Tuesday, February 19, 2013

မိုဘိုင်းဆင်းကတ် ပျောက်ဆုံးခြင်းအတွက် ဆောင်ရွက်ရာတွင် နယ်မြို့များ၌ အချိန်ကြန့်ကြာမှုများ ရှိနေ

မိုဘိုင်းဖုန်းဆင်းကတ် ပျောက်ဆုံးသူများအနေဖြင့် ဆင်းကတ်အသစ် ပြန်လည်လျှောက်ထားရာတွင် နယ်မြို့များ၌ ကြန့်ကြာမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။
''ကျွန်တော့်ဆင်းကတ် ပျောက်သွားတာ အသစ်ပြန်ရဖို့ တစ်လနီးပါးလောက်ထိ စောင့်လိုက်ရတယ်။ဆင်းကတ်ပျောက်ရင် ကျပ်နှစ်သောင်းလို့
သတ်မှတ်ထားပေမယ့် ကျပ်သုံးသောင်းလောက် ကုန်ကျသွားပါတယ်။ဒီတစ်လလောက်အတွင်းမှာ ဖုန်းဆက်သွယ်မှု လုပ်လို့မရတော့ တော် တော် အခက်တွေ့ပါတယ်''ဟု သထုံမြို့နယ်မှ သုံးစွဲသူတစ်ဦးက ကြုံတွေ့ခဲ့ရပုံကို ပြောပြခဲ့သည်။
''ဖုန်းပျောက်သွားလို့ ရွှေဂုံတိုင်ရုံးမှာ ကိုယ်တိုင် သွားလုပ်ဖြစ်တယ်။ဖုန်းဆင်းကတ် အသစ်ပြန်ထုတ်ပေးတာရော၊အင်တာနက် လျှောက်တာအတွက်ပါ နေ့ချင်းပြီး အမြန်စနစ် ဖြစ်လာတယ်။ရက်အကြာကြီး မစောင့်ရတော့လို့ အဆင်ပြေတယ်။ဆင်းကတ်ပျောက်တာအတွက်လည်း သတ်မှတ်ထားတဲ့အတိုင်း ကျပ်နှစ်သောင်းပေးရတယ်''ဟု ရန်ကုန်မြို့တွင် ဆင်းကတ်ပျောက်၍ သွားရောက်ခဲ့ရသူတစ်ဦးက ပြန်လည်ပြောပြခဲ့သည်။
လက်ရှိ သတ်မှတ်ထားသော နှုန်းထားအရ မိုဘိုင်းဖုန်းဆင်းကတ် ပျက်စီးခြင်းများအတွက် အခမဲ့ဖြစ်ပြီး ဆင်းကတ်ပျောက်ဆုံးခြင်းများအတွက်မူ ကျပ်နှစ်သောင်း သတ်မှတ်ထားသည်။မကြာမီကာလအတွင်း ဖုန်းဆင်းကတ်များကို ဈေးနှုန်းလျှော့ချ၍ ရောင်းချရန် စီစဉ်လျက်ရှိရာ ယခုသတ်မှတ်ထားသော နှုန်းထားများမှာ ပြန်လည် ပြင်ဆင်ဖွယ်ရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment