Friday, January 11, 2013

မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် တရုတ် CRI အသံလွှင့်ဌာနတို့ ပူးပေါင်းစီစဉ်သည့် မြန်မာကဗျာရွတ်ဆိုပြိုင်ပွဲနက်ဖြန်ကျင်းပမည်



မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံ CRI အသံလွှင့်ဌာနတို့ ပူးပေါင်း စီစဉ် သည့် မြန်မာ ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်န၀ါရီ ၁၂ ရက်တွင်နေပြည်တော် တပ်ကုန်း၊ မြန်မာ့ အသံနှင့် မြန်မာ့ ရုပ်မြင် သံကြားAuditorium ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကဗျာများကို သတင်းစာများမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ရာ ပေးပို့ယှဉ်ပြိုင် ကြသူ များအနက် ပြိုင်ပွဲကျင်းပရေးကော်မတီက စိစစ်ရွေးချယ်ခဲ့သည့် ပဏာမရွေးချယ် ခံကဗျာရှင် ၂၆ ၏ အမည် စာရင်းကို သတင်းစာများတွင်ထုတ်ပြန်ကြေညာခဲပြီး၊ ကဗျာရွတ်ဆိုပြိုင်ပွဲသို့တက်ရောက်ရန် အကြောင်း ကြားစာများကိုလည်း တစ်ဦးချင်းစီသို့ပေးပို့ထားပြီး၊ တက်ရောက်ကြမည့်သူများအနေဖြင့် ဇန်န၀ါရီ ၁၀ ရက်နေနောက်ဆုံးထား၍ ပြန်လည်အကြောင်းကြားပါရန် အသိပေးပြီးဖြစ်ကြောင်းသိရသည်။

ယင်းပြိုင်ပွဲတွင် ပထမဆု ၁ဆု၊ ဒုတိယဆု ၃ ဆု၊ တတိယဆု ၅ ဆုနှင့် အထူးဆု ၅ ဆု၊ စုစုပေါင်း ဆု ၁၄ ဆုကိုချီးမြှင့်မည်ဖြစ်ပြီး၊ လက်ရာကောင်းကဗျာစာမူရှင်ဆု ၁၀၀ အပြင်၊ ပြိုင်ပွဲဝင်အားလုံးကိုလည်း အမှတ် တရလက်ဆောင်များပေးပို့ရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။


Popular Myanmar News Journal

No comments:

Post a Comment