Saturday, February 16, 2013

နေပြည်တော် ဥတ္တရသီရီ၊ ဇမ္ဗူသီရီ၊ ဒက္ခိဏသီရီမြို့နယ်များရှိ ကျူးကျော်အဖြစ် မတရား သတ်မှတ်ခံထားရသော ဘုန်းကြီးကျောင်းများကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

နေပြည်တော် ကောင်စီနယ်မြေရှိ ဥတ္တသီရီ၊ ဇမ္ဗသီရီ၊ ဒက္ခိဏသီရီမြို့နယ်များရှိ ကျူးကျော်အဖြစ် မတရားသတ်မှတ်ခံထားရသော ဘုန်းကြီးကျောင်းများကိစ္စ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ဝ နာရီခွဲတွင် ရန်ကုန်မြို့ ၃၆ လမ်း (အလယ်) ရှိ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရချင်းမှာ သာသနိက အဆောက်အအုံများ၊ ဒကာ/ဒကာမများ လှူဒါန်းမှုပြုထားသော သာသနာ့ အဆောက်အအုံများ၊ ကျောင်းသင်္ခန်းများကို တည်ရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး၊ နေပြည်တော် ကောင်စီနယ်မြေရှိ ဥတ္တသီရီ၊ ဇမ္ဗသီရီ၊ ဒက္ခိဏသီရီမြို့နယ်များရှိ ဘုန်းကြီးကျောင်း (၂၆) ကျောင်းတို့ကို ဖယ်ရှားပေးရန် နေပြည်တော် သာသနာရေးမှူး ဦးအေးမင်းအောင်က တရားလိုပြုလုပ်၍ တရားစွဲဆိုနေမှုများကို နိုင်ငံတော်သမ္မတကြီးနှင့် ပြည်သူများသိရှိစေရန်အတွက် ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်သောနေရာဖြစ်ပါက သင့်တော်မည့်နေရာများတွင် ပြန်လည်အစားထိုး တည်ဆောက်ပေးရန် ထိုနယ်မြေများရှိ ဘုန်းကြီးကျောင်း (၂၆) ကျောင်းမှ မေတ္တာရပ်ခံ တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
''ဦးဇင်းတို့အနေနဲ့ သတင်းစာရှင်းလင်းပွဲလေး ပြုလုပ်ရခြင်း ရည်ရွယ်ချက်က ဒကာ/ဒကာမများ လှူဒါန်းမှုပြုထားသော သာသနာ့ အဆောက်အအုံများ၊ ကျောင်းသင်္ခန်းများကို တည်ရှိစေရန်နှင့် ဘုရားရှင်ရဲ့ သာသနိက အဆောက်အအုံတွေ မပျက်ဆီးစေဖို့ပါ ဦးဇင်းကျောင်း အပါအဝင် ဘုန်းကြီးကျောင်း (၂၆) ကျောင်းကို ကျူးကျော်ဆိုပြီး ဖယ်ရှားခိုင်းတယ် တခြားမဖယ်ခိုင်းတဲ့ ကျောင်းတွေလည်း ရှိပါတယ် မြို့နယ်သံဃနာယက ဆရာတော်စည်းတံဆိပ်နဲ့ပေါ့ အခု နေပြည်တော်သာသနာရေးမှူး ဦးအေးမင်းအောင်က တရားလိုပြုလုပ်၍ တရားစွဲဆိုထားတာ ည်း နိုင်ငံတော် သံဃမဟာနယက လုပ်ထုံးလုပ်နည်း ပန်ကြားလွှာအမှတ် (၃၃) နဲ့လည်း မညီပါဘူး ဦးဇင်းတို့ကို ဖယ်ရှားခိုင်းတာ သုံးကြိမ်ရှိပါတယ် နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်တဲ့နေရာဆိုရင်လည်း ဦးဇင်းတို့ကို သင့်တော်တဲ့ နေရာတွေမှာ ပြန်လည်တည်ဆောက်ပေးဖို့အတွက် တောင်းဆိုပါတယ်'' ဟု မတ္ထီလာကျောင်းတိုက် ဆရာတော် ဦးစန္ဒိမာက ပြောသည်။
ထိုသို့ဖယ်ရှားခိုင်းမှုများ နိုင်ငံတော် သံဃမဟာနယကအဖွဲ့ ဥက္ကဌ ဆရာတော်ထံ၊ နိုင်ငံတော်သမ္မတကြီးထံနှင့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဖယ်ရှားခိုင်းခံရသော ဘုန်းကြီးကျောင်း (၂၆) ကျောင်းမှ လက်မှတ်ရေးထိုး၍ ပေးပို့ထားကြောင်း သိရသည်။
EMG

No comments:

Post a Comment