မြန်မာနိုင်ငံကနေ လာရော က်
စီးပွားရှာစားတဲ့သူေ တွက ဈေးဆိုင်ရောင်းသူ၊ အထည်ချုပ်စက်ရုံ အစရှိတဲ့
စက်ရုံတွေမှာ အလုပ် လုပ်သူ၊ ဈေးဆိုင်တွေမှာ အရောင်းဝန်ထမ်းလုပ်သူ
အစရှိသဖြင့် အစုံအလင်ရှိကြပါ တယ်။
မြန်မာတွေ အများစုရှိတာကြောင့် မြန်မာဆိုင်၊ မြန်မာ အစားအသောက်တွေ ရောင်းဝယ်ဖောက်ကားမှု လည်း မြန်မာနိုင်ငံ အတိုင်းပါဘဲ။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာ စားသောက်ဖွယ်ရာတွေကတော့ အလျှံပယ်ပါဘဲ။ ဒီအထဲက ရန်ကုန် အလွမ်းပြေ မဲဆောက်ဈေးကြီးထဲက မဖြူရဲ့ ၀က်သား တုတ်ထိုးဆိုင်ကလည်း မြန်မာတွေအတွက် စုရပ် တခုလိုဖြစ်နေတာပါ။
မဲဆောက်ဈေးထဲက မဖြူဝက်သား တုတ်ထိုးဆိုင်
မဖြူကတော့ ထိုင်းနိုင်ငံကို ရောက်လာတာ ၄ နှစ်ကျော်တောင် ရှိပေမယ့် ထိုင်းစကားကိုတော့ ကောင်း
ကောင်း မပြော တတ်ပါဘူးတဲ့။
သူက စက်ရုံအလုပ်သမဘ၀နဲ့ မဲဆောက်မြို့မှာ သူ့ဘ၀ကို စတင်ရုန်းကန်ခဲ့ရင်း ပျဉ်းမနားဘက်က အမျိုးသားနဲ့ တွေ့ဆုံခဲ့ပြီး အိမ်ထောင်ကျခဲ့ပါတယ်။
သူ့အမျိုးသားရဲ့ လမ်းဘေးမှာ အထမ်းနဲ့ရောင်းတဲ့ ၀က်သားတုတ်ထိုးဆိုင် ဘ၀ကနေ အခုတော့ သူတို့ဟာ မဲဆောက်မြို့ ထဲက ကုန်ဆိုင်ကြီး တခုရှေ့မှာ ဘတ် ၉ ထောင် တန် လှည်းတစီးနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အခုလို ရောင်းနိုင်တဲ့ဘ၀ ရောက်ခဲ့ပါတယ်တဲ့။
ကောင်း မပြော တတ်ပါဘူးတဲ့။
သူက စက်ရုံအလုပ်သမဘ၀နဲ့ မဲဆောက်မြို့မှာ သူ့ဘ၀ကို စတင်ရုန်းကန်ခဲ့ရင်း ပျဉ်းမနားဘက်က အမျိုးသားနဲ့ တွေ့ဆုံခဲ့ပြီး အိမ်ထောင်ကျခဲ့ပါတယ်။
သူ့အမျိုးသားရဲ့ လမ်းဘေးမှာ အထမ်းနဲ့ရောင်းတဲ့ ၀က်သားတုတ်ထိုးဆိုင် ဘ၀ကနေ အခုတော့ သူတို့ဟာ မဲဆောက်မြို့ ထဲက ကုန်ဆိုင်ကြီး တခုရှေ့မှာ ဘတ် ၉ ထောင် တန် လှည်းတစီးနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အခုလို ရောင်းနိုင်တဲ့ဘ၀ ရောက်ခဲ့ပါတယ်တဲ့။
“ဒီမှာ ဒီလိုရောင်းဖို့ ကျမတို့မှာ လိုင်စင်ဆိုတာ မရှိဘူး။ ဒါပေမယ့် ဒီလိုဘဲ ဆိုင်တွေက တလကို ဘတ် ၃၀၀ နှုန်းနဲ့ ရဲကို ပေးရတယ်။ နောက် ဒီဆိုင်ရှေ့ရောင်းခွင့်ရဖို့ကလည်း တလ ၂ ထောင်ပေးရတယ်” လို့ မဖြူက ဆိုပါတယ်။
ဒီလို ၀က်သားတုတ်ထိုးရောင်းပြီး မနှစ်ကတော့ မြန်မာပြည်ကို ပြန်ပြီး အလှူလည်း လုပ်နိုင်ခဲ့ပါသေး တယ်တဲ့။ အခုတော့ မဖြူလည်း မြန်မာပြည်ပြန်ဖို့ စဉ်းစားနေပါသတဲ့။
“ကျမလည်း အမျိုးသားနဲ့ တိုင်ပင်တာ က မြန်မာပြည်ပြန်ဖို့လေ။ ဟိုမှာက ဒီလောက် ပိုက်ဆံ မရဘူး ဆိုပေ မယ့် မိသားစုနဲ့ နီးနီးကပ်ကပ်နေ ရတယ်။ ကိုယ်လည်းဈေးရောင်းစားတတ်တာဘဲလေ။ ပိုက်ဆံရှာရတာ ဒီမှာလောက် ၀င်ငွေ မများပေမယ့် ပြန်ချင်တယ်။ ကိုယ့်တိုင်းပြည်ဆိုတော့ ဒီမှာလို စိုးရိမ်စိတ်နဲ့ မနေရ ဘူးလေ”လို့ မဖြူက ပြောပါတယ်။
ထိုင်းရဲကို တလ ဘတ် ၃၀၀ ပေးပြီး မဲဆောက်မြို့က ကွမ်းယာရောင်းနေသူ
မဖြူရဲ့ ၀က်သား တုတ်ထိုးဆိုင်လိုဘဲ မြန်မာတွေက ကွမ်းယာ၊ ကြက်သားလုံးကင်၊ ထမင်းဆိုင်၊ မုန့်ဟင်းခါး၊ ပဲပလာတာ၊ နံပြား၊ အီကြာကွေး စတဲ့ မြန်မာပြည်က ဈေးလာရောင်းတဲ့သူတိုင်း ဒီလိုပဲ ထိုင်းရဲတွေကို တလ ဘတ်ငွေ ၃၀၀ ပေးပြီး ဈေး လာရောင်းကာ လုပ်ကိုင်စားသောက်နေကြတာပါ။
ဆိုင်တွေမှာ အရောင်ဝန်ထမ်း လုပ်ရတာကလည်း စာရိတ်ငြိမ်း တလမှ ဘတ်ငွေ ၂၀၀၀ ပတ်ဝန်းကျင်ဘဲ ရကြတာပါ။
မြန်မာပြည်က ကုန်ပစ္စည်းတွေဘဲ ရောင်းချနေတဲ့ မဲဆောက် ဈေးထဲက မြန်မာဆိုင်
မဲဆောက်မြို့က မြန်မာတွေဟာ အလွှာအသီးသီးပါဘဲ။ မဲဆောက်က မြန်မာတွေထဲမှာ ကုန်ထမ်းသူတွေ လည်း ရှိသလို ပွဲစားတွေလည်း ရှိတယ်။ အရမ်းဆင်းရဲလွန်းပြီးပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရသူတွေ ရှိသလို စက်ရုံပိုင်ရှင်၊ ကုန်သည်ကြီးတွေလို ချမ်းသာသူတွေလည်း ရှိကြပါတယ်။
သေချာတာကတော့ မဲဆောက် ကတော့ မြန်မာရနံ့ တွေ သင်းကြိုင်နေတာကတော့ အမှန်ပါဘဲ။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း တခု ထဲမှာလည်း နေထိုင်ဘူးပြီး ခုတော့
မဲဆောက်ဈေးထဲမှာ ဒီလို ထိုင်းရဲကို ဘတ် ၃၀၀ ပေးပြီး
ဆိုင်လေးဖွင့်ရောင်းစားနေတယ်။
ဧရာဝတီ
No comments:
Post a Comment