တောင်ကိုရီးယား နိုင်ငံ အနေဖြင့် ဇန်နဝါရီလ အကုန်ပိုင်းတွင် Korea Space
Launch Vehicle-1 (KSLV-1) ဂြိုဟ်တုအားလွှတ်တင်ရန် စီစဉ် ထားပြီး အာရှအင်အားကြီး နိုင်ငံများ ဖြစ်သောတရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့
ပါဝင်သော ကမ္ဘာ့အာကာသအဖွဲ့အစည်းသို့ဝင်ရောက် မည် ဖြစ်ပါသည်။
အဆိုပါ KSLV-1 ဂြိုဟ်တုအား ပင်လယ် ကမ်းခြေ တောင်ပိုင်းရှိ Naro အာကာသစင်တာမှ ဇန်နဝါရီလ ၃ဝ ရက် နေ့မှ ဖေဖော်ဝါရီလ ၈ ရက် နေ့အတွင်း လွှတ်တင်သွားမည်ဖြစ်ကြောင်းပညာရေး၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ဇန်နဝါရီလ ၁၆
ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။
ယခုလ သီတင်းပတ် အကုန်ပိုင်းတွင်ပထမနှင့် ဒုတိယအဆင့်များအား ချိတ်ဆက်သွားမည်ဖြစ်ပြီးလာမည့်
ရက်သတ္တပတ်တွင် အစမ်းလေ့ကျင့်မှုအား ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှအရာရှိ တစ်ဦး က AFP သတင်း ဌာနသို့ ပြောကြား ခဲ့ပါသည်။
၎င်းဂြိဟ်တုအား အစောပိုင်းက အောက်တိုဘာလတွင် လွှတ်တင်ရန်စီစဉ်ထားသော်လည်းနည်းပညာပိုင်း ဆိုင်ရာ ပြဿနာများကြောင့်လွှတ်တင်မည့်ရက်အား
ရွှေ့ဆိုင်းခဲ့ပြီးယခုအကြိမ်လွှတ်တင်မှုသည်ဒုတိယ အကြိမ်မြောက် ဖြစ်ကြောင်း
သိရှိရပါသည်။
မြ၀တီ
တောင်ကိုရီးယား နိုင်ငံ အနေဖြင့် ဇန်နဝါရီလ အကုန်ပိုင်းတွင် Korea Space Launch Vehicle-1 (KSLV-1) ဂြိုဟ်တုအားလွှတ်တင်ရန် စီစဉ် ထားပြီး အာရှအင်အားကြီး နိုင်ငံများ ဖြစ်သောတရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ ပါဝင်သော ကမ္ဘာ့အာကာသအဖွဲ့အစည်းသို့ဝင်ရောက် မည် ဖြစ်ပါသည်။
အဆိုပါ KSLV-1 ဂြိုဟ်တုအား ပင်လယ် ကမ်းခြေ တောင်ပိုင်းရှိ Naro အာကာသစင်တာမှ ဇန်နဝါရီလ ၃ဝ ရက် နေ့မှ ဖေဖော်ဝါရီလ ၈ ရက် နေ့အတွင်း လွှတ်တင်သွားမည်ဖြစ်ကြောင်းပညာရေး၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ဇန်နဝါရီလ ၁၆ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။
ယခုလ သီတင်းပတ် အကုန်ပိုင်းတွင်ပထမနှင့် ဒုတိယအဆင့်များအား ချိတ်ဆက်သွားမည်ဖြစ်ပြီးလာမည့် ရက်သတ္တပတ်တွင် အစမ်းလေ့ကျင့်မှုအား ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှအရာရှိ တစ်ဦး က AFP သတင်း ဌာနသို့ ပြောကြား ခဲ့ပါသည်။
၎င်းဂြိဟ်တုအား အစောပိုင်းက အောက်တိုဘာလတွင် လွှတ်တင်ရန်စီစဉ်ထားသော်လည်းနည်းပညာပိုင်း ဆိုင်ရာ ပြဿနာများကြောင့်လွှတ်တင်မည့်ရက်အား ရွှေ့ဆိုင်းခဲ့ပြီးယခုအကြိမ်လွှတ်တင်မှုသည်ဒုတိယ အကြိမ်မြောက် ဖြစ်ကြောင်း သိရှိရပါသည်။
မြ၀တီ
No comments:
Post a Comment