Thursday, January 10, 2013

ရထားလမ်း မိုင်းခွဲမှု အပေါ် ဖြစ်စဉ် အသေးစိတ်

ရထားလမ်း မိုင်းခွဲမှု အပေါ် ဖြစ်စဉ် အသေးစိတ် (စိတ်မ၀င်စားသူများ မဖတ်ရ)

မနေ့ ည ၁၁နာရီခန့်မှာ ဟိုပင်နဲ့ ပင်းဘောကြား ကြာကြီးကွင်းရွာအနီး
မိုင်တိုင်အမှတ် ၆၅၄/၁၈ နဲ့ ၁၉ ကြားမှာ ဟိုပင်ကနေ
မြစ်ကြီးနားဘက်ထွက်လာတဲ့ နဘားခေါက်ပြန်မီးရထားကို KIA
ကအဝေးထိန်းမိုင်းနဲ့ ခွဲလိုက်လို့ စက်ခေါင်းနောက်က ခရီးသည်လိုက်ပါလာတဲ့
ရထားတွဲကို မိုင်းထိမှန်ပြီး ရထားတွဲ ၅ တွဲ လမ်းချော်ခဲ့ရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ရထားပေါ်ပါလာတဲ့ ခရီးသည်တစ်ဦး ကွဲသွားတဲ့
ကြမ်းပေါက်ကထွက်ကျပြီး ရထားကြိတ်မိသေဆုံးသွားပါတယ်။ ဒါ့အပြင်
ခရီးသည်တစ်ဦးကလည်း ဦးခေါင်းမှာ ဒါဏ်ရာအနည်းငယ်ရသွားခဲ့ပါတယ်။
သေဆုံးသွားတဲ့သူက အသက်၃၂ နှစ်ရှိ ဟိုပင်သား
ဦးမြင့်နိုင်ဆိုသူဖြစ်ပြီးတော့ ဒါဏ်ရာရသွားတဲ့သူကတော့ နွားတွေကို
ရထားတွဲနဲ့တင်ပို့နေတဲ့အသက် (၄၀)ရှိ ဦးဇော်အောင် ဖြစ်ကြောင်းသိရပါတယ်။

ပေါက်ကွဲမှုကြောင့် အနောက်ဘက်ရထားသံလမ်း ၃ ပေပြတ်ထွက်၊ သံလမ်း ပေ ၅၀ခန့်ဘယ်ညာကားထွက်၊ ဇလီဖားတုံး ၄၀ ခန့်ပြုတ်ထွက်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

၂၀၁၂ ဒီဇင်ဘာလောက်ကစပြီး KIA က ရထားလမ်းများ၊
ကားလမ်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ရဲစခန်းနဲ့
ပြည်သူ့စစ်စခန်းတွေကို အင်အားသုံးတိုက်ခိုက်ခြင်း၊
မိုင်းထောင်ဖျက်ဆီးခြင်းစတဲ့ အဖျက်အမှောက်လုပ်ငန်းတွေကို
ပိုမိုလုပ်ဆောင်လာပြီး ယခုကာလတွေမှာ ရထားတွဲတွေမထိမထိအောင် အချိန်ကိုက် ဖေါက်ခွဲလာပြီး အပြစ်မဲ့ပြည်သူလူထုကိုပါ 
တမင်ရည်ရွယ်ချက်နဲ့ ထိခိုက်အောင်လုပ်လာနေတာကြောင့်
 အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်း ဒေသခံတွေက
 ပြောကြားနေတယ်လို့ သတင်းရရှိပါတယ်။
 ဓာတ်ပုံများရရှိက KIA
ရဲ့အကြမ်းဖက်မှုကိုဆက်လက်တင်ပြသွားပါမယ်။

သတင်းထောက် Nay Min 

Photo Credit:Google

မနေ့ ည ၁၁နာရီခန့်မှာ ဟိုပင်နဲ့ ပင်းဘောကြား ကြာကြီးကွင်းရွာအနီး
မိုင်တိုင်အမှတ် ၆၅၄/၁၈ နဲ့ ၁၉ ကြားမှာ ဟိုပင်ကနေမြစ်ကြီးနား ဘက် ထွက်လာတဲ့ နဘားခေါက်ပြန်မီးရထားကို KIAကအဝေးထိန်းမိုင်းနဲ့ ခွဲလိုက်လို့ စက်ခေါင်းနောက်က ခရီးသည်လိုက်ပါလာတဲ့ရထားတွဲကို မိုင်း ထိမှန်ပြီး ရထားတွဲ ၅ တွဲ လမ်းချော်ခဲ့ရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ရထားပေါ်ပါလာတဲ့ ခရီးသည်တစ်ဦး ကွဲသွားတဲ့ကြမ်းပေါက်ကထွက်ကျပြီး ရထားကြိတ်မိသေဆုံးသွားပါတယ်။ ဒါ့အပြင်ခရီးသည်တစ်ဦးကလည်း ဦးခေါင်းမှာ ဒါဏ်ရာ အနည်းငယ် ရသွားခဲ့ပါတယ်။သေဆုံးသွားတဲ့သူက အသက်၃၂ နှစ်ရှိ ဟိုပင်သားဦးမြင့်နိုင်ဆိုသူဖြစ်ပြီးတော့ ဒါဏ်ရာ ရသွားတဲ့သူကတော့ နွားတွေကိုရထားတွဲနဲ့တင်ပို့နေတဲ့အသက် (၄၀)ရှိ ဦးဇော်အောင် ဖြစ်ကြောင်း သိရပါ တယ်။

ပေါက်ကွဲမှုကြောင့် အနောက်ဘက်ရထားသံလမ်း ၃ ပေပြတ်ထွက်၊ သံလမ်း ပေ ၅၀ခန့် ဘယ်ညာ ကားထွက်၊ ဇလီဖားတုံး ၄၀ ခန့်ပြုတ်ထွက်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

၂၀၁၂ ဒီဇင်ဘာလောက်ကစပြီး KIA က ရထားလမ်းများ၊ကားလမ်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ရဲစခန်းနဲ့ပြည်သူ့စစ်စခန်းတွေကို အင်အားသုံးတိုက်ခိုက်ခြင်း၊မိုင်းထောင်ဖျက်ဆီးခြင်းစတဲ့ အဖျက် အမှောက် လုပ်ငန်းတွေကိုပိုမိုလုပ်ဆောင်လာပြီး ယခုကာလတွေမှာ ရထားတွဲတွေမထိမထိအောင် အချိန် ကိုက် ဖေါက်ခွဲလာပြီး အပြစ်မဲ့ပြည်သူလူထုကိုပါ တမင်ရည်ရွယ်ချက်နဲ့ ထိခိုက်အောင် လုပ်လာနေ တာကြောင့်အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ထိထိရောက်ရောက် အရေးယူဆောင်ရွက် သင့်ကြောင်း ဒေသခံတွေကပြောကြားနေတယ်လို့ သတင်းရရှိပါတယ်။
ဓာတ်ပုံများရရှိက KIA
ရဲ့အကြမ်းဖက်မှုကိုဆက်လက်တင်ပြသွားပါမယ်။

သတင်းထောက် Nay Min

No comments:

Post a Comment