Saturday, February 16, 2013

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပက်သက်၍စုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာကိုစောင့်ကြည့်ပေးပါရန်ဝမ်ပေါင်ကုမ္ပဏီမှမေတ္တာရပ်ခံ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ကို စောင့်ကြည့်ပေးပါရန် သတင်းမီဒီယာများနှင့် ဒေသခံပြည်သူများအား မေတ္ကာရပ်ခံကြောင်း ဇန်နဝါရီ ၂၈ ရက်တွင်  ဝမ်ပေါင်ကုမ္ပဏီ၏  ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

အဆိုပါကြေညာချက်တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ လက်ရှိပြဌာန်း ထားသော တရားဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊မြန်မာအစိုးရသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ၏ တရားဝင်အကျိုးစီးပွားကို ဥပဒေကြောင်းအရ ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုလည်း ယခင်အတိုင်း တက်တက်ကြွကြွဖြင့် စဉ်းစားချင့်ချိန်ကာ အကောင် အထည် ဖော်သွားလျက်ရှိပြီး လက်ရှိဖြစ်ပေါ်နေသော အငြင်းပွားမှုများကို ရင်းနှီးချစ်ကြည်စွာဖြင့် ညှိနှိုင်းဆွေးနွေး၍ ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဝင်ရောက်စစ်ဆေးမှု ပြုသည့်ကာလတွင် အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာမှုဖြင့် ပူးပေါင်းဆောင်ရွက်သွားခဲ့ပြီး ကော်မရှင်၏ နောက်ဆုံး ထွက်ရှိလာသော အစီရင်ခံစာသည် ကြေးနီစီမံကိန်း၏ စစ်မှန်သော အခြေအနေကို မျှတမှန်ကန်စွာ ဖော်ထုတ် သွားမည်ဟုလည်း ယုံကြည်ပါကြောင်း ကြေညာချက်၌ ထည့်သွင်းထားသည်။
ဒေသခံပြည်သူများ၊ သတင်းမီဒီယာအဖွဲ့များသည် မိမိတို့ကုမ္ပဏီနှင့် အတူတကွ  အေးဆေးတည်ငြိမ်စွာဖြင့် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက် ထွက်ပေါ်လာသည့်တိုင်အောင် စောင့် ကြည့်ပေးပါရန်နှင့် အစီရင်ခံစာနှင့် လမ်းညွန်ချက်များအပေါ် အလေး ထား လိုက်နာကြရမည်ဖြစ်ပါကြောင်း ဝမ်ပေါင်ကုမ္မဏီအနေဖြင့် အထူးရပ်ခံပါသည်ဟုလည်း  ဖော်ပြပါရှိသည်။
လက်ရှိပြုလုပ်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းခံရပါက မည်သို့လုပ်ဆောင်မည်နည်းဟု မေးမြန်းရာ အဆိုပါအခြေအနေမျိုးသို့ မျှော်လင့်ထားခြင်း မရှိကြောင်း မြန်မာဝမ်ပေါင် ရန်ကုန်ရုံး၏ Admin Manager ဦးမြင့်သိန်းက Eleven Media Group သို့ ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ ကြားဖြတ်အစီအရင်ခံစာကို  ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတထံသို့ တင်သွင်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment