Saturday, February 9, 2013

ဂျပန်လေပိုင်နက် အတွင်းသို့ ရုရှားတိုက်လေယာဉ်နှစ်စီး ကျူးကျော်ဝင်ရောက်ခဲ့ဟု ဂျပန်အစိုးရ၏ ကြေညာချက်အား ရုရှားငြင်းဆို



နှစ်နိုင်ငံ အငြင်းပွားလျက်ရှိသော ကူရိုင်းကျွန်းစုနှင့် ဟော့ကိုင်းဒိုးကျွန်း မြောက်ပိုင်းအနီး ဂျပန် လေပိုင်နက်ထဲသို့ ဖေဖော်ဝါရီလ ၇ ရက်က ရုရှားတိုက်လေယာဉ်နှစ်စီး ၀င်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကူရိုင်းကျွန်းစုအနီး စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည် မှအပ မည့်သည့် ကျူးကျော်ဝင်ရောက်မှုမျှ မရှိဟုဆိုကာ ယင်းထုတ်ပြန်ချက်အား ရုရှားက ငြင်းဆိုခဲ့သည်။
ယင်းသို့ ရုရှား၏ ဆူခွိုင်း-၂၇ တိုက်လေယာဉ်နှစ်စီးက အချိန် တစ်မိနစ်ကျော်ကြာမျှ ပိုင်နက် ကျူးကျော် ၀င်ရောက်ခဲ့ပြီးနောက် ဂျပန် လေတပ်တိုက်လေယာဉ်များကို ဖြန့်ကြက်ပျံသန်း စေခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ ယိုရှီဟီဒဲ ယိုရှီဒါက ပြောကြားခဲ့သည်။ ယင်းသို့ ကျူးကျော်မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း သို့မဟုတ် မတော်တဆ ဖြစ်ပွားခဲ့ခြင်း ဟုတ်မဟုတ်ကိုမူ မသိရသေးကြောင်း ယိုရှီဒါက ပြောကြားခဲ့သည်။
ဒုတိယ ကမ္ဘာစစ်နောက်ဆုံး နေ့ရက်များအတွင်း ဆိုဗီယက် ပြည်ထောင်စုက သိမ်းပိုက်ခဲ့သော အဆိုပါ ကူရိုင်းကျွန်းစုအား ပြန်လည် ပေးအပ်ရန် တိုက်တွန်းသည့် အနေဖြင့် သတ်မှတ်ထားသော မြောက်ပိုင်း ပိုင်နက်နယ်မြေနေ့ နှစ်ပတ်လည် လှုံ့ဆော်စည်းရုံးမှုများအား ဂျပန်တွင် ကျင်းပနေချိန်၌ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဟော့ကိုင်းဒိုးကျွန်း အနောက်မြောက်ပိုင်း အနီးသို့ ကျူးကျော် ၀င်ရောက်ခဲ့ခြင်းကလည်း အဆိုပါ မြောက်ပိုင်း ပိုင်နက်နယ်မြေနေ့နှင့် သက်ဆိုင်မှု ရှိမရှိကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးချေ။
EMG

No comments:

Post a Comment