Wednesday, January 23, 2013

၂၀၁၃ မော်ဒယ် Nissan GT-R

Photo: ၂၀၁၃ မော်ဒယ် Nissan GT-R 
Wednesday, January 23, 2013 

Nissan GT-R ရဲ့မူရင်း ဒီဇိုင်းကတော့ Skyline ဖြစ်ပါတယ်။ Skyline ကိုအခြေခံပြီးတော့ သူ့ထက်အဆင့်မြင့်တဲ့ ကားထုတ်လုပ်ဖို့ ရည်ရွာယ်တဲ့ ဂျပန်ကုမ္မဏီ Nissan ဟာ ၂၀၀၇ ခုနှစ်မှာ GT-R အမည်နဲ့ Brand တစ်ခု မိတ်ဆက်ခဲ့ပါ တယ်။

၂၀၀၇ ကနေ ၂၀၁၀ ခုနှစ်အထိကို ပထမ မျိုးဆက် မော်ဒယ်ထုတ်လုပ်ပြီး ၂၀၁၀ ကနေ ၂၀၁၂ အထိ Specification ပိုမိုအဆင့်မြင့်ထုတ်လုပ်
စေပါတယ်။ ၂၀၁၂ နောက်ပိုင်းထွက် GT-R ကတော့ ကမ္ဘာ့
ပြိုင်ကားလောကမှာ လူကြိုက်များ Sport car ဖြစ်လာ ပါတယ်။

ယခင် ၂၀၀၇ မော်ဒယ်တုန်းက အမြင့်ဆုံး Speed တစ်နာရီ ၁၉၀မိုင်ပဲရှိပါတယ်။ ၂၀၁၂ နောက်ပိုင်းထုတ်ရောက်မှသာ တစ်နာရီ မိုင် ၂၀၀ ပြေးတဲ့ GT-R များ ပေါ်ထွက် လာခြင်း ဖြစ်ပါတယ်။ အသုံးပြုတဲ့ အင်ဂျင်ကတော့ Nissan ကမူပိုင်ယူထုတ်လုပ်လျက်ရှိတဲ့ ၃.၈ လီတာ DHOC အင်ဂျင် ဖြစ်ပါတယ်။ ဆလင်ဒါ ၆လုံး V အင်ဂျင်ကို တာဘိုချာဂျာ နှစ်လုံးနဲ့ အားဖြည့်ထားတဲ့ စနစ် ဖြစ်ပါတယ်။ ဒါကြောင့် အင်ဂျင်အား
ကောင်းပြီး လေးဘီးမောင်းစနစ်သုံး ကားဖြစ်ပါတယ်။ အင်ဂျင်ကို အရှေ့မှာ ထားပါတယ်။ တံခါး ၂ ပေါက် Sport car နဲ့ လေးယောက်စီး Seater ဆိုပြီး နှစ်မျိုးထုတ်ထားပါတယ်။ ဂီယာ ၆ချက်ထိုး အော်တို၊ လက်ထိုး
နှစ်မျိုးလုံး ထည့်သွင်းပေးထားပါတယ်။ အမြင့်ဆုံး Speed မိုင် ၂၀၀ အထိရောက်အောင် ထောက် ပံ့ပေးတဲ့ ခြောက်လုံးတပ် အင်ဂျင်ရဲ့ မြင်းကောင်ရေအားဟာ ၅၄၅ hp ရှိပါတယ်။

ကာဘွန်ဘော်ဒီသားသုံး ကားကို အလူမီနီယမ်တံခါးပေါက် များ တပ်ဆင်ပေးထား ပါတယ်။ ပေါ့ ပါးပြီး မြန်မြန်ပြေးအောင် Diffuser ကောင်းကောင်းနဲ့ လေမှ အားကိုလည်း အသုံးပြုအုံးမှာ
ဖြစ်ပါတယ်။ မှန်ကို ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့စနစ် ထည့်သွင်းထား ပါတယ်။ ဒါကတော့ အသုံးပြုတဲ့ ဖန်အမျိုးအစားကောင်း မွန်မှုကြောင့်
ဖြစ်ပါတယ်။

အရှည် ၁၈၃.၉ လက်မ၊ အကျယ် ၇၄.၉ လက်မ၊ အမြင့် ၅၃.၉ လက်မ အတိုင်းအတာရှိတဲ့ GT-R ရဲ့အရွယ်အစားဟာ အခြားပြိုင်ကားများ
လောက်တော့ မသေးပါဘူး။ အလေးချိန် ၁၇၄၀ ကီလိုဂရမ် ရှိပြီး လေးဘီးမောင်း စနစ်ဖြစ်တဲ့အတွက် အခြားပြိုင်ကားများ ထက် လေးနေခြင်း ဖြစ်ပါတယ်။ ကားဘော်ဒီ ဒီဇိုင်းက Skyline ကိုအခြေခံတယ်ဆိုပေမယ့် သူ့ထက် အများကြီး ပြောင်းလဲသွားတာကို
တွေ့ရပါတယ်။ ဂျပန် Animation ရုပ်ရှင်မှ စက်ရုပ်တစ်ကောင်ရဲ့
ဘော်ဒီ ကိုအခြေခံပြီး တည်ဆောက်ထားတဲ့ Kit လို့ဆိုပါတယ်။

အော်တို မီးအဖွင့်အပိတ်၊ LED နေ့ည ထွန်းမီးသီး၊ ဘော်ဒီရှေ့ Spoiler, ပါဝင်ပါ ကားမှန်၊ ပေါလစ်ရှ်ဖုံး ငါးလက်မရှည် အိတ်ဇောပိုက် လေးခု၊
နောက်ဘက်ကင်မရာ၊ LCD တီဗီ၊ Navigation systerm စသည်ဖြင့် နည်းပညာအဆင့်မြင့် ပစ္စည်းအားလုံး ပါဝင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့လူကြိုက်များ ကားစာရင်းဝင်ခဲ့ပြီး Sport type မှာလည်း ဒီထက်စွမ်းဆောင်ရည်မြင့်ကားတွေ ထုတ်လုပ် ထားပါသေးတယ်။ ၂၀၁၂ နောက်ပိုင်းထွက်မော်ဒယ် GT-R ကားများရဲ့ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၉၆၀၀၀၀ နဲ့အထက်မှာ ရှိပြီး Black Edition ဆိုရင် ဒေါ်လာ ၁သိန်း ၃ သောင်းနဲ့အထက်မှာရှိမှာ ဖြစ်ပါတယ်။

Ref:Nissan
အောင်ခမ်း (TSJ team)
http://www.colayonline.com.mm/automobile/
TechSpace Journal Nissan GT-R ရဲ့မူရင်း ဒီဇိုင်းကတော့ Skyline ဖြစ်ပါတယ်။ Skyline ကိုအခြေခံပြီးတော့ သူ့ထက်အဆင့်မြင့်တဲ့ ကားထုတ်လုပ်ဖို့ ရည်ရွယ် တဲ့ ဂျပန်ကုမ္မဏီ Nissan ဟာ ၂၀၀၇ ခုနှစ်မှာ GT-R အမည်နဲ့ Brand တစ်ခု မိတ်ဆက်ခဲ့ပါ တယ်။ ၂၀၀၇ ကနေ ၂၀၁၀ ခုနှစ်အထိကို ပထမ မျိုးဆက် မော်ဒယ်ထုတ်လုပ်ပြီး ၂၀၁၀ ကနေ ၂၀၁၂ အထိ Specification ပိုမိုအဆင့်မြင့် ထုတ်လုပ် စေပါတယ်။ ၂၀၁၂ နောက် ပိုင်းထွက် GT-R ကတော့ ကမ္ဘာ့ပြိုင်ကားလောကမှာ လူကြိုက်များ Sport car ဖြစ်လာ ပါတယ်။

ယခင် ၂၀၀၇ မော်ဒယ်တုန်းက အမြင့်ဆုံး Speed တစ်နာရီ ၁၉၀မိုင်ပဲရှိပါတယ်။ ၂၀၁၂ နောက်ပိုင်း ထုတ်ရောက်မှသာ တစ်နာရီ မိုင် ၂၀၀ ပြေးတဲ့ GT-R များ ပေါ်ထွက် လာခြင်း ဖြစ်ပါတယ်။ အသုံးပြုတဲ့ အင်ဂျင်ကတော့ Nissan ကမူပိုင်ယူထုတ်လုပ်လျက်ရှိတဲ့ ၃.၈ လီတာ DHOC အင်ဂျင် ဖြစ်ပါတယ်။ ဆလင်ဒါ ၆လုံး V အင်ဂျင်ကို တာဘိုချာဂျာနှစ်လုံးနဲ့ အားဖြည့်ထားတဲ့စနစ် ဖြစ်ပါတယ်။ ဒါကြောင့် အင်ဂျင်အား ကောင်းပြီး လေးဘီးမောင်းစနစ်သုံး ကားဖြစ်ပါတယ်။ အင်ဂျင်ကို အရှေ့မှာ ထားပါတယ်။ တံခါး ၂ ပေါက် Sport car နဲ့ လေးယောက်စီး Seater ဆိုပြီး နှစ်မျိုးထုတ်ထားပါတယ်။ ဂီယာ ၆ချက် ထိုး အော်တို၊ လက်ထိုးနှစ်မျိုးလုံး ထည့်သွင်းပေးထားပါတယ်။ အမြင့်ဆုံး Speed မိုင် ၂၀၀ အထိရောက်အောင် ထောက်ပံ့ပေးတဲ့ ခြောက်လုံးတပ် အင်ဂျင်ရဲ့ မြင်းကောင်ရေအားဟာ ၅၄၅ hp ရှိပါ တယ်။

ကာဘွန်ဘော်ဒီသားသုံးကားကို အလူမီနီယမ်တံခါးပေါက်များ တပ်ဆင်ပေးထားပါတယ်။ ပေါ့ ပါးပြီး မြန်မြန်ပြေးအောင် Diffuser ကောင်းကောင်းနဲ့ လေမှ အားကိုလည်း အသုံးပြုအုံးမှာ ဖြစ်ပါတယ်။ မှန်ကို ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့စနစ် ထည့်သွင်းထားပါတယ်။ ဒါကတော့ အသုံးပြုတဲ့ ဖန်အမျိုး အစားကောင်း မွန်မှုကြောင့် ဖြစ်ပါတယ်။

အရှည် ၁၈၃.၉ လက်မ၊ အကျယ် ၇၄.၉ လက်မ၊ အမြင့် ၅၃.၉ လက်မ အတိုင်းအတာရှိတဲ့ GT-R ရဲ့အရွယ်အစားဟာ အခြားပြိုင်ကားများလောက်တော့ မသေးပါဘူး။ အလေးချိန် ၁၇၄၀ ကီလိုဂရမ် ရှိပြီး လေးဘီးမောင်း စနစ်ဖြစ်တဲ့အတွက် အခြားပြိုင်ကားများထက် လေးနေခြင်း ဖြစ်ပါတယ်။ ကားဘော်ဒီ ဒီဇိုင်းက Skyline ကိုအခြေခံတယ်ဆိုပေမယ့် သူ့ထက်အများကြီး ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ဂျပန် Animation ရုပ်ရှင်မှ စက်ရုပ်တစ်ကောင်ရဲ့ ဘော်ဒီကိုအခြေခံပြီး တည်ဆောက်ထားတဲ့ Kit လို့ဆို ပါတယ်။

အော်တို မီးအဖွင့်အပိတ်၊ LED နေ့ည ထွန်းမီးသီး၊ ဘော်ဒီရှေ့ Spoiler, ပါဝင်ပါ ကားမှန်၊ ပေါလစ်ရှ်ဖုံး ငါးလက်မရှည် အိတ်ဇောပိုက် လေးခု၊ နောက်ဘက်ကင်မရာ၊ LCD တီဗီ၊ Navigation systerm စသည်ဖြင့် နည်းပညာအဆင့်မြင့် ပစ္စည်းအားလုံး ပါဝင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့လူကြိုက်များ ကားစာရင်းဝင်ခဲ့ပြီး Sport type မှာလည်း ဒီထက်စွမ်းဆောင်ရည်မြင့်ကားတွေ ထုတ်လုပ် ထားပါသေးတယ်။ ၂၀၁၂ နောက်ပိုင်းထွက်မော်ဒယ် GT-R ကားများရဲ့ဈေးနှုန်းဟာ အမေရိ ကန်ဒေါ်လာ ၉၆၀၀၀၀ နဲ့အထက်မှာ ရှိပြီး Black Edition ဆိုရင် ဒေါ်လာ ၁သိန်း ၃ သောင်းနဲ့ အထက်မှာ ရှိမှာ ဖြစ်ပါတယ်။


From : TechSpace Journal

No comments:

Post a Comment