Thursday, January 10, 2013

i'm Watch စမတ်နာရီ ပြသ

Photo: i'm Watch စမတ်နာရီ ပြသ
Thursday, January 10, 2013

ယမန်နှစ် ၂၀၁၂ ခုနှစ် CES တုန်းက ဒီဂျစ်တယ် နာရီအဆင့်လောက်ပဲ 
ရှိတဲ့ i'm Watch ကနေ ယခု ကိုယ်ပိုင် OS နဲ့ စမတ်နာရီ i'm Watch ကို ပြသလိုက်ပြီ ဖြစ်ပါတယ်။

Android OS 2.0 ကို အခြေခံပြီး မွမ်းမံရေးဆွဲထားတဲ့ Droid 2 OS ကို အသုံးပြု ထားပါတယ်။ ပုံမှာ မြင်တွေ့တဲ့အတိုင်း၊ Facebook, Message, Game တို့လို Function များလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လို ဖုန်းအမျိုးအစားနဲ့ မဆို သုံးလို့ရမှာ ဖြစ်ပြီး Bluetooth ပါ၊ Wi-fi ပါတဲ့ နာရီ ဖြစ်ပါတယ်။

ဒါကြောင့် အင်တာနက် ဆိုရှယ်နတ်ဝေါခ့် ကိုလည်း အသုံးပြုလို့ ရပြီး ဖုန်း Message လည်းရိုက်နိုင်၊ ပို့နိုင်၊ ဖတ်နိုင်ပါတယ်။ ကင်မရာတောင် ထပ်မံ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း သာမန် နာရီတစ်လုံးလိုပဲ အလေးချိန်ကိုလည်း နာနိုနည်းပညာကြောင့် အများကြီး လျော့ချ ထားပါတယ်။ LES ရောင်စုံ မျက်နှာပြင်နဲ့ လှပနေတဲ့ i'm Watch ကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal
ယမန်နှစ် ၂၀၁၂ ခုနှစ် CES တုန်းက ဒီဂျစ်တယ် နာရီအဆင့်လောက်ပဲ
ရှိတဲ့ i'm Watch ကနေ ယခု ကိုယ်ပိုင် OS နဲ့ စမတ်နာရီ i'm Watch ကို ပြသလိုက်ပြီ ဖြစ်ပါတယ်။
Android OS 2.0 ကို အခြေခံပြီး မွမ်းမံရေးဆွဲထားတဲ့ Droid 2 OS ကို အသုံးပြု ထားပါတယ်။ ပုံမှာ မြင်တွေ့တဲ့အတိုင်း၊ Facebook, Message, Game တို့လို Function များလည်း အသုံးပြုနိုင် မှာ ဖြစ်ပါ တယ်။ ဘယ်လို ဖုန်းအမျိုးအစားနဲ့ မဆို သုံးလို့ရမှာ ဖြစ်ပြီး Bluetooth ပါ၊ Wi-fi ပါတဲ့ နာရီ ဖြစ်ပါတယ်။

ဒါကြောင့် အင်တာနက် ဆိုရှယ်နတ်ဝေါခ့် ကိုလည်း အသုံးပြုလို့ ရပြီး ဖုန်း Message လည်းရိုက်နိုင်၊ ပို့နိုင်၊ ဖတ်နိုင်ပါတယ်။ ကင်မရာတောင် ထပ်မံထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း သာမန် နာရီတစ်လုံးလိုပဲ အလေးချိန်ကိုလည်း နာနိုနည်းပညာကြောင့် အများကြီး လျော့ချ ထားပါတယ်။ LES ရောင်စုံ မျက်နှာပြင်နဲ့ လှပနေတဲ့ i'm Watch ကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal

No comments:

Post a Comment