အယုဒ္ဓယနောက်ဆုံးဘုရင်
ဘုန်းတော်ကြီးပျံလွန်သည့်အခါတွင် လင်းဇင်းကုန်းသုဿန်တွင် သဂြိုလ်ကာအုပ်ဂူ
တည်ထား ခဲ့သည့်ဟု ထိုင်းလူမျိုးများမှ ယူဆသည့်အတွက် ထိုင်းနိုင်ငံမှ
ဗိသုကာပညာရှင်များက လေ့လာမှုများ အား ဖေဖော်ဝါရီ(၂၀) ရက်နေ့မှ
စတင်ဆောင်ရွက်တော့မည်ဖြစ်သည်။
ထိုင်းဘုရင်အုပ်ဂူတည်ထားကိုးကွယ်ထားရှိခဲ့သည်ဟု
သမိုင်းပညာရှင်များက ရေးသားခဲ့ခြင်းမျိုးရှိသော်လည်း လက်ရှိတွေ့မြင်နေရသော
ထိုင်းဘုရင်သင်္ချိုင်းမှာ ခမ်းနားထည်ဝါမှုလျော့နည်းနေခြင်း၊ သေချာစီစစ်
လေ့လာ ပြီးမှသာ အကောင်အထည်ဖော်ဆောင်ရွက်လိုခြင်းကြောင့် ယခု
ကဲ့သို့လေ့လာမှုများကို သမိုင်းပညာရှင်များ အပါအ၀င် ဗိသုကာပညာရှင် (
၂၁)ဦးဖြင့် ပြုလုပ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
`သက်သေအထောက်အထားခိုင်လုံအောင်
ပြုလုပ်ပြီးမှ တူးဖော်ဖို့အတွက်နှစ်နိုင်ငံ အဆုံးအဖြတ်ကို ယူပြီးမှ
လုပ်ဆောင်ပါ့ မယ်၊ အခုလတ်တလောမှာတော့ ထိုင်းဘုရင်အုပ်ဂူလို့ယူဆရတဲ့ဟာကို
လေ့လာမှုအဖြစ် ရက် ပေါင်း ၄၀ကျော် အချိန်ယူပြီး လေ့လာသွားမှာပါ´ဟု ထိုင်းဘုရင်သင်္ချိုင်းရှာဖွေရေးအဖွဲ့က Mr.Mickey Heartက ပြောသည်။
အဆိုပါလေ့လာမှုအတွက် ထိုင်းနိုင်ငံရောက်သူများ
လေ့လာနေစဉ်တွင် မြန်မာနိုင်ငံမှလုံခြုံရေးပိုင်းဆိုင်ရာများ၊
လိုအပ်သည့်အကူအညီများနှင့် လေ့လာရရှိသောပစ္စည်းများကို မပျောက်ပျက်စေရေး
လုံခြုံရေးကဏ္ဍများကို လည်း ထားရှိဆောင်ရွက်သွားမည်ဖြစ်သည်။
`ထိုင်းနိုင်ငံက လာရောက်လေ့လာတဲ့သူတွေအတွက် လိုအပ်တာမှန်သမျှကို အကူအညီပေးပါ့မယ်၊ ဒါပဲကျွန် တော်တို့ဘက် က ပြောနိုင်ပါတယ်´ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသန၊အမျိုးးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ
လေ့လာမှုဆောင်ရွက်ရန် နိုင်ငံခြားသားများက လုပ်ဆောင်နေမှုအပေါ်
အမရပူရမြို့နေပြည်သူများက စိတ်ဝင်စားလျက်ရှိပြီး ပြည်သူများအကြား
အယူအဆကွဲလွဲမှုများလည်း ရှိနေကြောင်း သိရသည်။
`ထိုင်းဘုရင်အုပ်ဂူဖော်တာတော့
ကောင်းပါတယ်၊သူတို့ဒီမှာရှိတဲ့ ရှေဟောင်းပစ္စည်းတွေကိုလေ့လာပြီး ဘာတွေ
လုပ်မှာလဲလို့လည်း သိချင်ပါတယ်၊ နောက်ပြီးသေချာပေါက် သူတို့နိုင်ငံက
ထိုင်းဘုရင်ဖြစ်တယ်ဆိုတာ ကလည်း ဟုတ်မဟုတ်သိချင်ပါတယ်၊ လင်းဇင်းကုန်သုဿန်ကို
သူတို့လေ့လာမှုတွေပြီးသွားရင် ဘာတွေ ဖြစ်သွားမလဲဆိုတာကိုလည်း
အတိအကျသိချင်ပါတယ်´ဟု အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းနားတွင် နေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍
ထိုင်းနိုင်ငံ ပြည်သူများအနေဖြင့် သေချာသိရှိလိုမှုတစ်ခုအတွက်သာ
ကြိုးပမ်းခြင်း ဖြစ်ကြောင်း ပြန်လည်တူးဖော်ပြီး ထိုင်းနိုင်ငံသို့
ယူဆောင်ရန်အတွက် မသေချာကြောင်း၊ သေချာလျှင် ခေတ်မီသပ်ရပ်သော အဆောက်အဦး
တစ်ခုအဖြစ် တည်ထားကာ ထိုင်းနိုင်ငံမှပြည်သူများက လာရောက်ဂါရ၀ပြုလို
ခြင်းကြောင့်ဖြစ်ကြောင်း Mr.Mickey Heart က ဖေဖော် ၀ါရီ၂၀ရက်နေ့
နံနက်၉နာရီက အမရပူရမြို့နယ် စွန်ပျံခန်းမတွင်ပြုလုပ် ခဲ့သော
ရှေးဟောင်းသုတေသန ဌာနနှင့် တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။
လေ့လာမှုများစတင်တော့မည်ဖြစ်သောကြောင့်
ဖေဖော်ဝါရီ၂၀ရက်နေ့နေ့လည်၂နာရီက ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ကာ
လင်းဇင်းကုန်းသုဿန်တွင် ပရိတ်ရွက်ဖတ်ခြင်းများကို ထိုင်းနိုင်ငံမှ
ဗိသုကာပညာရှင်များက ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရသည်။
မြစ်မခ
No comments:
Post a Comment