Tuesday, February 5, 2013

ဘဏ်ဖောက်ခံရသည့် သတင်း ရိုးမဘဏ်ငြင်း


အွန်လိုင်း စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ရိုးမဘဏ် ဖောက်ထွင်းခံရသည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန် ပင်မ ရိုးမဘဏ် ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရာ "အခု အချိန်အထိ ဘာမှ မကြားသေး ပါဘူး ဒီသတင်းကို ကျွန်မတို့အတည်မပြုနိုင်ပါဘူး " ဟု ပြောကြားသည်။



ရိုးမဘဏ်အနေဖြင့် ယခင်က ငွေလွှဲလုပ်ငန်းများကိုသာဆောင်ရွက်ခဲ့ပြီး လက်ရှိ တွင် ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ငန်းများကို အပြည့်အ၀ပြန် လည်ဆောင် ရွက်နေသည့် ပုဂလိက ဘဏ်တစ်ခုဖြစ်သည်။ ရှမ်းပြည်နယ်ရှိ မူဆယ် ၊လားရှိုး၊အောင်ပန်း၊ကျောက်မဲ စသည့် မြို့များတွင် ဘဏ်ခွဲများဖွင့်လှစ်ထားကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment