါများ နေရာတွင် Voronezh ရေဒါများအား အစားထိုး အသုံးပြု သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/3870-2013-01-08-14-27-06
 ရုရှား နိုင်ငံသည် ယခုနှစ် အတွင်းတွင် စတုတ္ထမြောက် ရေဒါမျိုးဆက် Voronezh ရေဒါ များအား နိုင်ငံ၏ ဒေသ ၃ ခုတွင် စတင် တည်ဆောက် သွားမည်ဟု ရုရှား အာကာသ တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Alexei Zolotukhin မှ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

ဆိုက်ဘေးရီးယား အရှေ့ပိုင်း Krasnoyarsk ဒေသ၊ ဆိုက်ဘေးရီးယား တောင်ပိုင်း Altai Republic ဒေသနှင့် ရုရှားနိုင်ငံ အလယ်ပိုင်း Orenburg ဒေသတို့တွင် တည်ဆောက်သွားမည်ဟု သိရှိရ ပါသည်။ စတုတ္ထမြောက် ရေဒါမျိုးဆက် Voronezh ရေဒါများအား တည်ဆောက်ရာတွင် အဆင်မြင့် နည်းပညာများ အသုံးပြု သွားမည် ဖြစ်ကြောင်း Zolotukhin မှ ပြောကြားခဲ့ ပါသည်။ အဇာဘိုင်ဂျန် နိုင်ငံသို့ ငှားရမ်းထားသော Gabala ရေဒါ များအား သတ်မှတ်ကာလ ပြီးဆုံးပါက ထပ်မံငှားရမ်းတော့မည် ဟုတ်ကြောင်းကို ရုရှား နိုင်ငံခြားရေး ဝန်ကြီးမှ အတည်ပြုခဲ့ပါသည်။ ရုရှား နိုင်ငံသည် Gabala ရေဒါ များ နေရာတွင် Voronezh ရေဒါများအား အစားထိုး အသုံးပြု သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment