Tuesday, January 8, 2013

ရုရှားနိုင်ငံ ရေတပ်သည် လာမည့် ၃ နှစ် အတွင်းတွင် ပုံစံနှင့် အမျိုးအစား မတူသော စစ်ရေယာဉ် များလက်ခံ ရရှိမည်


ရုရှားနိုင်ငံ ရေတပ်သည် လာမည့် ၃ နှစ် အတွင်းတွင် ပုံစံနှင့် အမျိုးအစား မတူသော စစ်ရေယာဉ် များလက်ခံ ရရှိမည်

ရုရှားနိုင်ငံ ရေတပ်သည် လာမည့် ၃ နှစ် အတွင်းတွင် စစ်သင်္ဘော ၈ဝ စီးခန့်ကို လက်ခံ ရရှိမည်ဟု ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးမှ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ပုံစံနှင့် အမျိုးအစား မတူသော စစ်ရေယာဉ် များသည် ရုရှားနိုင်ငံ ရေတပ်အား နေရာဒေသ မရွေး တာဝန် ထမ်းဆောင်ရန် အထောက် အကူ ပြုသွားမည် ဖြစ်ကြောင်း ရုရှားရေတပ် အဆင့်မြင့် အရာရှိ တစ်ဦးမှ ပြောကြားခဲ့ ပါသည်။

အဆိုပါ စစ်သင်္ဘော များတွင် ဆွဲသင်္ဘောများ၊ ကင်းလှည့် သင်္ဘောများနှင့် ဒိုင်ဗင် သင်္ဘောများ စသည့် ရေယာဉ်များ ပါဝင်မည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးမှ ပြောကြားခဲ့ ပါသည်။ ရုရှား ရေတပ်သည် ၂ဝ၁၆ ခုနှစ်တွင် မဟာ ဗျူဟာမြောက် နျူကလီးယား ရေငုပ် သင်္ဘောများ၊ အထူး စစ်ဆင်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေး ရေယာဉ်များ အပါအဝင် စစ်သင်္ဘော အစီး ၅ဝ ကျော်အား လက်ခံ ရရှိလိမ့်မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၃ ရက်နေ့က ပြောကြားခဲ့ ပါသည်။

http://www.myawady.net.mm/allnews/global/item/3871-2013-01-08-14-29-04

ရုရှားနိုင်ငံ ရေတပ်သည် လာမည့် ၃ နှစ် အတွင်းတွင် စစ်သင်္ဘော ၈ဝ စီးခန့်ကို လက်ခံ ရရှိမည်ဟု ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးမှ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ပုံစံနှင့် အမျိုးအစား မတူသော စစ်ရေယာဉ် များသည် ရုရှားနိုင်ငံ ရေတပ်အား နေရာဒေသ မရွေး တာဝန်ထမ်းဆောင်ရန် အထောက်အကူ ပြုသွား မည် ဖြစ်ကြောင်း ရုရှားရေတပ် အဆင့်မြင့် အရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါသည်။


အဆိုပါ စစ်သင်္ဘောများတွင် ဆွဲသင်္ဘောများ၊ ကင်းလှည့် သင်္ဘောများနှင့် ဒိုင်ဗင် သင်္ဘောများ စသည့် ရေယာဉ်များပါဝင်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ ရုရှား ရေတပ် သည် ၂ဝ၁၆ ခုနှစ်တွင် မဟာ ဗျူဟာမြောက် နျူကလီးယား ရေငုပ် သင်္ဘောများ၊ အထူး စစ် ဆင်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေး ရေယာဉ်များ အပါအဝင် စစ်သင်္ဘော အစီး ၅ဝ ကျော်အား လက်ခံ ရရှိလိမ့်မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၃ ရက်နေ့က ပြောကြားခဲ့ ပါသည်။
မြ၀တီ




No comments:

Post a Comment