Sunday, February 17, 2013

မြန်မာများ၊ ခွေးများ မ၀င်ရ

"အစ်ကိုကြီးရေ.. သတင်းထူးပါတယ်၊ သတင်းထူး" လို့ အော်ပြီး မနက်စောစောကြီး ရောက်လာသူ
ကတော့ တပည့်ကျော် မောင်ဆိတ်သိုးပေါ့ခင်ဗျာ။
"မင်းကလည်းကွာ၊ အခုမှ အိပ်ရာထစ ရှိသေးတယ်။ ငါက ကျန်းမာရေး ဂျာနယ်ထုတ်တာ။ ဘာ
သတင်းထူးမှ မလိုဘူး။ သတင်းဂျာနယ်တွေသာ အဲဒီ မင်းသတင်းထူးသွားပေးလိုက်"ဆိုပြီး ပြော
လိုက်တော့ မောင်ဆိတ်သိုးက မျက်နှာငယ်လေးနဲ့
"ဒီသတင်းက အစ်ကိုကြီးလက်နဲ့ရေးမှ ရမှာ။ သတင်း ဂျာနယ်တွေသွားပေးရင် ထူးမခြားနား ဇာတ်
ဖြစ်မှာစိုးလို့ အားကိုးတကြီးလာခဲ့တာ။ ပြီးတော့ဒီကိစ္စက အရေးကြီးတယ်။ ကျွန်တော်တို့နိုင်ငံမှာ
ကျွန်တော်တို့ လူမျိုးကို စော်ကားတဲ့ကိစ္စ ဖြစ်နေလို့" အဲဒီလို မောင်ဆိတ်သိုးပါးစပ်က မပြောစဖူး
ပြောလိုက်တော့ မာဂျေလည်း မျက်စိကျယ်သွားတယ်။
ဒါနဲ့ "ကဲ ဆိုစမ်းပါဦး၊ မင်းရဲ့ကိုယ့်လူမျိုးကိုစော်ကားခံရတဲ့ကိစ္စကြီး။ ငါတို့လူမျိုးကအစော်ကားခံနေ
ရတာကြာပါပြီ"
"ဒီလိုဗျ၊ အခု ကျွန်တော်တို့နိုင်ငံထဲကို နိုင်ငံခြားသားတွေ အတော်လာကြတယ်။ အဲဒီအထဲမှာ
ကိုရီးယားတွေ၊ ယိုးဒယား တွေ၊ ဂျပန်တွေက မဟုတ်မဟတ်တွေ လုပ်နေတာတွေ့လို့။ သူတို့က
ဒီမှာ အိမ်ကြီးကြီးတစ်လုံး ငှားတယ်ဗျာ။ ပြီးရင် သူတို့ဆီကလာတဲ့ တိုးရစ်တွေအတွက် အခန်းတွေ
ဖွဲ့ပြီး ငှားစားတယ်။ သူတို့ရုံး က သူတို့လူမျိုးစကားပြန်နဲ့ တစ်နိုင်ငံလုံး လျှောက်လည်တယ်ဗျာ။
သူတို့လူမျိုး ဖွင့်ထားတဲ့ဆိုင်တွေမှာ စားတယ်။ နောက်ဆုံးမတော့ ကျွန်တော်တို့နိုင်ငံမှာ သူတို့ ယိုခဲ့
တာတွေပဲ ကျန်ခဲ့တော့တယ်"
"အဲဒါက ဟိုတယ်ခရီးတို့၊ အခွန်ဦးစီးတို့၊ ကုမ္ပဏီမှတ်ပုံတင်ရုံးတို့နဲ့ ဆိုင်တယ် ထင်တာပဲ။ ပြည်တွင်း
က တိုးဂိုက်လို့ ခေါ်တဲ့ ခရီးသွားလမ်းညွှန်တွေကိုတော့ ဟိုလိုမ၀တ်ရ၊ ဒီလိုမ၀တ်ရ၊ ဟိုအခွန်ဆောင်၊
ဒီစည်းကမ်းလိုက်နာနဲ့၊ ပြည်ပကနေ ပြည်တွင်းကို တရားမ၀င်လာလုပ်နေ တဲ့သူတွေကိုတော့ ဖမ်းဖို့
ဆီးဖို့၊ အရေးယူဖို့ ဘာဥပဒေမှမရှိဘူး ထင်ပါတယ်ကွာ။ ဗိုလ်တထောင်ဘိုးဘိုးကြီးနတ်ကွန်းမှာ
ယိုးဒယားတိုးဂိုက်က သူ့လူမျိုးတွေကို ဘိုးဘိုးကြီးပွဲတင်ပေးနေတာတောင် ငါ တွေ့ဖူးတယ်။
အောင်မယ် တာဝန်ကျ ဘုရားလူကြီး ပွဲတင်ပေးတာထက်တောင် စနစ်ကျသေး"
"အဲဒီလိုလုပ်နေကြတော့ ဒီကောင် တွေက အိမ်ငှားခပဲပေးရတာလေ။ ကျန်တဲ့ငွေအားလုံး သူတို့
အိတ်ထဲ ရောက်ရုံမက ဟိုတယ်နဲ့ပတ်သက်တဲ့ အခွန်အခ တွေ၊ ကျွန်တော်တို့နိုင်ငံက မနာပေဘူး
လား။ ပြည်တွင်းက ခရီးသွားလမ်းညွှန် တွေ မနစ်နာပေဘူးလား"
"တော်စမ်းပါမောင်ဆိတ်သိုးရယ်၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေတောင် မသိချင်ယောင်ဆောင်နေ
တာ။ ငါတို့က အနေသာကြီး"
"ခင်ဗျားကြီးလို နိုင်ငံခြားသား ဘာလုပ်လုပ် အကောင်းထင်နေသူတွေကြောင့် တိုင်းပြည်က
ဗိုလ်ချုပ်ပြောသလို ဖာနိုင်ငံဖြစ်တော့မယ်"
"ဟေ့ကောင် တိုးတိုးပြော။ ငါတို့နိုင်ငံက ဖြစ်နေတာကြာပြီ။ ခုမှ တစ်ရေးလာနိုး မနေနဲ့"
"ဟမ်၊ အဲဒါ ခင်ဗျားကြီးတို့လို စာရေးဆရာတွေမှာ၊ မီဒီယာတွေမှာ တာဝန်ရှိတယ်လေ"
"ဘာဆိုင်လို့လဲ၊ အခုမီဒီယာတွေက ပိုက်ဆံရမယ့်သတင်း၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ဇာတ်နာမယ့်
သတင်းတွေပဲ ရေးနေကြတာကို။ အဲဒီလိုရေးမှလည်း တွက်ခြေကိုက်တာလေ"
"သွားပါပြီဗျာ၊ နိုင်ငံတော့ စုံးစုံးမြုပ်ပါပြီ"
"ငါ့လာမပြောနဲ့၊ တာဝန်ရှိသူတွေကို သွားပြော။ အင်အားကြီးပါတယ်ဆိုတဲ့ မီဒီယာတွေကို သွား
ပြော။ ငါက သူတို့ ဆီမှာ ကော်လံစားနဲ့ စာရေးနေရတဲ့ အဆင့်ပဲရှိတာ"
"ဒီထက်ဆိုးတာ ပြောစရာကျန်သေးတယ်။ အခု ရန်ကုန်မှာ မြန်မာမ၀င်ရ ဆိုတဲ့ စားသောက်ဆိုင်
တွေ၊ ဘားတွေ စဖွင့်နေကြပြီ"
"ဒါတော့ ဆိုးတယ်ဟေ့။ သူ့ကျွန်ဘ၀တုန်းက မျက်နှာဖြူတွေက ပဲခူးကလပ်မှာ မြန်မာများ၊ ခွေးများ
ဝင်ခွင့်မပြုဆိုပြီး ဆိုင်းဘုတ်ချိတ်ခဲ့လို့ အတော်ဆူသွားခဲ့ဖူးတယ်။ ကမ်းနားလမ်းက စထရင်းဟိုတယ်
မှာလည်း အရှေ့တိုင်းသားများတည်းခွင့်မပြုဆိုတဲ့စာကပ်ခဲ့ဖူးတယ်။ အခုက ကိုယ့်မင်းကိုယ့်ချင်း
နိုင်ငံလေ ကွာ။ ဒီလိုလုပ်လို့ ဘယ်ရမလဲ"
"လုပ်နေကြလို့ ပြောတာပေါ့ဗျ။ တစ်နေ့က ရွှေဂုံတိုင်မီးပွိုင့်နားရှိတဲ့ ဟိုတယ်အပေါ်ဆုံးက ဘားကို
သူငယ်ချင်းတစ် ယောက်နဲ့ ရောက်သွားတာ။ နိုင်ငံခြားသားမှ၊ ဒါမှမဟုတ် ဂျပန်စကားပြောတတ်မှ
ဝင်ရမယ်ဆိုလို့ စိတ်ဆိုးပြီး ပြန်လာခဲ့ရတယ်။ ပြီးတော့ ခန့်ထားတဲ့ ဘားမယ်လေးတွေက မြန်မာမ
ငယ်ငယ် ချောချောလေးတွေကို တစ်လသုံးသိန်း ပေး ခန့်ထားတယ်တဲ့။ ပြီးတော့ ဆိုင်အားလုံး ည
၁၁ နာရီ ပိတ်ရပေမယ့် မနက် ၂ နာရီအထိ ခပ်တည်တည်နဲ့ ဖွင့်နေသတဲ့။ ပိုင်ရှင်က နိုင်ငံခြားသား
တဲ့။
"ဒီသတင်းက ငါ့အတွက် အရေးကြီးသဟေ့"
"ဒီတော့ ခင်ဗျားကြီးက မြန်မာများ၊ ခွေးများ မ၀င်ရ ဇာတ်တစ်ပတ်လည်ခြင်းဆိုပြီး ရေးတော့မယ်
ပေါ့"
"မရေးပါဘူး၊ ဂျပန်စကားလေး ထမင်းစား ရေသောက်သင်ပြီး အဲဒီဘားက မြန်မာမလေးတွေ ဘယ်
လောက်ချောလဲသွားကြည့်မလို့။ စားပွဲထိုးကို သုံးသိန်း ပေးခန့်တယ်ဆိုကတည်းက..အဟေ ဟေ..
ဟေ"
"အောင်မယ်လေးဗျာ၊ ကျွန်တော့်မှာ တော့ ခင်ဗျားကို အားကိုးတကြီး ပြောလိုက်ရတာ"
"ဒီမယ် လူကလေး မောင်ဆိတ်သိုး၊ တာဝန်ရှိတဲ့သူတွေတောင် မသိတာလား၊ မသိချင်ယောင်
ဆောင်နေတာလား၊ ဘယ်သူနဲ့ ဘယ်လိုပိုင်လို့ ဒီလိုတွေ လုပ်နေကြမှန်းမသိဘဲ ရမ်းရေးလို့ မရပေ
ဘူး။ ငါက အမတ်လည်းမဟုတ်၊ တရားဥပဒေစိုးမိုးရေးမှာ တာဝန်ရှိတဲ့သူလည်းမဟုတ်၊ သတင်း
ဂျာနယ်ထုတ်ခွင့်ရသူလည်းမဟုတ်နဲ့ ဘာကောင်မှမဟုတ်ဘူး လေကွာ။ အဲဒီအစား ရောတိရောရာ
ငါလည်းပါ ဆိုသလို ဂျပန်စကားလေး သင်ပြီးသွားစားတာ၊ ဘားမယ်လေးတွေ နဲ့ ပရောပရည်လုပ်
တာကမှ အနေအစား ချောင်မလားလို့ပါ"လို့လည်း ပြောလိုက်ရော မောင်ဆိတ်သိုးက ဒေါသတွေ
ထွက်ပြီး ခင်ဗျားကြီးတို့လိုလူတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေတာ၊ လူမျိုး ပြုတ်တော့မှာဆိုပြီး
စိတ်ဆိုးတကြီးနဲ့ ပြန်သွားလေရဲ့။
နို့ မာဂျေပြောတာ ဘာမှားလို့လဲဗျာ။ ကိုယ်က ဘာမှလုပ်လို့ရတဲ့ကောင်မှ မဟုတ်တာ။ မီဒီယာက
နေ ရေးပြနေတော့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက အဖက်လုပ်ပြီး ဘာများအရေး တယူ
လုပ်လို့လဲ။ အသက်ကြီးမှ သူများအမုန်းတော့ မခံနိုင်ပေါင်ဗျာ။

မြန်မာ့တိုင်းမ်
http://www.myanmar.mmtimes.com/index.php/features/3096-2013-01-10-07-29-24.html

1 comment:

  1. အစိုး၇အဖွဲအစည်းဖြစ်ဖြစ် နိုင်ငံေ၇းအဖွဲံဖြစ်ဖြစ် အားလုံ့းဖြစ်ဖြစ်တိုင်း၇င်းသား
    မြန်မာနိုင်ငံသားစစ်စစ်တွေဘ၀တွေ ခေါင်းပုံဖြတ်လူံအခွင်ံေ၇းတွေဆုံး၇ျုံးစေ၇င်
    တောံ့ ပြည်ထောင်စုပြိုကွဲအောင်လုပ်တာဖြစ်တဲံအတွက်ကြောင်ံို့င်ငံတော်ပုန်ကင်္န်
    မူပြစ်မူကျုးလွန်ခြင်းမိုံ့ ပြင်းထန်တဲ့ပြစ်ဒဏ်ခံ၇မှာပဲ ပြစ်ဒဏ်ခံ၇အောင်မျိုးချစ်စိတ် ပြည်ံ့နဲ့တိုင်းပြည်ခေါင်းဆောင်ဥိးသာမြန်မာနိုင်ငံသားစစ်စစ်(တိုင်း၇င်းသား)တွေီကောင်းကျိုးပြုပေးတဲ့ခေါင်းဆောင်ကိုပဲအမြန်အားပေးမွှါပါ။

    ReplyDelete