Tuesday, February 19, 2013

ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၁၁/၂၀၁၃)

၁၃၇၄ ခုနှစ် ၊ တပို့တွဲလဆန်း ၉ ရက်

(၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၉ ရက်)

ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဝင်းမြင့်အား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။



(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment