Tuesday, February 19, 2013

၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားခဲ့သော မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ်လူသတ်မှု လက်ရှိအချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက် ၃၀ ကျော်ခန့်သာ စစ်ဆေးပြီးဖြစ်ကြောင်းသိရ

w1-19-2-3၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က မျက်နှာဖုံးစွပ်လူအုပ်စုမှ ကိုကျော်မင်းအား သတ်ဖြတ်ခဲ့သော အခင်းဖြစ်ပွားရာ ဘီယာဆိုင်အားတွေ့ရစဉ်
မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှာ တစ်နှစ်နှင့် သုံးလကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုလက်ရှိ အချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက် ၃၀ကျော်ခန့်သာ စစ်ဆေးပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ  ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ ည၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ ရှိနေစဉ် ကျော်မင်းလားဟုမေးကာ လူငါးယောက်မှ ဓားများဖြင့် ၀ိုင်းဝန်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှအပြင်သို့ တိမ်းရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျက်ရှိသော လူများက ထပ်မံခုတ်သတ်ခဲ့ကြောင်း  ရဲမှုခင်းစစ်ချက်များအရ သိရသည်။
ယင်းအမှုကို မြောက်ဥက္ကလာပ ရဲစခန်းမှ (ပ) ၅၂၄/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး တရားခံဟု ယူဆရသူ ၂၃ဦးအား ၂၀၁၁ ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားလိုပြ သက်သေများအား စတင် စစ်ဆေးခဲ့ပြီး လုံခြုံရေးအင်အား လိုအပ်ချက်များ ရှိသောကြောင့် မြောက်ပိုင်းခရိုင်တရားရုံးသို့ လွှဲပြောင်းစစ်ဆေးနေကြောင်း သိရသည်။
အဆိုပါအမှုကို မြောက်ပိုင်းခရိုင်တရားရုံးမှ ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် တရားလိုပြသက်သေများအား ထပ်မံစစ်ဆေးမည်ဟု သိရသည်။
EMG

No comments:

Post a Comment