Tuesday, February 5, 2013

အက်ဖ်ဘီအိုင်အဖွဲ့ဝင်များက မြေအောက်ကတုတ်ကျင်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့




w1-5-2-2ကလေးငယ် ဖမ်းဆီး ထိန်းသိမ်းခံထားရပုံအနေအထား သရုပ်ပြပုံ
အက်ဖ်ဘီအိုင်အဖွဲ့ဝင်များသည် မြေအောက် ကတုတ်ကျင်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု အယ်လာဘားမားပြည်နယ် မစ်ဒလန်းစီးတီးမြို့တွင် ပြန်ပေးဆွဲသူ လီးဒိုက် (၆၅ နှစ်) နှင့် စေ့စပ်ညှိနှိုင်းမှု ပျက်ပြားသွားပြီးနောက် အက်ဖ်ဘီအိုင်က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သီတင်းတစ်ပတ်ကြာ လိပ်ခဲတည်း လည်း အနေအထားကို အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အက်ဖ်ဘီအိုင် ကယ်ဆယ်ရေးအဖွဲ့သည် ရွေးချယ်စရာ လမ်းမရှိတော့သဖြင့် လီးဒိုက်၏ နေအိမ်ဝင်းအတွင်းရှိ မြေအောက် ကတုတ်ကျင်းအတွင်းသို့ အင်အားသုံး ၀င်ရောက်ကာ အီသန် အမည်ရှိ ကလေးငယ်ကို ကယ်ထုတ်ခဲ့ရခြင်း ဖြစ်သည်။
ပြန်ပေးဆွဲသူသည် သေနတ်တစ်လက်ကို ကိုင်ဆောင်ထားပြီး သူ၏ စိတ်အခြေအနေမှာလည်း ပိုမိုဆိုးရွားလာကြောင်း မြေအောက် ကတုတ်ကျင်းအတွင်းသို့ လျို့ဝှက်စွာ ထည့်သွင်းလိုက်သည့် စောင့်ကြည့်ရေး ဗီဒီယိုကင်မရာမှတစ်ဆင့် သိရှိခဲ့ရကာ ကလေးငယ်၏ လုံခြုံရေး အခြေအနေမှာ လွန်စွာ စိုးရိမ်ဖွယ် အနေအထားသို့ ရောက်ရှိနေခဲ့သောကြောင့် ဒေသစံတော်ချိန် မွန်းလွဲ ၃း၁၂ နာရီတွင် သက်ဆိုင်ရာ အာဏာပိုင်များက ၀င်ရောက်စီးနင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ စီးနင်းတိုက်ခိုက်ရာတွင် လီးဒိုက် သေဆုံးခဲ့သော်လည်း သူ သေဆုံးရပုံ အချက်အလက် အသေးစိတ်ကို သက်ဆိုင်ရာက ထုတ်ပြန်ခြင်း မရှိသေးပေ။
အီသန်ဟုသာ အမည်ဖော်ပြသော ကလေးငယ်ကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရထားမှုများ မရှိသော်လည်း နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးကာ ဆေးဝါးကုသမှုများ ခံယူစေခဲ့သည်။ ကလေးငယ်သည် အော်တစ်ဇင်ရောဂါ အငယ်စားတစ်မျိုးနှင့် ဆက်နွှယ်နေသော အက်စ်ပါဂျားစ် ဆန်ဒရုမ်းဟုခေါ်သည့် စိတ်ရောဂါတစ်မျိုး ရှိကြောင်း သိရသည်။
လီးဒိုက်သည် ကလေးငယ်ကို ဇန်န၀ါရီလ ၂၉ ရက်နေ့ကတည်းက ၆x၈ ပေ အတိုင်းအတာရှိ မြေအောက် ကတုတ်ကျင်းအတွင်း ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ လီးဒိုက်သည် ထိုနေ့က အီသန်လိုက်ပါလာသော ကျောင်းကြိုပို့ ဘတ်စ်ကားမှ  ယာဉ်မောင်း ချားလ်စ်ပိုလန်ကို ပစ်သတ်ကာ အီသန်ကို မြေအောက် လေးပေအနက်ရှိ မြေအောက် ကတုတ်ကျင်းအတွင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref: Daily Mail
EMG

No comments:

Post a Comment